အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Saturday, May 18, 2013

မျောက်စိတ်တို..


            တစ်ခါတုန်းက တောအုပ်လေးတစ်အုပ်တွင် မျောက်လေးတစ်ကောင်နေထိုင်သည် ။ ထိုမျောက်လေးသည် စိတ်လည်းအလွန်တိုတက်ကာ ဘယ်အရာကိုမှ ရှည်ရှည်မတွေးတတ်ပဲ ပြီးစလွယ်နေထိုင်သည် ။

တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်နှင့်ရောက်ရှိလာပြီးလယ်သမားတစ်ဦး၏ ခြံနားသို့ချဉ်းကပ်လာမိသည် ။ မျောက်ကားဤသို့စဉ်းစား၏ ။

“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရင်တော့ လယ်သမားမသိတန်ရာဘူး ” ဆိုပြီး လယ်သမားအိမ်နားကိုချဉ်းကပ်သွားတော့တယ် ။

ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ ပဲစေ့တွေကို တစ်ခုခုနဲ့ထည့်ယူဖို့မစဉ်းစားပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူလာခဲ့တဲ့အတွက် နည်းနည်းပဲယူလာနိုင်ခဲ့တယ် ။ ဒီလိုနဲ့ပြန်လာတဲ့လမ်းတလျောက်မှာ ပြေးရင်းလွှားရင်းနဲ့လက်ကြားထဲကပဲစေ့တစ်စေ့ကထွက်ကျသွားခဲ့တယ် ။

ဒီတော့ မျောက်ဟာ အဲဒီထွက်ကျသွားတဲ့ ပဲစေ့တစ်စေ့ကိုလိုက်ကောက်ဖို့ကြိုးစားတဲ့အခါ လက်ထဲကပဲစေ့ အစေ့ ၂၀ လောက်ထွက်ကျသွားပြန်တယ် ။ ဒီလိုနဲ့ကျသွားတဲ့ပဲစေ့တွေလိုက်ကောက်ဖို့ကြိုးစားလိုက်လက်ထဲကဆုပ်ထားတဲ့ပဲစေ့တွေထွက်ကျလိုက်နဲ့ ချာချာလည်နေပြီးနောက်ဆုံးမှာတော့ မျောက်ဟာ စိတ်တိုပြီးလက်ထဲရှိသမျှ ပဲစေ့တွေအကုန်ပစ်ချပြီး လက်ဗလာနဲ့ပဲ တောထဲပြန်ဝင်သွားခဲ့ပါတော့တယ် ။

==========================

ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို အသုံးမချပဲ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက် နှမျောတသ လိုက်လံဆယ်ယူနေတုန်းလက်ရှိအခွင့်အရေးတွေပါ ထပ်မံဆုံးရှုံးရတတ်ပါတယ် ။

လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမှာပါပဲ

အကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထားလို့မရနိုင်ပါဘူး အချို့သောအရာတွေလွတ်ကျပါစေ . . .

ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တဲ့အရာတွေကိုတော့ လွတ်ကျသွားတဲ့တချို့သောအရာတွေအတွက် ထပ်မံအဆုံးရှုံးမခံပါနဲ့ ။

သက်တန့်ချို
A monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။

Monday, May 13, 2013

တပါးသူကို အထင်မသေးပါနဲ့...


                တစ်ခါက နာမည်ကြီး တက္ကသိုလ်မှဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက်လည်ပတ်ခဲ့သည်။ရွာသို့ရောက်သော် လှေတစီးငှားပြီးမြစ်တစ်လျှောက်လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား

" ခင်ဗျားရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာအရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့...
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကိုမကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာအလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.။။။။။။။..။။။.

Friday, May 10, 2013

ပန်းသီး ပုံပြင်


 တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ် ။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။ 

“ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေကအရမ်းပူပြီး ရေကလည်းအရမ်းငတ်နေတဲ့အချိန်ရေဘူးကလည်းမပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး နှစ်လုံးပါခဲ့မယ်ဆိုရင်သားဘာလုပ်မလဲ ” 

သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီါ်ပြန်ဖြေတယ် ။ “ ပန်းသီး နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။

သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ သူသိချင်နေမိတယ် ။

“ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီးပြောရတယ်ဆိုတာ မေမေ့ကိုပြောပြပါလား ”

သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ် ။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး အလုံးကို မေမေ့ကို ပေးမလို့ပါ ”

မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရတယ် ။

====================

ယုံကြည်ပြီးခွင့်လွှတ်တတ်တဲ့စိတ်နဲ့ဆက်ဆံလိုက်ခြင်းဟာ နှစ်သိမ့်ဖွယ်အဖြေကိုရစေပါတယ် ။ အကယ်၍ သာ တခြားမိဘတွေလို သားငယ်ကို ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့အဖြေကိုရမှာမဟုတ်ပါဘူး ။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးလိုက်တာဟာ အကောင်းဆုံးယုံကြည်ခွှင့်လွှတ်လိုက်ခြင်းဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။

သက်တန့်ချို
Thinking Concepts စာစုများထဲမှ A love to give MOM အား ဆီလျော်သလိုဘာသာပြန်သည် ။