အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Tuesday, March 20, 2012

အရည်အချင်းနှင့် လက်တွေ့

     ကဲ မိတ်ဆွေတို့ရေ ဖတ်ကြည့်ပေးပါအုံး....တကယ်မှတ်သားထိုက်တဲ့ ပုံပြင်လေးတခုပါပဲ.......အောင်မျိုထွန်း ဘလော့ ကနေမျှလိုက်တာပါ.....ကိုယ်ကို  ကိုယ် ဘ၀င်မြင့် အောက်ခြေလွတ်နေသူများ အတွက်တော့ မှတ်သားစရာ တစ်ခုပါပဲ.....
တကယ်ဆိုရင် လူတိုင်းလူတိုင်းဟာ  ကိုယ်ကို ကိုယ် အထင်ကြီး ၊ ဘ၀င် မြင့်မနေပဲ လူများကို လူလို ဆက်ဆံ ရန်မှာ အလွန်အရေးကြီးသော အချက်ပင်ဖြစ်ပေသည်။မိတ်ဆွေတို့ရေ ပုံပြင်လေးကို ဖတ်ကြည့်ပေးပါအုံးနော်.....

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)

1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net
http://www.myanmarmobileapp.com




မန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။

Monday, March 19, 2012

Facebook Virus ကိုဘယ်လိုရှင်းမလဲ

   ကဲမိတ်ဆွေတို့ရေ....အခုတလောပြန့်နေတဲ့ Facebook Virus  လေးအကြောင်းကို ကူးယူဝေမျှလိုက်တာပါ
မူရင်းဘလော့ ကတော့ www.lubo601.com ပါ...ကျွန်တော် ကိုယ်တိုင် အချိန်သိပ်မရလို့ ကိုယ်ပိုင်
knowledge လေးတွေ မဝေနိုင်သေးတာ ခွင့်လွှတ်ပေးကြပါလို့လည်း တောင်းပန်းချင်ပါတယ်.....
အခုလိုဝေမျှခွင့်ပေးတဲ့ blog ပိုင်ရှင်ကိုလည်း အထူးပဲ ကျေးဇူးတင်မိပါသည်။..

အခုတစ်လော  Facebook  မှဝင်လာတဲ့  Malware  ကတော်တော်လေးကိုဒုက္ခပေးနေတာတွေ့ရပါတယ်
ဒီကောင်ဝင်လာပြီဆိုတာနဲ့စက်မှာရှိတဲ့ဘယ်  Antivirus  မဆိုအလုပ်မလုပ်တော့ပါဘူး..။ဖြုတ်လို့တောင်
မရတော့ပဲအသစ်ပြန်တင်တာနဲ့စက်က  Restart ထိုးထိုးကျသွားပြီးဘာမှကိုလုပ်လို့မရဘူးဖြစ်နေတာကို
တွေ့ရပါတယ်..အခုအကိုတစ်ယောက်ကလဲမေးထဲတာနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းလေးကိုအောက်
မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..
မဖြစ်သေးတဲ့သူတွေလဲသတိထားစေချင်လို့အဲ့ဒီအကိုပို့လိုက်
Virus ၀င်လာပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်..

Tuesday, March 13, 2012

ကိုယ့်ကိုကိုယ် အရင်ပြင်ပါ

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"
ဆိုပြီး လာပြောတယ်။

Monday, March 12, 2012

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်


   အောင်မျိုးထွန်းဘလော့မှ ကူးယူဖော်ပြလိုက်တာပါ....ကျွန်တော် တော်တော်လေး နှစ်သက်မိလို့ပါ..
ကျွန်တော် လည်း အမေ့ကို သတိရလို့ပါ ..အမေ ကွယ်လွန်တာ အခု ဆို  ၈ နှစ်ကျော်သွားပါပြီ...ကမ္ဘာပေါ်ရှိဘယ်မိခင်တိုင်းမဆို...သားသမီး ကိုချစ်ကြတာပါပဲ..
ဒါပေမယ့် အမေက တော့ သူများတွေထပ်ပို လိမ့်မယ်ထင်ပါတယ်..

Sunday, March 11, 2012

Intel Processor

intel ရဲ့  Nehelem နည်းပညာကိုအခြေခံထားတဲ့ Core Series တွေ CPU လောကကိုစိုးမိုးနေတာအားလုံးအသိပဲဖြစ်မှာပါ။

Core Series CPU အကြောင်းကိုမပြောခင်မှာ အရင်ဆုံးသိထားရမယ့် အခေါ်အဝေါ်လေးတွေကိုအရင်ပြောသွားပါမယ်။
အဲဒါတွေကတော့…..
၁။ Die ( integrated circuit ) Wafer ဆိုတဲ့ Silicon ကနေ CPU လုပ်ရန်ဖြတ်ထုတ်လိုက်တဲ့ Integrated Circuit ကို Die လို့ ခေါ်တာပါ။
၂။ Core ဆိုတာ Die တစ်ခု ပေါ်မှာတည်ဆောက်ထားတဲ့ CPU Chip တစ်ခု (သို့ မဟုတ်) CPU တစ်လုံးအတွက်အဓိကအကျဆုံးအစိတ်အပိုင်း (သို့ မဟုတ်) Real Processing Unit
၃။ Thread ဆိုတာ လမ်းကြောင်း သို့ လုပ်ဆောင်မှု့ တစ်ခုပါ။
၎။ Hyper Threading Technology ဆိုတာ Thread လမ်းကြောင်းနှစ်ခုကို Processor ( Core ) တစ်ခုတည်းပေါ်မှာအပြိုင်သွားလာစေရန်ဆောင်ရွက်ပေးသည်။
၅။ Multi Core ဆိုတာ Die တစ်ခုပေါ်မှာ တစ်ခုထက်ပိုသော Core တွေကိုထည့်သွင်းတည်ဆောက်သည့်နည်းပညာကိုခေါ်သည်။
၆။ Cache ဆိုသည်မှာ CPU တွင် Core များအလုပ်လုပ်ရန်အတွက်အသုံးပြုသော(ထည့်သွင်းတည်ဆောက်ထားသော) Static Memory
၇။ Turbo Boost Technology ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ Core များစွာပါပေမယ့် Application တစ်ခု Run နေစဉ်မှာ Core တစ်ခုသာလိုအပ်မယ်ဆိုရင် Core တစ်ခုတည်းနဲ့ ပဲလုပ်ဆောင်ပေးပြီးတော့ တစ်ခုထက်ပိုသော
Core လိုအပ်တယ်ဆိုမှ Auto ထုတ်သုံးတဲ့နည်းပညာဖြစ်တဲ့အတွက် Performance ပိုင်းအတွက်
စိတ်ချရပြီးတော့ ပါဝါစားသုံးမှု့ ကိုလည်းချွေတာရာရောက်စေတဲ့နည်းပညာပါ။

၈။ Smart Cache ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ CPU ထဲမှာပါတဲ့ Cache Memroy တွေဟာ လိုအပ်လျှင် Dynamically ပေါင်းစပ်ပြီးတော့ Performance ကိုပိုမိုကောင်းမွန်စေပါတယ်။
၉။ QPI ဆိုတာ Quick Path Interconnect လို့ ခေါ်တဲ့နည်းပညာပါ။ လိုအပ်တဲ့အချိန်မှာ CPU အတွင်းမှာရှိတဲ့ Core တွေ Memory တွေက Point to Point ချိတ်ဆက်ပြီးတော့ Hyper Transport လုပ်နိုင်ပါတယ်။

Huawei U8650 Android 2.3.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်နည်း

root လုပ်လို့အောင်မြင်တဲ့ နည်းလမ်း ၂-ခု ရှိပါတယ်
မိမိအတွက် အဆင်ပြေမဲ့ နည်းလမ်းနဲ့
အသုံးပြုလို့ရပါတယ်။
Huawei U8650 Android 2.3.3 ကို root လုပ်ဖို့အတွက်
လိုအပ်တဲ့ root tool များကို download ဆွဲပါ

ပုံစံ ၁ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
http://minus.com ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
OR
Direct link ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
ပုံစံ ၂ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
root file အားရယူရန်

ဥပမာအနေနဲ့ root လုပ်ပြမဲ့ Huawei U8650 ရဲ့ အချက်အလက်ပါ

Model number
U8650
Android version
2.3.3
Baseband version
60501009
Kernel version
2.6.35.7-perf
android@localhost#1
Build number
U8650V100R001C223B826