အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Sunday, August 17, 2014

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

       
        အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။
Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုးကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်းတပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။
ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။
ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ ရိုက်ခတ်မှုနှင့် တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန် အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။
Google ၏ ဖိုင်ဘာကြိုးများအတွက် အကာအကွယ်ပေးမည့် ကက်ဗ်လာသားကို DuPont ကုမ္ပဏီက တာဝန်ယူ ဖန်တီးပေးသည်။ ဖိုင်ဘာလိုင်းများသည် တစ်စက္ကန့်လျှင် Data ပမာဏ 1GB မျှထိ ပို့ဆောင်ပေးနိုင်ပြီး သမားရိုးကျ ကြေးနီကြိုးလိုင်းများထက် မြန်နှုန်း အဆ(၁၀၀)ခန့် သာလွန်သည်။ အဆိုပါ ကြေးနီကြိုးလိုင်းများကိုမူ ငါးမန်းများက ကိုက်ဖြတ်လေ့ မရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Credited By-
7Day News Journal

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...