အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Saturday, August 16, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူနေသောနေရာအနီး သဲတင်သမ္ဗန်နှစ်စီးတိုက်မိ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် လုပ်ငန်းခွင်အနီး၌ သဲတင်သမ္ဗန်နှစ်စီးတိုက်မိ ခဲ့ရာ တိုက်ခံရသည့် သမ္ဗန်တစ် စီးနစ်မြုပ်သွားပြီး လူတစ်ယောက် မှသေဆုံးခြင်းမရှိဘဲ ၀င်တိုက်ခဲ့ သော သမ္ဗန်မှာမောင်းပြေးသွား ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပု ဇွန်တောင်ချောင်းတို့ဆုံရာ ဓမ္မစေ တီခေါင်းလောင်းဆယ်ယူနေ သည့်လုပ်ငန်းခွင်အနီး၌ သြဂုတ်  ၁၃ရက် ညနေက ‘‘အောင်မင်္ဂလာ’’သဲတင်သမ္ဗန်နှင့်အခြား သဲတင်သမ္ဗန်တစ်စီးတို့တိုက်မိခဲ့သဖြင့်အောင်မင်္ဂလာသဲတင်သမ္ဗန်မှာ နစ်မြုပ်သွားခဲ့ပြီး အခြားသဲတင်သမ္ဗန်မှာ မောင်းပြေးသွားခဲ့သည်။ရေယာဉ်နှစ်စီးတိုက်မိမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။

‘‘နှစ်စီးတိုက်မိပြီး အတိုက်ခံ ရတဲ့ သမ္ဗန်ကနစ်သွားလို့ လူ တွေတော့အသက်ဆုံးရှုံးမှုမရှိဘဲ လွတ်မြောက်လာတယ်။မောင်း ပြေးသွားတဲ့ သမ္ဗန်ကိုစုံစမ်းနေ ဆဲပါ။ ဘယ်လိုတိုက်တယ်ဆိုတာ နဲ့ မြုပ်သွားတဲ့ သမ္ဗာန်ပေါ်မှာလူ ဘယ်နှယောက်ပါတယ်ဆိုတာ တော့ စုံစမ်းစစ်ဆေးနေဆဲပါ’’ဟု ဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။
ယင်းသို့ ရေယာဉ်ကိုမဆင်မ ခြင်မောင်းနှင်ကြသူများဖြစ်သည့်  အောင်မင်္ဂလာသဲတင်သမ္ဗန်ရေ ယာဉ်မောင်းနှင့် မောင်းပြေးသွား သည့်သဲတင်သမ္ဗန်ရေယာဉ် မောင်းနှစ်ဦးကို ဆိပ်ကမ်းမြို့မရဲစခန်းမှပြစ်မှုပုဒ်မ ၂၈၀ဖြင့်အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်းအဆိုပါရဲအရာရှိကပြောသည်။
သြဂုတ် ၉ရက်မှစတင်ကာ ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ခြင်းလုပ်ငန်းဆောင်ရွက်နေရာသြဂုတ် ၁၅ရက်၌ ခုနစ်ရက်တိုင်ပြီဖြစ်သော်လည်း ခေါင်းလောင်းဆယ်ယူရရှိနိုင်ရေးမှာထူးခြားမှုမရှိသေးကြောင်းသိရှိရသည်။ ဓမ္မစေတီခေါင်းလောင်းရှာဖွေရာအဆိုပါနေရာသည် ရေစီးကြမ်းသဖြင့် ကော့သောင်းမှ ဆလုံတိုင်းရင်းသားများက ရေငုပ်ကိရိယာမပါဘဲနေ့စဉ်တစ်ကြိမ်မှ နှစ်ကြိမ်တိုင် ၁၅မိနစ်စီရေငုပ်ပြီး ရှာဖွေနေသည်။

Credit By -- 7Day News Journal

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...