အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Saturday, August 30, 2014

SIM ကဒ်များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်


     
  
               မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည်ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။




နေပြည်တော်
-------------
ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ

ကချင်
-------------
မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ရွှေကူ၊ တနိုင်း

ကယား
-------------
လွိုင်ကော်

ကရင်
-------------
ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ

ချင်း
-------------
ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန်

စစ်ကိုင်း
-------------
မုံရွာ၊ ဘုတလင်၊ ခန္တီး၊ ဟုမ္မလင်း၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ ကန့်ဘလူ၊ ကောလင်း၊ မော်လိုက်၊ မြင်းမူ၊ ပုလဲ၊ စစ်ကိုင်း၊ ဝန်းသို

တနင်္သာရီ
-------------
ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ

ပဲခူး
-------------
ပဲခူး၊ ပြည်၊ ဒိုက်ဦး၊ ကဝ၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ အုတ်တွင်း၊ ဖြူး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူ၊ သနပ်ပင်၊ ဝေါ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သာယာဝတီ၊ သဲကုန်း၊ ဇီးကုန်း

မကွေး
-------------
မကွေး၊ အောင်လံ၊ ချောက်၊ ဂန့်ဂေါ၊ ကံမ၊ မင်းဘူး၊ မင်းတုန်း၊ မင်းလှ၊ မြိုင်၊ မြို့သစ်၊ နတ်မောက်၊ ငဖဲ၊ ပခုက္ကူ၊ ပေါက်၊ ပွင့်ဖြူ၊ စလင်း၊ ဆော၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ သရက်၊ ထီးလင်း၊ ရေနံချောင်း၊ ရေစကြို

မန္တလေး
-------------
အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ မိုးကုတ်၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ အမရပူရ၊ ချမ်းမြသာစည်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မိထ္ထီလာ၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ တံတားဦး၊ သာစည်

မွန်
-------------
မော်လမြိုင်၊ ဘီးလင်း၊ ချောင်းဆုံ၊ ကျိုက်မရော၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး

ရခိုင်
-------------
စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ဂွ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ မန်အောင်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် ၊ သံတွဲ၊ တောင်ကုတ်

ရန်ကုန်
-------------
ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ ဒေါပုံ၊ မင်္ဂ္လာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သင်္ဃ္န်းကျွန်း၊ ရန်ကင်း၊ လှိုင်သာယာ၊ လှည်းကူး၊ ၊ မှော်ဘီ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂ္လာဒုံ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ အလုံ၊ ဗဟန်း၊ ကိုကိုးကျွန်း၊ ဒဂုံ၊ ဒလ၊ လှိုင်၊ ကမာရွတ်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တံတား၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ သန်လျင်၊ သုံးခွ

ရှမ်း
-------------
တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ

ဧရာဝတီ
----------------
ပုသိမ်၊ ဘိုကလေး၊ ဓနုဖြု၊ ဒေးဒရဲ၊ အိမ်မဲ၊ ဟင်္သ࿿ာတ၊ အင်္ဂ္ပူ၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ကြံခင်း၊ ကျောင်းကုန်း, ကြုံပျော်၊ လပွတ္တာ၊ လေးမျက်နှာ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ မြောင်းမြ၊ ငပုတော၊ ညောင်တုန်း၊ ပန်းတနော်၊ ဖျာပုံ၊ သာပေါင်း၊ ဝါးခယ်မ၊ ရေကြည် ၊ ဇလွန်

Ref : www.mcit.gov.mm

Friday, August 29, 2014

ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ

ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ
ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ဟာ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့သမျှဘာသာတရားတိုင်း တစ်နည်း မဟုတ် တစ်နည်း နဲ့ လက်ခံထားကြတဲ့ အယူအဆဖြစ်တယ်။ ဒီ အယူအဆ က ဘယ်လို ဘယ်ပုံ ပေါက်ဖွားလာ သလဲ ဆို တာ သုတေသီ ပညာရှင်တွေ ငြင်းခုံ နေကြဆဲ ဖြစ်ပေမဲ့ အလွန်ရှေးကျတဲ့ ဝေဒ ခေတ်ကတည်း က ဒီ အယူအဆ ရှိခဲ့ပြီလို့တော့ ခန့်မှန်းကြပါတယ်။

ဝေဒခေတ် ဘာသာရေး က ဘုရားအများကိုးကွယ်တဲ့ဝါဒ (Polytheism) ဖြစ်တယ်။ သဘာဝလောကကြီး တစ်ခုလုံး လှုပ်ရှားသက်ဝင်နေတဲ့စွမ်းအားတွေ နောက်ကွယ် မှာ ဆိုင်ရာ နတ်ဒေ၀တာ အသီးသီး ရှိမယ်လို့ယုံကြည်ကြတယ်။ လက်ရှိဘ၀ ရဲ့ လိုအပ်ချက်တွေ အတွက် နတ်ဒေ၀တာ တွေ ကို တိုင်တည်ပြီး မ စ ဖို့ အတွက် ပူဇော်ပသကြရာက နေ ယာဇ်ပူဇော်မှု အလေ့အထ ပေါ်ပေါက်လာခဲ့တယ်။ နတ်ဒေ၀တာ တွေ ဘုန်းတော်ဖွဲ့တဲ့ ဓမ္မတေး တွေ ရေးစပ်သီကုံးပြီး ရွတ်ဆိုပူဇော်ကြတယ်။ ပူဇော်မှု ရဲ့ အကျိုး က ဒီဘ၀တင်မဟုတ်ပဲ တမလွန်ဘ၀ မှာ လဲ သဂ္ဂဘုံနန်း ကို ရောက်ရှိခံစား ရမယ် ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

ဝေဒခေတ် နှောင်းပိုင်း ဥပနိသျဒ်ကျမ်း တွေ ပေါ်ပေါက်လာတော့ သေပြီးနောက် တစ်ဘ၀ ဖြစ်မယ် ဆိုတာထက် ဘ၀ ဆိုတာ သစ္စာတရား ကို မသိမချင်း အဖန်တလဲလဲ မွေးဖွားလိုက် သေဆုံးလိုက် နဲ့ တရစပ်ချားရဟတ်လို လည်နေတဲ့ ဘ၀သံသရာဖြစ်စဉ် အဖြစ်ရှုမြင်လာကြတယ်။ ဘ၀သံသရာဖြစ်စဉ် ရဲ့ ဆင်းရဲခြင်းတွေ ကို လဲ ကြောက်ရွံ့လို့ သံသရာ အဆုံးသတ်မှု ကို ရှာဖွေလာကြတယ်။ တောရဆောက်တည်တဲ့ အရညက ရသေ့သူတော်စင်တွေ ဝေဒ ကို မယုံကြည်ပဲ တပ အကျင့် အားထုတ်တဲ့ သမဏ သူတော်စဉ် တွေ ပေါ်ပေါက်လာခဲ့ ကြတယ်။

ဒီအထဲ မှာ တော့ ဂျိန်း သမဏ (နိဂဏ္ဍ) တွေ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ ဂျိန်းတွေ ရဲ့ အမြင် အရ သတ္တ၀ါတွေ ဘ၀ သံသရာလည်နေ ရတာ ဟာ ကံရုပ်တွေ ကြောင့် ဖြစ်တယ်။ မိမိ တို့ ပြုသမျှ ကာယ ၀စီ မနော ကံတရားတွေ က ပြုသူရဲ့ ဇီဝအတ္တ မှာ လာရောက်တွယ်ကပ်နေတယ်။ ဒီ ကံ တွေ မကုန်မချင်း ဇီဝအတ္တ ဟာ ကံပစ်ချ ရာ ဘ၀တွေ ကို ရောက်ရှိကျင်လည်ပြီး ဆင်းရဲ ဒုက္ခတွေ ကို ခံစားနေရတယ်။ မိမိကိုယ်ကို ပင်ပန်းစေတဲ့ တပ (အတ္တကိလမထာနုယောဂ အကျင့်) ကို အားထုတ် ရင် ဒီ စုဆောင်းလာတဲ့ ကံတွေ ဟာ တစ်ဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ဇီဝအတ္တ ဟာ ကံ ရုပ် ဟူသမျှ က နေ သန့်စင် သွားတယ်။ အတ္တ ဟာ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေ နဲ့ တသီးတခြား  စီဖြစ်သွားတဲ့ အခါမှာ အတ္တရဲ့ လွတ်မြောက်မှု (ကေ၀လ) ကို ရရှိတယ် လို့ ဂျိန်းတွေ က ယုံကြည်တယ်။


ဗုဒ္ဓ၀ါဒ အမြင် ပေါ်ထွန်းခြင်း
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာ ရာမှာ လေ့လာကြည့်ရင် ဗုဒ္ဓ မဖြစ်ခင် က သမဏ ဖြစ်ခဲ့တယ်။ ဥပနိသျဒ်လာ လောကီ သမာပတ်ကျင့်စဉ်တွေ ဂျိန်း တပ ကျင့်စဉ်တွေ ကို အားထုတ်ခဲ့ဖူးတယ်။ အဲဒီခေတ်ကာလ မှာ ရှိနေတဲ့ ဘ၀သစ် အဖန် တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ကို လက်ခံ ခဲ့တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဟာ အိန္ဒိယ ဘာသာရေး အတွေးအမြင် သမိုင်း မှာ အလွန်ကြီးမားတဲ့ ပါဒိုင်းအရွေ့ ကို ဖြစ်စေခဲ့တယ်။
 ဗုဒ္ဓ ရှေ့ က ဘာသာရေးတွေ အားလုံး က လောက ဖြစ်စဉ် ကို ရှင်းပြ ရာမှာ ခိုင်မာတဲ့ အနှစ်သားအရှိတရား တစ်မျိုးမျိုး ကို အခြေခံ အဖြစ်ထားပြီးတော့ မှ တင်ပြခဲ့ကြတယ်။ ခိုင်မာတဲ့ အနှစ်သားအရှိတရား ဆိုတာ ပကတိရှိနေတဲ့ အတ္တ (ပရမတ္တမ) ဖန်ဆင်းရှင် ဘုရားသခင် (ဣဿရဒေ၀) အသက်ဇီဝ အတ္တ တစ်မျိုးမျိုး ဖြစ်တယ်။ ကံစွမ်းအင် တွေ ဟာ ဒီ အတ္တ မှာ ကပ်ငြိနေသမျှ အတ္တ ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော က နေ မလွတ်နိုင်ပဲ တ၀ဲဝဲလည် နေရတယ် ဆိုတဲ့ အမြင်ပါပဲ။
 ဗုဒ္ဓရှင်တော် ကတော့ ခိုင်မာတဲ့ အနှစ်သားအရှိတရား ကို လုံးဝငြင်းပယ်တော်မူခဲ့တယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော ကို ရှင်းပြ ရာ မှာ အတ္တ ဟာ မလိုအပ်တဲ့ အရာ ဖြစ်တဲ့ အပြင် ဒီ အတ္တ ရဲ့ အရှိတရား ကို မှားယွင်းစွာ စွဲလန်းခြင်း (အတ္တ၀ါဒုပါဒါန်-အတ္တာနုဒိဋ္ဌိ) ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ကို ဖြစ်စေတဲ့ လက်သည်တရားခံ ပဲ ဖြစ်တယ် လို့ မြင်ခဲ့ ပါတယ်။ ဒါ က တကယ့် တော်လှန်တဲ့ အမြင်ပဲ။ ဝေဒအမြင် ဂျိန်းအမြင်တွေ မှာ ဖူးဖူးမှုတ် တန်ဖိုး ထားပြီး လွတ်မြောက်အောင်ကြိုးပမ်းနေရတဲ့ အရာ ဟာ ပြဿနာအားလုံးရဲ့ မူလဇာစ်မြစ်လို့ ဗုဒ္ဓရှင်တော် က လင်းပြတဲ့ အတွက်ပါပဲ။

Thursday, August 28, 2014

ရေအောက်ရှိ နဂါးများကိစ္စ ခေတ်လူငယ်များအကြား ရယ်စရာဖြစ်နေ


       ဓမ္မစေတီ ခေါင်းလောင်း ကြီးကို   နဂါးမင်းများက  ရေ အောက်တွင် ဆီမီးပူဇော်ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူများနှင့် ခေတ်လူကြီး၊ လူငယ်များအကြား ရယ်စရာတစ်ခု သဖွယ်    ပြောဆိုဝေဖန်နေကြ သည်။
နဂါးများကို ယုံကြည်သူနှင့် မယုံကြည်သူများ နှစ်ဖွဲ့ကွဲနေပြီး ကမ်းနားတွင် လာရောက်ကြည့်ရှု သူ အများစုက ခေါင်းလောင်းကြီး ပြန်တွေ့မည်ဟု ယုံကြည်လက်ခံ နေကြကာ လူမှုကွန်ရက်အသုံးပြု သူ    ခေတ်လူငယ်အချို့က   ဦး ဆောင်ရှာဖွေသူ ဦးစံလင်း၏ ရေအောက်တွင် နဂါးရှိသည်ဟု ပြောဆိုခြင်းကို လက်မခံလိုကြခြင်း ဖြစ်သည်။
ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းခေါင်းဆောင် သော   အဖွဲ့က   မြန်မာ့နည်း၊ မြန်မာ့ဟန်(ဂမ္ဘီရနည်း) ဖြင့် ရှာ ဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၂၆ရက်နောက်ဆုံးထား ဆယ်ယူမည်ဟု ပြောကြားထားသော်လည်း    ၂၇ ရက်အထိ ဆက်လက်တိုးချဲ့ရှာ ဖွေနေခြင်းဖြစ်သည်။
‘‘နဂါးတွေကို မယုံဘူး။ ရေ အောက်မှာ ဒီနဂါးတွေက ကုန်း ပေါ်တက်ပြီး လူယောင်ဖန်ဆင်း နိုင်တယ်ဆိုတာကိုလည်း မယုံဘူး။  နဂါးတွေ  အောက်မှာရှိရင် လူတွေ   ဒုက္ခရောက်ကုန်မယ်။ တံငါသည်တွေ၊   ပင်လယ်ကူးသင်္ဘော၊ ငါးဖမ်းလှေတွေ ဒီနားမှာ အမြဲဖြတ်နေတာ’’ဟု  ရန်ကုန်မြစ်အတွင်း  လုံခြုံရေးတာဝန်ယူ နေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
အကြီးဆုံး ရွှေရောင်နဂါး မင်းကြီးနှင့်တကွ နဂါးအပေါင်းတို့ က ဓမ္မစေတီခေါင်းလောင်းကြီး ကို အကြီးအကျယ်ဆုံး ခမ်းခမ်း နားနား ဆီမီးပူဇော်နေသည့်အ တွက်ကြောင့် သတ်မှတ်ရက်နေ့ ကို သတင်းထုတ်ပြန်ရန် နောက် ကျနေခြင်းဖြစ်ပါကြောင်း ဦးစံ လင်း၏ပြောဆိုမှုအပေါ်    မယုံ ကြည်သူများက ဝေဖန်ခြင်းဖြစ် သည်။
နှစ်ပေါင်း ၄၀၀ ကျော်က တည်းက နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး    ရှိခြင်း၊ မရှိခြင်းထက် ဦးဆောင်ရှာဖွေသူ ဦးစံလင်း၏ ဂမ္ဘီရဆန်ဆန် ပြောဆိုချက်များကို လက်မခံဘဲ ခေါင်းလောင်းကြီး ပြန်ရှာတွေ့လိုသော ပြည်သူများ ဂမ္ဘီရအတွေးအခေါ် မှိုင်းမိမည်ကို စိုးရိမ်ကြောင်း သုံးသပ်သူအချို့ကဆိုသည်။
ခေါင်းလောင်းရှာဖွေသည့် ကုန်ကျစရိတ်ကို   ကျပ်သိန်းနှစ်ထောင်နီးပါး  မှန်းထားပြီး ဆက်လက် တိုးချဲ့ရှာဖွေမည့် ၁၇ ရက်အတွက် ကုန်ကျစရိတ်များအား မည်သူက တာဝန်ယူမည်ကို ပြန်ကြားရေးအဖွဲ့က     ထုတ်ဖော်မပြော ကြားသေးပေ။
ပြန်ကြားရေးအဖွဲ့သို့ လာ ရောက်လှူဒါန်းသူ ၈၀ ကျော်ရှိပြီး အလှူငွေများကို အများပြည်သူ သိအောင် လက်တလောကြေညာ ပေးခြင်း မရှိဘဲ ဘဏ်တွင် အပ် ထားကြောင်းသာ ဖြေကြားထား သည်။ ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးမင်းမပတ်သက်နိုင်ဘဲ နဂါး မင်းပူဇော်သည်ဆိုသည်ကို အယုံ အကြည်မရှိကြောင်း၊ မွန်ရိုးရာ နတ်များတွင်လည်း     နဂါးမရှိ ကြောင်း မွန်သမိုင်းသုတေသနအ သင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲ ဇော်က ဆိုသည်။


Wednesday, August 27, 2014

တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော

တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော
=============================
   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်တွင်းရှိတက္ကသိုလ်အားလုံးကို အခမဲ့အနေဖြင့် အင်တာ နက်လိုင်း ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။
ပြည်တွင်း၌ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရှိပြီး အဆိုပါတက္ကသိုလ်များအနေဖြင့် အင်တာနက်စနစ် ချိတ်ဆက်လိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်နိုင်ကြောင်း ဦးမျိုးဆွေကပြောသည်။
“ဆက်သွယ်လာရင် ချိတ်ပေးမှာပေါ့။ ပစ္စည်းပိုင်းတော့ မပါဘူး။ အင်တာနက်သုံးဖို့အတွက် Bandwidth တစ်ခုပေးမယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။
တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်တာနက်ကွန်ရက်ကို အသုံးပြု၍ လေ့လာမှုများ ပြုလုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ပေးအပ်သည့် Bandwidth နှင့်အတူ တက္ကသိုလ် နယ်မြေအတွင်း အခမဲ့ Wifi အင်တာနက်စနစ်ကို ပြန်လည်ပေးဝေ အသုံးပြုရန်ဖြစ်သည်ဟု သိရသည်။
“Wifi သုံးဖို့ လူအရေအတွက် နည်းနည်းလောက်ကိုပဲ ပေးနိုင်တယ်။ ကျောင်းသားလူဦးရေနဲ့ ယှဉ်ရင် Wifi သုံးဖို့ ခွင့်ပြုပေးထားတဲ့ အရေအတွက်က နည်းနည်းလေးပါ။ အခုက ပိုဆိုးတယ်။ ကျောင်းသားတိုင်းက မိုဘိုင်းဖုန်း ကိုင်ကြတော့ Wifi အပြည့်ပေးနိုင်ဖို့က မလွယ်ဘူး”ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) မှ ဆရာတစ်ဦးက ဆိုသည်။

Monday, August 18, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ရေတစ်ဝက် ကုန်းတစ်ဝက်တွင် ရောက်နေ

ဓမ္မစေတီခေါင်းလောင်းကြီး ရေတစ်ဝက် ကုန်းတစ်ဝက်တွင် ရောက်နေ
===============================================
၆ ဂဏန်းကျရောက်သောရက်၌ ဆယ်ယူနိုင်မည်ဟုဆို
===============================================

စေတီခေါင်းလောင်းကြီး တွေ့ ပြီဆိုတာတကယ်လား။ ရေပေါ် ဘယ်တော့ပေါ်မှာလဲဆိုသည့် မေးသံတွေ ကို နေရာတိုင်းမှာ ကြားနေရသည်။ ယင်းကဲ့ သို့ မေးမြန်းသံများ ကြားနေရသော်လည်း တိကျသည့် အဖြေပေးနိုင်မည့်သူ တစ်ဦး တစ်ယောက်မှမရှိဘဲ မိမိထင်မြင်ချက်များ ကိုသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြော ဆိုနေကြဆဲသည်။
ခေါင်းလောင်းကို စိတ်ဝင်စား သည့် လူအချို့က ''ခေါင်းလောင်းကြီးတွေ့ တယ်ဆိုတာ လူတွေ လျှောက်ပြောနေတာ ပါ။ ရေထဲမှာတွေ့တဲ့ ခေါင်းလောင်းက ဓမ္မ စေတီခေါင်းလောင်းဆိုတာ ဘယ်သူက ဘယ် လို အတည်ပြုပေးမှာလဲ''ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းနှင့် ဦးဝင်းမြင့် ဦးဆောင် သော အဖွဲ့ဝင်များက ဆယ်ယူရေးလုပ်ငန်း များကို သြဂုတ် ၇ ရက်တွင် စတင်ခဲ့ပြီးအ ဖွဲ့ဝင်အင်အား ၇ဝ၊ ဆလုံရေငုပ်သမား ၁ဝ ဦး အသုံးပြု၍ ရန်ကုန်မြစ်လယ်တွင် ရှာဖွေ ဆယ်ယူလျက်ရှိသည်။
''ရေငုပ်သမား ၁ဝ ဦးကို ကော့ သောင်းကနေ ခေါ်ထားတယ်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူပြီးရင် ရေတပ် စခန်းမှာ သန့်ရှင်းရေးလုပ်ပြီး ရွှေတိဂုံဘုရား ပေါ်မှာ ထားဖို့ရှိပါတယ်''ဟု ဦးစံလင်းက ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ် ယူခြင်းအား စောင့်ကြည့်သူ များပြားနေပြီး ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို လူ တိုင်း စိတ်ဝင်စားလာကြသဖြင့် ဆယ်ယူ ရေးအခြေအနေကို သိရှိရန် ဆယ်ယူရေး လုပ်ငန်းခွင်ရှိရာသို့ နေ့စဉ်သွားရောက်ကြည့် ရှုနေသူများလည်း ရှိနေကြောင်း သိရသည်။
''ကျွန်တော်က ဒေါပုံမြို့နယ်က ပါ။ ဆယ်ယူတဲ့အချိန်ကစပြီး ကြည့်တယ်။ ၉ ရက်ကစပြီး မနက်တစ်ခေါက် ညနေတစ် ခေါက် လာကြည့်ပါတယ်။ ခေါင်းလောင်း ကြီးကိုတွေ့ရင်တော့ အတိုင်းထက် အလွန် ပေါ့၊ ဝမ်းသာတာပေါ့။ ကျွန်တော့်အထင် ပေါ်ဖို့ ရာခိုင်နှုန်း၅ဝပဲ'' ဟု ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရေးကို စောင့်ကြည့်နေသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း မှ စက်မှုကျွမ်းကျင်(ငြိမ်း)ဦးမြရွှေက ပြော သည်။
ခေါင်းလောင်းကြီး ပေါ်လာနိုး ဖြင့် ခေါင်းလောင်းဆယ်ယူရေးနှင့် အနီးစပ် ဆုံးနေရာဖြစ်သည့် ရန်ကုန်မြို့ သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီး အေးရှားပွိုင့် ဘိုးလင်းစင်တာဝင်းအတွင်းသို့ သွားရောက် သူများ တစ်နေ့တခြား များပြားနေသည်။
''တစ်နေ့ကို လာလိုက်သွားလိုက် နဲ့ လူတွေ ထောင်ချီရှိတယ်။ အခုခြောက် ရက်မြောက်ရှိပြီ။ ရှစ်ရက်ပဲကျန်တော့တယ်။ သူတို့က သုံးထပ်သင်္ဘောပေါ်မှာ နေကြ တယ်။ ရေထဲကို သွားလို့တော့ရတယ်။ မှတ် တိုင်အမည်းရောင်ကို ကျော်လို့မရဘူး'' ဟု ဦးမြရွှေက ဆက်လက်ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ် ယူရေးကို စိတ်ဝင်စားသူများထဲတွင် သံဃာ တော်များလည်း ပါဝင်နေပြီး ဆယ်ယူရေး လုပ်ငန်းများကို လာရောက်ကြည့်ရှုကြသည်။
''စိတ်ဝင်စားလို့ လာကြည့်တာ ပါ။ ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ဆယ်မှာ လဲဆိုတာကို ဓမ္မစေတီခေါင်းလောင်းကြီးကို အဖွဲ့အစည်းပေါင်းစုံက ဆယ်ခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ ဒီအဖွဲ့က တော်တော် လေး ကျိန်းသေပုံစံနဲ့ပြောလို့ လာကြည့်တာ ပါ။ ဓမ္မစေတီခေါင်းလောင်းက သမိုင်းအရ တကယ်ရှိခဲ့တာ။ အခု ဆယ်လို့ ရ၊ မရတော့ မသိဘူး။ ခေါင်းလောင်းကြီး ဆယ်ပြီးရင် သာသနာတော်အတွက်တော့ ထူးခြားမှု မရှိ ပေမယ့် မြန်မာတစ်နိုင်ငံလုံးအတွက် အကျိုး ရှိပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေတိဂုံပေါ် ပြန်ထားနိုင်ရင် မြန်မာ့သမိုင်း ပိုခိုင်မာသွားမယ်'' ဟု ငါးဆူတောင် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ရတက်ချိန် ရေလယ်အထိ သွား ကြည့်ပါက အန္တရာယ်ရှိနိုင်ပြီး ယခုကာလ သည် မိုးများသော မိုးရာသီအချိန်ဖြစ်သော ကြောင့် ဆယ်ယူရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ရန်ကုန်မြစ်အလယ်သို့ သွား ရောက်ကြည့်ရှုသူများမှာ အန္တရာယ်နှင့် ကြုံ တွေ့နိုင်ကြောင်း သိရသည်။
''အန္တရာယ်တော့ များတယ်။ ရေ လယ်ကို သွားမကြည့်သင့်ဘူး။ အန္တရာယ်ဆို တာ မြင်ရတဲ့ လေဒဏ်၊ လှိုင်းဒဏ်တွေ ရှိ သလို မမြင်ရတဲ့ အန္တရာယ်တွေလဲရှိနိုင်တယ်။ ပေးဆပ်မှုတွေ ရှိနိုင်တယ်။ လုပ်ငန်းအောင် မြင်ခါနီးအချိန်ဆိုရင် အဖျက်အမှောင့်တွေ ရှိနိုင်တယ်။ ရေလယ်ကို သွားခွင့်မပြုသင့် ဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးကို လေ့ လာကြည့်ရှုနေသော ဆရာတော်တစ်ပါးက မိန့်ကြားသည်။
လက်ရှိအချိန် မိုးရာသီကာလ တွင် ရန်ကုန်မြစ်အတွင်း လေတိုက်နှုန်းမှာ လည်း ပြင်းထန်ကာ သမ္ဗန်စီးသူများအား လှိုင်းလုံးများ ရိုက်ခတ်ခြင်း၊ သမ္ဗန်လူးခြင်း ခံရသည်။
''ရေလယ်ကို သွားကြည့်တာ ကြောက်ဖို့ အရမ်းကောင်းတယ်။ လှိုင်းလူး ပြီး မျက်နှာကို ရေတွေစင်တယ်။ လေတွေ တအားတိုက်တယ်။ မိုးရွာတဲ့အချိန်ဆို ပို ဆိုးမယ်။ အန္တရာယ်များတဲ့အတွက် မသွား သင့်ပါဘူး။ သမ္ဗန်တစ်ခါစီးရင် တစ်ယောက် ကို ကျပ် ၁ဝဝဝ ကျပါတယ်''ဟု ရေလယ် အထိသွားခဲ့သူ အမျိုးသမီးတစ်ဦးက ပြော သည်။

 ခေါင်းလောင်းဆယ်ယူမှုအခြေအနေ
*************************

Sunday, August 17, 2014

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

       
        အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။
Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုးကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်းတပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။
ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။
ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ ရိုက်ခတ်မှုနှင့် တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန် အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။
Google ၏ ဖိုင်ဘာကြိုးများအတွက် အကာအကွယ်ပေးမည့် ကက်ဗ်လာသားကို DuPont ကုမ္ပဏီက တာဝန်ယူ ဖန်တီးပေးသည်။ ဖိုင်ဘာလိုင်းများသည် တစ်စက္ကန့်လျှင် Data ပမာဏ 1GB မျှထိ ပို့ဆောင်ပေးနိုင်ပြီး သမားရိုးကျ ကြေးနီကြိုးလိုင်းများထက် မြန်နှုန်း အဆ(၁၀၀)ခန့် သာလွန်သည်။ အဆိုပါ ကြေးနီကြိုးလိုင်းများကိုမူ ငါးမန်းများက ကိုက်ဖြတ်လေ့ မရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Credited By-
7Day News Journal

Saturday, August 16, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူနေသောနေရာအနီး သဲတင်သမ္ဗန်နှစ်စီးတိုက်မိ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် လုပ်ငန်းခွင်အနီး၌ သဲတင်သမ္ဗန်နှစ်စီးတိုက်မိ ခဲ့ရာ တိုက်ခံရသည့် သမ္ဗန်တစ် စီးနစ်မြုပ်သွားပြီး လူတစ်ယောက် မှသေဆုံးခြင်းမရှိဘဲ ၀င်တိုက်ခဲ့ သော သမ္ဗန်မှာမောင်းပြေးသွား ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပု ဇွန်တောင်ချောင်းတို့ဆုံရာ ဓမ္မစေ တီခေါင်းလောင်းဆယ်ယူနေ သည့်လုပ်ငန်းခွင်အနီး၌ သြဂုတ်  ၁၃ရက် ညနေက ‘‘အောင်မင်္ဂလာ’’သဲတင်သမ္ဗန်နှင့်အခြား သဲတင်သမ္ဗန်တစ်စီးတို့တိုက်မိခဲ့သဖြင့်အောင်မင်္ဂလာသဲတင်သမ္ဗန်မှာ နစ်မြုပ်သွားခဲ့ပြီး အခြားသဲတင်သမ္ဗန်မှာ မောင်းပြေးသွားခဲ့သည်။ရေယာဉ်နှစ်စီးတိုက်မိမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။

‘‘နှစ်စီးတိုက်မိပြီး အတိုက်ခံ ရတဲ့ သမ္ဗန်ကနစ်သွားလို့ လူ တွေတော့အသက်ဆုံးရှုံးမှုမရှိဘဲ လွတ်မြောက်လာတယ်။မောင်း ပြေးသွားတဲ့ သမ္ဗန်ကိုစုံစမ်းနေ ဆဲပါ။ ဘယ်လိုတိုက်တယ်ဆိုတာ နဲ့ မြုပ်သွားတဲ့ သမ္ဗာန်ပေါ်မှာလူ ဘယ်နှယောက်ပါတယ်ဆိုတာ တော့ စုံစမ်းစစ်ဆေးနေဆဲပါ’’ဟု ဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။
ယင်းသို့ ရေယာဉ်ကိုမဆင်မ ခြင်မောင်းနှင်ကြသူများဖြစ်သည့်  အောင်မင်္ဂလာသဲတင်သမ္ဗန်ရေ ယာဉ်မောင်းနှင့် မောင်းပြေးသွား သည့်သဲတင်သမ္ဗန်ရေယာဉ် မောင်းနှစ်ဦးကို ဆိပ်ကမ်းမြို့မရဲစခန်းမှပြစ်မှုပုဒ်မ ၂၈၀ဖြင့်အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်းအဆိုပါရဲအရာရှိကပြောသည်။
သြဂုတ် ၉ရက်မှစတင်ကာ ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ခြင်းလုပ်ငန်းဆောင်ရွက်နေရာသြဂုတ် ၁၅ရက်၌ ခုနစ်ရက်တိုင်ပြီဖြစ်သော်လည်း ခေါင်းလောင်းဆယ်ယူရရှိနိုင်ရေးမှာထူးခြားမှုမရှိသေးကြောင်းသိရှိရသည်။ ဓမ္မစေတီခေါင်းလောင်းရှာဖွေရာအဆိုပါနေရာသည် ရေစီးကြမ်းသဖြင့် ကော့သောင်းမှ ဆလုံတိုင်းရင်းသားများက ရေငုပ်ကိရိယာမပါဘဲနေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်တိုင် ၁၅မိနစ်စီရေငုပ်ပြီး ရှာဖွေနေသည်။

Credit By -- 7Day News Journal

Blog APK Download

        www.wailinn.blogspot.com အား Mobile မှ ၀င်ရောက်နိုင်ရန်အတွက် အောက်ပါ Link မှ APK များအား Download ယူ၍ရနိုင်ပါသည်။

*****************************************************************
**************************************************
***********************************
***************************
****************
********
**
*

SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခြင်း

SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခြင်းကြောင့် မြန်မာနိုင်ငံမှ အင်တာနက်အသုံးပြုသူများ ကွန်နက်ရှင်နှေးကွေးမှုဖြစ်စဉ်ကို တစ်လခန့် ကြုံတွေ့ရမည်
=============================================
ပင်လယ်ရေအောက်ဆက်ကြောင်းSEA-ME-WE 3 ပြတ်တောက်မှု သြဂုတ်၁၂ရက်နေ့ကဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများမှာ ကွန်နက်ရှင်နှေးကွေးမှုဖြစ်စဉ်ကို ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်ကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိအရာရှိတစ်ဦးက"ဒီဆက်ကြောင်းပြန်ပြင်မှာ ၁၅ရက်ကနေ ရက်၃၀လောက်အထိကြာနိုင်တယ်။ ကျွန်တော်တို့အခုကတည်းကပြင်ဆင်နေပါပြီ။အင်တာနက်ကွန်နက်ရှင်က ပုံမှန်အသုံးပြုတဲ့နှုန်း ၄ပုံမှာတစ်ပုံလောက်ပဲရနိုင်မယ်"ဟုပြောခဲ့သည်။
မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြားဆက်သွယ်ထားသည့် SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း အလားတူ ဆက်ကြောင်းများပြတ်တောက်သည့်အတွက်ကြောင့် ကွန်နက်ရှင်နှေးကွေးမှုကို တစ်လထက်မနည်း ခံစားခဲ့ကြရသည်။


Fiber to the Home (Fortune)

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်ကမ္ဘာကျော် အမြင်။


သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်ကမ္ဘာကျော် အမြင် ။ 





အိန္ဒိယလူမျိုးတစ်ယောက်က ဆရာတော်ကို အရှင်ဘုရား ဗုဒ္ဓဘာသာကို( Religion ) ဘာသာ တရား လို့ဆိုနိုင်ပါသလားလို့ မေးပါတယ်။
ဆရာတော်က ‘‘ဗုဒ္ဓဘာသာဟာ Religion မဟုတ်ဟု‘‘ ရဲဝံ့ပြတ်သားစွာ ဖြေဆိုခဲ့ပါတယ်။
‘‘ရီလေးဂျင်းမဟုတ်ရင် အရှင်ဘုရားကဘာလို့ပြောချင်တာလဲ‘‘
‘‘ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။‘‘
‘‘ Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား‘‘
‘‘Religion ဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ်မပါဘူး။
ယုံကြည်ခြင်း၊ရှိခိုးခြင်း ၊ ဆုတောင်းချင်းတို့ပဲရှိပါတယ်။
ယုံကြည်မှုနှင့်ဆုတောင်မှုကိုပဓာန မထားပဲ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာဟာ ဗုဒ္ဓ ဘာ သာပါ။‘‘
ဒါဆိုရင် ဗုဒ္ဓဘာသာဟိာ (Philosophy) လို့ဆိုရင် ကောရပါသလားလို့ ဒကာကထပ်မေးပါတယ်။
ဆရာတ်ာက ‘‘မရပါဘူ။ ဒီလိုတစ်ဘက်သက်လည်းမပြောနိုင်ပါဘူး။
ဖီလောဆိုဖီ ဆိုတာ အသိသက်သက်ပဲ ။ အကျင့်စရဏမပါဘူး။‘‘
‘‘ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘
ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက ယုတ်ညံတဲ့ကိလေသာ တွေ အကုန် ရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတော့ ချမ်းသာသုခကို အမှန်တကယ်ရတာပါပဲ။‘‘
‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။ မိမိစိတ်ဓါတ်ရဲ့ တိုးတက် ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန်တန်ဖိုး ထက်မြတ်တဲ့ စိတ်၊စေတသိတ်တို့ကို အသုံချကျင့်ရတာဟာ ဗုဒ္ဓဘာသာပါပဲ‘‘ ဟု ဆရာ တော်က မိန့်ဆိုလိုက်ပါတယ်။
Credit : Min Thant Aung

Thursday, August 14, 2014

အီဘိုလာ နှစ်ရက်အတွင်း ၅၆ဦးသေဆုံး

    
     လက်ရှိဖြစ်ပွားနေတဲ့ အဆိုးရွားဆုံး အီဘိုလာရောဂါကူးစက်ပြန့်ပွားမှုကြောင့် သြဂုတ် ၁၃ အထိ သေဆုံးသူ ၁၀၆၉ဦး ရှိလာပြီး နှစ်ရက် အတွင်း ၅၆ဦးသေဆုံးခဲ့တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ကြေညာပါတယ်။ ရောဂါကူးစက်သူ ၂၀၀၀ နီးပါးအထိရှိလာပြီလို့ လည်း ဆိုပါတယ်။
အီဘိုလာကြောင့် လူပေါင်း ၃၇၇ဦးသေဆုံးခဲ့ရတဲ့ အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂီနီ နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံ့ ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
အီဘိုလာ ရောဂါဟာ ဂီနီ၊ လိုက်ဘေးရီးယား နဲ့ ဆီယာရာလီယွန် နိုင်ငံတွေမှာ အဓိကကူးစက်ဖြစ်ပွားနေပြီး နိုင်ဂျီးရီးယား မြို့တော် လားဂို့စ် မှာလည်း လူ ၃ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ယင်းဗိုင်းရပ်စ် ဟာ ပစ္စည်းကိရိယာမစုံလင်၊ ကျန်းမာရေးစနစ်ချို့တဲ့ တဲ့ အခြေအနေတွေမှာ လုပ်ကိုင်ရသူ ဆရာဝန်တွေကိုလည်း ဆိုးရွား စွာ ဒုက္ခပေးလျက်ရှိပါတယ်။ လိုက်ဘေးရီးယား ဟာ ရောဂါကူးစက်ခံရသူ ဆရာဝန် နှစ်ဦးရဲ့ အသက်ကိုကယ်ဖို့ ကြိုးစားနေရပြီး စမ်းသပ် ဆဲဆေးဝါးဖြစ်တဲ့ ZMapp ဆေးတွေ အမေရိကန်ဆီကနေ အချိန်မီရောက်လာဖို့ မျှော်လင့်နေကြပါတယ်။ ဆီယာရာလီယွန် မှာတော့ နိုင်ငံ ရဲ့ အတော်ဆုံး ဆရာဝန်ကြီး နှစ်ဦး ယင်းရောဂါ ကူးစက်ခံရကာ သေဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။


ဘာသာပြန်သူ - စုပြည့်စုံ ( Kumudra )