အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Friday, August 31, 2012

ညီမလေးဖတ်ဖို့ (၃)

ညီမလေးဖတ်ဖို့ (၃)




သို့

ညီမလေးရေ...

အခုရက်ပိုင်းအတွင်းမိုးကလည်းမစဲတော့ပဲ သည်းသည်းမဲမဲကို ရွာနေတော့တာပဲကွယ် ။ ဒီတစ်ညလုံး ထုံးစံ အတိုင်းပေါ့ မိုးကတဖွဲဖွဲလေး ရွာနေပြန်တယ်လေ ။ မိုးတွေရွာနေလို့ ကောင်းကင်ကြီးက မဲမှောင်မှိုင်း ညှို့နေ ပေမယ့် လမင်းကြီးကိုတော့ ရေးရေးလေး တွေ့နေရတယ်ကွဲ့ ။ေ၀၀ါးနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်း ညီမလေး အတွက် စာတစ်စောင်ကိုရေးလိုက်ပါတယ် ။ ဒီတစ်ခါ ပထမဆုံးပြောချင်တာကတော့ မိန်းကလေး တွေသိသင့်တဲ့ ယောင်္ကျားအမျိုးအစားတွေပေါ့ကွယ် ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို ယောင်္ကျား အမျိုး အစားတွေလည်း အများကြီးရှိသကွဲ့ ။ အကြမ်းဖျင်းအားဖြင့် ၄ မျိုးရှိတယ်လို့ မှတ်ထားလိုက်ပါ ညီမလေး ။

၁ ။ ခြင်္သေ့ကဲ့သို့ ယောင်္ကျား

အရမ်းကိုပဲ တည်ကြည်ရဲဝံ့ပြီး မိမိအပေါ် နှစ်နှစ်ကာကာ ချစ်ခင်လေးစားလေ့ရှိတယ် ။ အန္တရာယ်တစုံတရာ အသက် ဘေးနဲ့ကြုံတွေ့တာတောင်မှ ဘယ်တော့မှ သစ္စာမဖောက်ပဲ မိမိကြင်သူအပေါ် အသက်စွန့်ပြီး ကာကွယ် ပေးလေ့ရှိတယ် ။ ယောင်္ကျားဝတ္တရားငါးပါးနဲ့ အညီနေထိုင်သလို မိမိရဲ့ပါရမီဖြည့်ဖက်အပေါ် လေးနက် တည်ကြည်တဲ့စိတ်ထားရှိသူပေါ့ကွယ် ။ ညီမလေးသာ အဲဒီလို ယောင်္ကျားမျိုးနဲ့ဆုံတွေ့ခဲ့ရရင် တစ်သက်လုံး လက်တွဲ မဖြုတ်ပဲ ခိုင်ခိုင်မြဲမြဲ လက်တွဲလိုက်ပါ ။ ညီမလေးအကျိုးကိုသာ လိုလားတဲ့ ယောင်္ကျားမြတ် အမျိုးအ စားဖြစ်ပါတယ် ။

၂ ။ မျောက်ကဲ့သို့ ယောင်္ကျား

ဒီလို ယောင်္ကျားမျိုးဟာ မျောက်လို့ ဆိုသကဲ့သို့ အငြိမ်မနေတတ်ပေဘူး ညီမလေးရေ ။ မျက်လုံးကလည်း အလွန်ကစားပြီး တစ်ကိုင်းပြီးတစ်ကိုင်းသာရာကို ကူးလေ့ရှိတယ် ။ မိန်းကလေးတစ်ယောက်ကို အတည်တကျ တွဲလိုတဲ့ စိတ်ထားမရှိပဲ ချောတဲ့နောက် ကောက်ကောက်ပါအောင်လိုက်လေ့ရှိတယ် ။ ကိုယ်က ဘယ်လောက်ပဲ သစ္စာရှိရှိ သူကတော့ အမြဲတမ်း သစ္စာဖောက်နေမှာပါပဲ ။ ဒီလို ယောင်္ကျားမျိုးနဲ့ဆုံဆည်းရရင်တော့ ဝေးဝေးက ရှောင်ပေတော့ ညီမလေးရေ ။

၃ ။ မြေခွေးကဲ့သို့ယောင်္ကျား

Wednesday, August 29, 2012

ညီမလေးဖတ်ဖို့ (၂)

ညီမလေးဖတ်ဖို့ (၂)



သို့

ညီမလေးရေ...

မိုးတွေကလည်း အုံ့အုံ့သည်းသည်း ကောင်းကင်တခွင်လုံး မှောင်မှိုင်းညှို့လို့....။ မိုးစက်သံတွေ တဖြောက် ဖြောက်ကိုငေးရင်း ညီမလေးအတွက် စာတစ်ပုဒ်ကို ရေးလိုက်ပါတယ် ။ တို့တွေနေထိုင်တဲ့ လောကကြီးက တခါတ ခါတော့လည်း ရီချင်စရာ အကောင်းသားကွဲ့ ။ ဖြစ်ချင်တဲ့ ဘ၀မှာထက် ဖြစ်နေတဲ့ ဘ၀မှာပဲ အသား ကျစီးမျောနေရသူတွေ ကိုယ်သွားချင်နေတဲ့လမ်းထက် သွားသင့်တဲ့လမ်းကို ရွေးချယ်လိုက်ရသူတွေ အို... ဒုနဲ့ဒေးပေါ့ ။ အဲဒီလို ထော်လော်ကန့်လန့်နဲ့ ဘ၀ဆိုတဲ့ အင်္ကျီကြီး ၀တ်ပြီး ခပ်တည်တည် ချီတက်နေကြတဲ့ လူသား တွေထဲမှာ တို့တွေလည်း အပါအ၀င်ပေါ့ ။ အခုဆို ညီမလေးဟာ အသက် ၂၀ ၀န်းကျင်ဆိုတော့ လောက ကြီးအကြောင်း ဘာမှမသိသေးတဲ့ သူငယ်နှပ်စားလေး တယောက်မဟုတ်သလို လောကကြီးအကြောင်း နောကြေ အောင်သိတဲ့ လူကြီး တစ်ယောက်လည်း မဟုတ်ပြန်ဘူး ။ ဒါပေမယ့် ဒီအရွယ်ဆိုတာ လောကမှာ ဘယ်လို ခံယူချက်တွေကို လိုက်နာ ကျင့်သုံးရမလည်းဆိုတဲ့အတွေးတော့ စပြီးကိန်းဝပ်နေသင့်ပြီပေါ့ ။

လောကကြီး ဟာ တကယ်တော့ ပဉ္စလက်ဆန်တယ် ညီမလေးရေ ။ မျက်လှည့်ပြတာလည်း သိပ်ကို ကျွမ်းကျင်ပေါ့ ။ တခဏလေးအတွင်းမှာပဲ အရမ်းချမ်းသာတဲ့ လူတစ်ယောက်ကို ၀ုန်းကနဲ ဆင်းရဲသား လေး ဖြစ်အောင် ဆင်းရဲသားလေးတစ်ယောက်ကို ၀ုန်းကနဲ ချမ်းသာသွားအောင် ကျန်းမာနေတဲ့ လူတစ်ယောက်ကို စက္ကန့်ပိုင်း အတွင်း ရောဂါတွေ ဖိစီးလာအောင် သူကစွမ်းဆောင်ပေးနိုင်တယ် ညီမလေး.. ။ ဒါ့ကြောင့် တချို့ကပြောတာပေါ့ ။ လောကကို အရွဲ့မတိုက်နဲ့ လောကအမှန်တရားဆိုတာ ရှိတယ်တဲ့ ။ စိတ်ထားကောင်းပြီး ခံယူချက်မှန်တဲ့ လူကို လောကတရားက စောင့်ရှောက်လေ့ရှိသလို စိတ်ထားယုတ်ညံ့ပြီး ခံယူချက်မမှန်တဲ့ လူကို လောကတရားက ဒါဏ်ခတ်လေ့ရှိတယ် ။ အဲဒီသဘောတရားနဲ့ ပတ်သတ်ပြီး ညီမလေးကို အကိုဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ် ။ နား မျက်စိနဲ့ ခံစားတာထက် နှလုံးသားနဲ့ ခံစားပေးပါညီမလေး ။

Tuesday, August 28, 2012

ညီမလေးဖတ်ဖို့ (၁)

ညီမလေးဖတ်ဖို့ (၁)




သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့

မျက်လုံးတစ်လုံးပဲရှိတဲ့ အမေ

အမေ့မှာ မျက်လုံးတစ်လုံပဲရှီတယ် ။ ကျွန်တော် အမေ့ကို မုန်းတယ် ကျွန်တော့်အတွက်တော့အမေဟာ ရှက်စရာ ပါ ပဲ အမေက ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအဖို့ ထမင်းချက်ကျွေးရတဲ့ ထမင်းချက် တစ်ယောက်ပေါ့ အဲဒီဝင်ငွေနဲ့ပဲ မိသားစုကို အမေ ထောက်ပံ့ပေးထားတယ် ။

ကျောင်းတွေပိတ်ပြီးပထမဆုံကျောင်းပြန်ဖွင့်တဲ့ရက်တစ်ရက်မှာပေါ့ ။ အမေက ကျောင်းကို လာပြီး ကျွန်တော့်ကို သားလေး လို့ နှုတ်ဆက်တယ် ။ ကျွန်တော်ရှက်လိုက်တာ ဗျာ --- ။

ဘာလို့ အမေကျွန်တော့်ကို အဲဒီလိုဆက်ဆံရတာလဲ ။ ကျွန်တော်အမေ့ကို မေ့ထားချင်တယ် အမေ့ကို ကျွန်တော် မုန်းတီးစွာကြည့်ပြီးထွက်ပြေးခဲ့တယ် ။ နောက်ရက်ကျောင်းကိုရောက်တော့ သူငယ်ချင်းကပြောတယ် “ ဟီး မင်းအမေက မျက်လုံးတစ်ဖက်ပဲရှိတယ်နော် ”

ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တယ် ။ အဲဒီလိုပဲ အမေ့ကို လည်းလောက ကြီးထဲ ကနေ ပျောက် ကွယ်သွားစေချင်တယ် ။ တစ်နေ့ ကျွန်တော် အမေ့ရှေ့ရပ်ပြီးအမေ့ကိုပြောခဲ့တယ် ။

“ အမေကျွန်တော့်ကို ဒီလိုလူတွေရယ်စရာဖြစ်အောင်လုပ်နေရင် - - -အမေဘာလို့ မသေနိုင်သေးတာလဲ ”

အမေ က ကျွန်တော့်ကို ဘာမှမတုန့်ပြန်ခဲ့ဘူး ။ တစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော် ဘာပြောမိသလဲ ဆို တာမ သိတော့ သလို အဲဒီတစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော့်အတွေးတွေကိုမရပ်တန့်နိုင်ခဲ့ဘူး ။ ဘာကြောင့် လည်း ဆိုတော့ ကျွန်တော့်မှာဒေါသတွေပြည့်နှက်နေခဲ့တယ် ။ အမေဘယ်လိုခံစားသွားရသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ဘူး ။

ကျွန်တော်အိမ်ထဲကနေ အပြင်ထွက်ချင်ခဲ့တယ် အမေနဲ့လည်း ဆက်ပြောစရာဘာမှမရှိတော့ပါဘူး ။ ဒါကြောင့် နောက် ရက်တွေမှာ ကျွန်တော်စာကိုပြင်းထန်စွာကြိုးစားခဲ့ပြီး နိုင်ငံခြားမှာ ပညာတော် သင်သွား ရအောင် ကြိုးစားခဲ့တယ် ။

အဲဒီနောက် ကျွန်တော်အိမ်ထောင်ကျခဲ့တယ် ။ ကျွန်တော့်ဘာသာ အိမ်တစ်လုံးဝယ်ခဲ့တယ် ။ သားသ မီးတွေ လည်းရလာခဲ့တယ် ။ ကျွန်တော့် ဘ၀လေးမှာ သားတွေဇနီးတွေနဲ့ ကျွန်တော် ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာပေါ့ အမေက ကျွန်တော့်ဆီကို လာလည်ခဲ့တယ် ။ သူကျွန်တော့်ကို မတွေ့တာ သူ့မြေးတွေ ကိုမတွေ့ တာ နှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့ ။

အမေ တံခါးရှေ့မှာ ရပ်နေတော့ ကျွန်တော့်ကလေးတွေက အမေ့ကိုကြည့်ပြီး အော်ရယ်နေခဲ့တယ် ။ ကျွန်တော် အမေ့ကို မဖိတ်ခေါ်ပဲ ဘာကြောင့် လာရသလဲဆိုပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တယ် ။ ကျွန်တော် အမေ့ကို ကြည့်ပြီး “ ကျွန်တော့်အိမ်ကို ခင်ဗျား လာရဲသေးသလား ကလေးတွေကိုခြောက်လှန့်မလို့လား ထွက်သွား စမ်းပါ ဗျာ ” လို့ပြောလိုက်တယ် ။

အမေက တိတ်ဆိတ်စွာပဲ ပြန်ဖြေတယ် ။ “ အို . . သားရယ် အမေ အိမ်လိပ်စာမှားပြီးလာမိတာပါကွယ် ” အဲဒီ လိုပြောပြီးအမေပြန်ထွက်သွားခဲ့တယ် ။

တစ်နေ့မှာ ကျောင်းသားဟောင်း အဖွဲ့ကနေ ကျွန်တော့်အိမ်ကို စာတစ်စောင်ရောက်လာခဲ့တယ် ။ ဒါကြောင့် ကျွန်တော် အလုပ်ကိစ္စနဲ့ခရီးထွက်မယ်ဆိုပြီး ဇနီးသည်ကို လိမ်ခဲ့တယ် ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးတဲ့အခါ ကျွန်တော် သိလိုစိတ်ပြင်းပြလာတဲ့အတွက် အရင်အိမ်အဟောင်းတဲသာသာလေးဆီကိုပြန်သွားခဲ့တယ် ။

အိမ်နီးနားချင်းတွေကပြောကြတယ် အမေဆုံးသွားပြီတဲ့ ။ ကျွန်တော်မျက်ရည်တစ်စက်မကျမိဘူး ။ သူတို့က အမေ ကျွန်တော့်ဆီပေးခဲ့တဲ့စာတစ်စောင်ကို ကျွန်တော့်လက်ထဲ ထိုးပေးခဲ့တယ် ။

“ ချစ်လှစွာသော သားလေး - - -

အမေသားကို အချိန်တိုင်း သတိရနေပါတယ်ကွယ် အမေ သားအိမ်ဆီလာပြီး သားကလေးတွေကို ခြောက်လှန့်သလိုဖြစ်သွားတာ တကယ်စိတ်မကောင်းပါဘူး ။

သား ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာတယ်ဆိုတာ သိရလို့ အမေ အရမ်းဝမ်းသာပါတယ် ။ ဒါပေမယ့် အမေအိမ်ရာထဲ လဲနေတဲ့အချိန်မို့ သားကိုလာမတွေ့နိုင်တော့ဘူးကွယ် ။ သား ကြီးပြင်းလာ တဲ့ကာလ တလျှောက် လုံးအမေကသားအတွက် အရှက်ရစရာတစ်ခုဖြစ်စေခဲ့တအတွက် အမေ အရမ်းဝမ်းနည်းရပါတယ် စိတ်လည်း မကောင်းဖြစ်မိပါတယ် ။

သားမှတ်မိသေးလား သားငယ်ငယ်တုန်းကပေါ့ သား ဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး မျက်လုံး တစ်လုံးဆုံး ရှုံးခဲ့ရ တယ် ။ အမေတစ်ယောက်အနေနဲ့ မျက်လုံးတစ်လုံးထဲနဲ့သားကြီးပြင်းလာရမှာ အမေမကြည့်ရက်ဘူးသားရယ် ဒါကြောင့် အမေ့မျက်လုံးတစ်လုံးကို သားဆီကိုပေးခဲ့တယ် ။

သားဟာ ကမ္ဘာသစ်တစ်ခုကို အမေ့ကိုယ်စားမြင်ပေးနေတဲ့အတွက် အမေ အရမ်းကို ဂုဏ်ယူမိတယ်သား ဒီနေ ရာလေးမှာ အဲဒီမျက်လုံးတွေနဲ့ပေါ့ - - -။

သားကို အရမ်းချစ်တဲ့

အမေ

##################################

သက်တန့်ချို
March -29-2012

Friday, August 24, 2012

♥ အမေ ♥

♥ အမေ
အမေ နဲ့ သား
ခွဲခွာ နေရတဲ့ နှစ်တွေ
အတော် ကြာ ခဲ့ပြီပဲ
အမေ့ ကို သား
သတိရနေတယ်....အမေ......။
♥ အမေ
သား အမေ့ မေတ္တာ စေတနာ
တွေကို ငတ်နေခဲ့တာ အတော်ကြာပါပြီ
သား အမြဲလိုလို မျှော်လင့် တောင့်တမိတယ်....အမေ.....။
♥ အမေ
သား သူများ မိသားစု တွေကို တွေ့တိုင်း
ဝမ်းနည်း မျက်ရည် ကျမိတာ အကြိမ်ကြိမ်ပါ
သား က မိသားစုနဲ့ ကင်းကွာနေတာလေ....................။
♥ အမေ
သားလေ
နေမကောင်းဖြစ်တိုင်း အမေ့ကို သတိရမိတယ်
တမ်းတမိတယ်
သား ဘေးနားမှာ အမေ့ ကို ရှိစေချင်ခဲ့တယ်
ဒါပေမယ့်
အဲ့ဒီ ဆန္ဒ တွေက လက်တွေ့မှာ ဖြစ်မလာ ခဲ့ပါဘူး....အမေရယ်....။
♥ အမေ
သား အမေ့ဆီကို လာခွင့်ရတဲ့ ရက်တွေဆိုရင်
တစ်နေ ကုန် အငတ်ခံပြီး နေတတ်တယ်
ဘာဖြစ်လို့လည်းဆိုတော့
အမေ ချက်ထားတဲ့ ထမင်း နဲ့ ဟင်းကို
အားရ ပါးရ စားချင်လို့ပါ......အမေ...။
♥ အမေ
သား နဲ့အမေ ခွဲနေရတာ
နှစ်တွေ အတော်ကြာ ပေမယ့်
သား အခုထိ အသား မကျ သေးဘူး...အမေ...။
♥ အမေ
အခု သား ထမင်းစာချိန်တွေ မမှန်တော့ဘူး
ဘာလို့လည်းဆိုတော့
အချိန် မှန်မှန် ထမင်း ကျွှေးတတ်တဲ့
အမေ မှ သားဘေးနားမှာ မရှိတာလေ........။
♥ အမေ
သားလေ
နောင်ဘ၀ ဆက်တိုင်းမှာ
သားချစ်တဲ့ အမေနဲ့ အတူနေခွင့် ရပါစေလို့
ဆုတောင်းရင်းနဲ့................။
♥ အမေ......
♥ အမေ.....
♥ အမေ........................။

အမေ........

“အမေ”.................
အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ  ပြောင်းလဲခြင်းမရှိခဲ့ဘူး ဘာလို့လဲဆို ဘာပဲဖြစ်ဖြစ် နောက်ဆုံး အမေ့ကိုပဲ တမ်းတမိတဲ့ လူသားတွေလေ . ကျနော်တို့ အခက်အခဲကြုံတိုင်း တမ်းတမိတာ အမေပဲ ဘာလို့လဲဆိုရင် မဖြစ်နိုင်လွန်းလို့နောက်ဆုံး ရင်ထဲမှာ မှီခိုရာကတော့ အမေ့အရိပ်ဆိုတဲ့ မှီခိုခြင်း ကျောက်တိုင်ဆီကိုပဲ ကျနော်တို့ ချဉ်းကပ်သွားကြစမြဲ ဦးခိုက်စမြဲပါ တစ်ခုခု အမှား လုပ်မိချိန် သို့မဟုတ် ပျက်စီးချိန် သို့မဟုတ် စိတ်ခံစားချက် များ ဖိစီးချိန်မျိုးမှာ ကျနော်တို့  တမ်းတမိတယ်  အမေ့ကိုလေ…………. “အမေရယ် သားအဖြစ် /သမီး အဖြစ်ကို လာကြည့်ပါအုံး”လို့ ဆိုပြီး ကြေကွဲရင်းတမ်းတမိတတ်ကြပါတယ် .. ဒါဟာလည်း ကျနော်တို့နှလုံးသားမှာ အမေဆိုတာ အသက်ရှင်လို့ပါ…. အမေနဲ့ ဝေးကွာနေပေမဲ့ အမေဟာ နှလုံးသားထဲမှာ အသက်ဝိဥာဉ်တစ်ခုအနေနဲ့ ရှိနေတယ်လို့ သိနေရတယ် …….ဒါပေမဲ့ အများစုက သာယာမှုတွေကြားမှာ အမေ့ကို အဖက်မလုပ်ချင်ကြဘူး ……..ဒုက္ခရောက်ချိန်မှ အမေ့ကို တမ်းတကြတယ် .. တရားသလား မတရားဘူးလား ဆိုတာကိုတော့ ကျနော် မပြောတတ်ပါ ……… တရားခြင်း မတရားခြင်းဆိုတာကတော့ ကိုယ့်စိတ်က သတ်မှတ်ချက်ပါ ……..ကျနော်တို့ အမေ့ကျေးဇူး ရှိတာကို လက်ခံကြတယ် ..ဘာလို့လဲ တွေးကြည့်မယ်ဆိုရင် “ကျနော်တို့ဆိုတဲ့ သစ်ပင်လေးတွေ ဖြစ်လာဖို့ အမေဆိုတဲ့ ပင်မ ကနေ မွေးထုတ် ပုံတူကူး လူ့ဘဝထဲကို ကျေကျေနပ်နပ်ကြီး လွှင့်တင်ပေးခဲ့တာ” “အဲ့ဒါ အမေတွေပဲလေ” သူတို့မှာ စိတ်ကူးဆန္ဒတွေရှိကြတယ် ….သူတို့ သားသမီးတွေကို ငယ်ငယ်ကတိုင် အရွယ်ရောက်တဲ့ အထိ  ပြုစု ပျိုးထောင်ကြတယ် ……. စိတ်ရောကိုယ်ပါ နှစ်ပြီး ကာကွယ်စောင့်ရှောက်ကြတယ်…..   သူတို့ရဲ့ ဝိဥာဉ်တွေတောင် အသက်ရှင်နေစဉ်အတွင်း သားသမီးဘေးမှာ အမြဲလိုလို ရစ်ဝဲနေကြတယ်……. အဲ့ဒါကို အများခေါ်နေကြ မိဘ မေတ္တာ ဆိုပြီး သတ်မှတ်ကြတယ်…….။ အမေတွေမှာ ကိုယ့်သားသမီးကို ကြီးမြတ်စေချင်တယ်….  ပညာတတ်စေချင်တယ်…….  လူတွေကို ဦးဆောင်စေချင်တယ်…………. ပရိတ်သတ်အလယ်မှာ ဂုဏ်ဝင့်စေချင်တကြတယ်……..  လောကရဲ့ အလှကို သိမြင်ခံစားစေချင်တယ် … လောကကြီးကိုလည်း နားလည်ခြင်းများဖြင့် ဖြတ်သန်းစေချင်တယ်……..  အချစ်၊အမုန်း၊ကြင်နာခြင်းတွေကိုလည်း အချိုးအစားမျှမျှတတနဲ့ လူ့ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်ကြစေချင်တယ်……..  လောက အလှကို သူတို့ မခံစားခဲ့ရပေမဲ့ သူတို့မွေးထုတ်လိုက်တဲ့ သားသမီးတွေကို သာဝကျကျ လောကအလှကို ထိတွေ့စေချင်ကြတယ်…….  တချို့မိဘတွေမှာ အဲ့ဒီစိတ်တွေကို ရင်ထဲမှာ ကိန်းအောင်နေခြင်းထက် ပိုပြီး အပြင်ကို ဆန်ထွက်ကျလာစေတတ်တယ် ဒီလိုမျိုးတွေပေါ့  “ ငါ့သားသမီးလေးတွေ ငါတို့လို့ ပညာမတတ် ကျောင်းမနေခဲ့ရ မဖြစ်ရလေအောင် ငါတို့ ကြိုးစားနေကြတာ” ..သူတို့မှာ “ငါတို့ ချွေး တွေ ကုန်ခန်းနေပါစေ ငါတို့ ကြွက်သားတွေ ဘယ်လောက်ပဲ ပျက်စီးနေပါစေ ငါတို့လက်တွေ ဘယ်လောက်ပဲ အသမာတက်နေပါစေ…. နေပူထဲလဲ အသားနေလောင် မည်းပြီး အလှပျက်မှာကို ထည့်မတွက်ဘူး” ဒါငါတို့ပေးနိုင်တာ ငါတို့သားသမီးတွေအတွက်ဆိုပြီး အားခဲ ရှေ့တက် ပန်းတိုင်ကို မနိုင့်တနိုင်နဲ့ ချီ .. သူတို့ လျှောက်လှမ်းနေတဲ့ ပန်းတိုင်က ရှေ့မှာ ပျက်စီးသွားရင်တောင် သူတို့ အားမလျှော့ဘူး . ဟန်မပျက်ဘူး တတ်နိုင်ရင် စိတ်ညစ်တဲ့ ပုံတောင် မပြဘူး ဘာလို့လဲဆို သူတို့ကို အားကိုးနေတဲ့ သားသမီးတွေ မျက်နှာမညိုးစေချင်လို့ ……။ နောက် “လောကအလယ်မှာ ငါ့သားသမီးတွေ မျက်နှာ မငယ်ရအောင် ဟဲ့ ” ဆိုပြီး ကိုယ့်ကိုယ်ကို မာန်တင်း စီးပွားတွင်းထဲ ခုန်ဆင်း ကျားရဲမကြောက် ဆူးခုလုတ် တွေနဲ့ ရင်းနှီးပြီး ဟန်ချက်မပျက်အောင် သူတို့ကြိုးစားတယ်………  “သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့မဟုတ်ခဲ့ဘူး ……သူတို့မွေးထုတ်တဲ့ သားသမီးလေးတွေ ဖြစ်တယ်” ဒါကို ကျနော်လည်း အစက မသိခဲ့ဘူး …ငယ်ငယ်ကဆို ကိုယ်လိုချင်တာ မရလို့ ထိုင်ငို အပစ်တင်ခဲ့မိတာ…….  “မေမေဘာလို့  သားလိုချင်တာ မဝယ်ပေးတာလဲ” ဆိုပြီး ကလေး ဦးနှောက်နဲ့ ဂျီကြခဲ့တာတွေ. “ဖေဖေ ဘာလို့ သားကို ဆုံးမတာလဲ သားစိတ်ညစ်အောင် ဘာလို့ ပြောနေတာလဲ” ဆိုတဲ့ အပြောတွေကို ခုမှ တစိတ်တစ်ဒေသ ဖွင့်ဖြိုးနေသေးတဲ့ ကလေးဦးနှောက်ထက် အတွေ့အကြုံ အနည်းငယ်ရှိ လူကြီး မပီ့တပီ ကျနော့်အတွက်

Thursday, August 2, 2012

ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်

                                   ဂေါတမမြတ်စွာဘုရား၏ဗုဒ္ဓ၀င်အကျဉ်းချုပ်ဆောင်ပုဒ်

 

 

မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့် ရှင်ပင့် သာကိဆွေ။

ရှင်းလင်းချက်

၁။ - ကြာသပတေးနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။

၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။

၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။

၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။

၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။

၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။

သမထနှင့်ဝိပဿနာ ခြားနားပုံ

                                                         သမထနှင့်ဝိပဿနာ
 
သမထတရား သမာဓိကျင့်စဉ်ဆိုတာ  သာသနာပမှာလည်းရှိတယ်၊မြတ်စွာဘုရားမပွင့်ခင်ကတည်းက မြေလျှိုးမိုးပျံနိုင်တဲ့
ဈာန် အဘိညာဉ်ရတဲ့ရသေ့တွေရှိခဲ့ဘူးတယ်၊သမထဆိုတာ သာသနာပြင်ပမှာလည်းတွေ့ နိုင်တယ်။
ဝိပဿနာတရား ပညာကျင့်စဉ်ဆိုတာ သာသနာတွင်းတရားအစစ်ဖြစ်တယ်၊မြတ်စွာဘုရားပွင့်မှသာ သိနိုင် ကျင့်နိုင်တဲ့
တရားအစစ်ဖြစ်တယ်၊သာသနာပမှာ ဆရာ မရှိတဲ့အတွက် ၀ိပဿနာဥာဏ်ကို ဘယ်သူမှ မရနိုင်ဘူး။
့သမထတရားကို အမြင့်ဆုံး လမ်းဆုံး ကျင့်နိုင်တဲ့သူတောင်မှ သံသရာက မလွတ်နိုင်ဘူး ၊သံသရာထဲမှာ ကျင်လည်နေရဦးမှာ၊
ဝိပဿနာတရားကို အမြင့်ဆုံး လမ်းဆုံး ကျင့်နိုင်တဲ့သူတွေကတော့ သံသရာကလွတ်မြောက်ပြီး နိဗ္ဗာန်ကို ရောက်နိုင်တယ်၊
ဒါကြောင့် သာသနာနဲ့ ကြုံတွေ့ နေရတဲ့ အချိန်ကလေးမှာ ၀ိပဿနာတရားကို အထူးကြိုးစားအားထုတ်သင့်ပါတယ်။
သမထကျင့်စဉ်ဆိုတာ မိမိစိတ်ကလေးက ကမ္မဋ္ဌာန်းအာရုံတစ်ခုကို စူးစိုက်ပြီး ရှုမှတ်ရတဲ့သဘော၊အာရုံကို ဦးစားပေးတယ်။
ဝိပဿနာကျင့်စဉ်ဆိုတာ မိမိစိတ်ကလေးက ပေါ်လာတဲ့ အာရုံတိုင်းကို သိနေရတဲ့သဘော၊ လက္ခဏာ ၃-ပါးကိုမြင်အောင်
ရှုမှတ်ရတာဖြစ်တယ်။အာရုံတွေကမိမိစိတ်ကို မလွှမ်းမိုးနိုင်ဘူး၊ သမထကတော့ အာရုံတွေရဲ့ လွှမ်းမိုးမှုကို ခံရတဲ့တရား
အဲဒီလို ကွဲပြားပါတယ်။

သမထနှင့်ဝိပဿနာ ကိုကောင်းစွာကွဲပြားနိုင်ကြပါစေ...

ဝေလင်းကျော်
 

ဝိပဿနာဆိုင်ရာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ
၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။
၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။
၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။
၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။

ဝိပဿနာ ရှုမှတ်ရင်း သစ္စာလေးပါး ကိုသိ၍ လျင်မြန်စွာ သံသရာစက်ဝန်းမှလွတ်မြောက်နိုင်ကြပါစေ...

ဝေလင်းကျော်

Wednesday, August 1, 2012

ငါး


                                         ငါး

တကယ်လို့ လောကကြီးက မြစ်တစ်စင်းဆိုရင် ကျွန်တော်တို့က အဲဒီမြစ်ထဲက ငါးတွေပဲဖြစ်မယ်။ ဒီမြစ်ထဲကနေ ခုန်မထွက်နိုင်ခဲ့သည့်တိုင် မြစ်ကိုဆန်လိုက်စုန်လိုက်နဲ့ ကျွန်တော်တို့ကူးခတ်နေခဲ့တယ်။ ကျွန်တော်တို့မှာ စိတ်ပျက်ဝမ်းနည်းဖို့ အချိန်တွေ မရှိခဲ့ဘူး။ စိတ်ပျက်ဝမ်းနည်းတာတွေ မေ့လိုက်ချိန်ပဲရှိခဲ့တယ်။

တကယ်လို့ နောင်ဖြစ်လာနိုင်တာတွေကို မမွေးခင်ကတည်းက ကျွန်တော်တို့ကြိုသိနိုင်ခဲ့ရင် ဒီလောကထဲ ကျွန်တော်တို့ရောက်လာရဲခဲ့ကြမယ် မထင်ဘူး။ ရောက်လာပြီဆိုမှတော့ ဖြစ်ပျက်သမျှကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ပဲ ရှိခဲ့တယ်။

သမ္မတ Franklin က "လူတွေက ဘဝအတွက် မွေးခဲ့တာမဟုတ်ဘူး။ မွေးခဲ့လို့ ဘဝဆိုတာရှိလာတာ" လို့ပြောခဲ့တယ်။ Gothicက "လောကကြီးထဲ ကျွန်တော်တို့ ဝင်လာရဲရင် လောကဓံရဲ့ခါးတီးမှုတွေကိုလည်း ကျွန်တော်တို့ခံရဲရမယ်" လို့ဆိုခဲ့တယ်။


ခင်မင်လေးစားလျက်...