အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Tuesday, February 19, 2013

မိတ်ဆွေများသို့...

         ကျွန်တော် ဒီပို့စ်လေးကို အလုပ်နားတဲ့နေ အ၀တ်အစားတွေ မီးပူတိုက်ရင်းနဲ့..တွေးမိတွေးရာတွေးရင်း..ရေးဖြစ်သွားတာပါ..ပို့စ်တွေ မတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီ...အလုပ်မအားတာလဲ ပါတယ်..ပြီးတော့..အချိန်...အချိန်တော်တော်ရှာပါးတယ် ဗျာ..မိတ်ဆွေတို့မှာ အချိန်လေးများပိုရင် နဲနဲလောက်မျှပါလား..တစ်မိနစ် ဆီလောက်ပေါ့... အားမနာတမ်းသာ တောင်းနေတယ် ..မိတ်ဆွေတို့လဲ..အချိန်ရှားကြမှာပဲနော်.. ကျွန်တော်နားလည်ပါ တယ်..တစ်နေ့တစ်နေ့ အလုပ်အတွက်..စားဖို့ အတွက်..အိပ်ဖို့အတွက်..စာဖတ်ကြဖို့..ကိုယ်ဝါသနာပါတာလေးတွေ လုပ်ကြဖို့..သီချင်းနားထောင်ကြဖို့. အင်တာနက်သုံးကြဖို့.. ကော်ဖီသောက်ဖို့..စတာတွေနဲ့ပဲ အချိန်တွေ ကုန်ဆုံးနေကြတယ်.. တစ်ချို့ကြတော့ လည်း ဘာသာရေး လိုက်စားကြတယ်ပေါ့နော်.. ဒီလို့နဲ့ပဲ လောကမှာ အချိန်တွေကို ကုန်ဆုံးနေကြတယ်.. ကျွန်တော်လဲ အပါအ၀င်ပေါ့.. လူမှုရေးအတွက် အချိန်တောင် မပေးနိုင်ခဲ့ဘူး.. ကိုယ့်အတွက် ဆိုတာပဲကြည့်နေတာ..(ကျွန်တော့ကိုယ် ကျွန်တော်ပြောတာ  :D)  အခုဆိုရင်ပိုလို့တောင် ဆိုးသွားပြီ..အရင်နည်းနည်း လုပ်ပေးနိုင်တယ်..ကိုယ်တတ်ကျွမ်းတဲ့ ပညာလေးနဲ့..သူတပါးကိုပေါ့.. ကူညီခဲ့ပါတယ်.. အခုတော့ .. ဘာဖြစ်လို့လဲသိလား.. ကျွန်တော့မှာ  ကောင်မလေးတစ်ယောက်ရနေပြီလေ.. ဒီလောက်ဆို မိတ်ဆွေများကို..အရင်လို အချိန်မမျှနိုင်တော့တာကို..ခွင့်လွှတ်နိုင်ကြမယ်ထင်ပါတယ်.. ကျွန်တော်ထင်တယ်..နောက်ဆို..စီးပွားရေး လူမှုရေး..မိသားစုရေး..ဘာရေးညာရေးတွေနဲ့.. မိတ်ဆွေတွေကို ပိုလို့တောင် အားနာရအုံးမယ်ထင်ပါ တယ်..နားလည်ပေးကြပါလို့..တစ်လက်စတည်း..တောင်ပန်းချင်ပါတယ်... ကျွန်တော့ ကို အချိန် တစ်မိနစ်စီလောက်..ပေးနိုင်ကြရင် ..ကောင်းမယ်ဗျာ..ကျွန်တော်က တော်တော် မတရားတဲ့ကောင်ပဲလို့ မထင်မိဘူးလား..မတရားဘူးဗျ..ဟုတ်တယ်.. ဘလော့မှာတော့..အများအကျိုးရွက်သယ်ပိုးက.. ဘာညာနဲ့ လုပ်တော့တလွဲ.. တောင်းပန်ပါတယ်ဗျာ..နားလည်ပေးကြပါ...အချိန်ကို အကောင်းမွန်ဆုံး မျှဝေသုံးစွဲကြစေချင်ပါတယ်ဗျာ..ကျွန်တော့ လိုတော့ မလုပ်ကြနဲ့နော် မတရားဘူး.. တခြားသူဆီကတော့ အချိန်တောင်းတယ်..ကိုယ်ကြတော့ပြန်မပေးချင်ဘူး..
နားလည်ပေးကြပါ..
နားလည်ပေးကြပါ..
တောင်းပန်ပါ၏။။။။။။။။။

အားလုံးကို ခင်မင်လျှက်..
ဝေလင်းကျော်