အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Saturday, April 21, 2012

Computer အခြေခံ (For HARDWARE)

             အခြေခံမျှသာဖြစ်ပါသည်..... လေ့လာပေးပါ....
ကွန်ပြူတာကို အပိုင်းခွဲကြည့်မယ် ဆိုရင်တော့ နှစ်မျိုးပဲ ရှိပါတယ် ...
၁ ။ Hardware
၂ ။ Software ပဲဖြစ်ပါတယ်

ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Personal computer(pc) နဲ့ပဲ တင်ပြပေးသွားမှာ ဖြစ်ပါတယ် ကွန်ပြူတာတစ်လုံးဖြစ်လာဖို့အတွက် အစိတ်အပေါင်းမြောက်များစွာပါဝင်တဲ့ system တစ်ခုလိုပါတယ်
အဲဒီမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကတော့ - အောက်ပါတို့ပဲဖြစ်ပါတယ်..

1. CPU ( Central Processing Unit) Processor
2. Mother Board (system board)
3. Memory
4. Hard disk drive ( HDD )
5. Power supply
6. Monitor
7. VGA port & VGA cable
8. keyboard
9. Mouse

      ဒီအစိတ်အပိုင်းတွေ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ PC ဆိုတာကြီးက ဖြစ်လာပါပြီ၊ သုံးလို့ရပြီလားလို့မေးလာရင်တော့ သုံးလို့မရသေးပါဘူး OS (Operation System) လိုပါသေးတယ်
OS တွေကိုကတော့ Microsoft ကထုတ်တဲ့ OS ရှိမယ် apple ကထုတ်တဲ့ OS ရှိမယ် linux ကထုတ်တဲ့ OS ရှိမယ်ပေါ့ဗျာ.. OS တင်ခြင်းကို အများခေါ်တာကတော့ Windows တင်တယ်လို့ခေါ်ပါတယ်၊ တကယ်တော့ windows တင်တယ် ဆိုတာက Microsoft ကထုတ်တဲ့ window xp ,window vista,window 7 ,etc... စသည်တို့ တင်ခြင်းကို ခေါ်တာပါ၊ ထို့ကြောင့် windows တင်တယ်လို့ဆိုခြင်း ထက် OS တင်တယ် ဆိုရင် ပိုမှန်မယ်ထင်ပါတယ် ....
ကွန်ပြူတာ Hardware ကို အပိုင်းငါးပိုင်းခွဲပြီး သတ်မှတ်ထားပါတယ်
(၁) CPU (Central Processing Units)
(၂) Memory Units
(၃) Input Units
(၄) Output Units
(၅) Power Supply Units
တို့ပဲ ဖြစ်ကြပါတယ် ...

(၁) CPU (Central Processing Units)
            CPU (Central Processing Units) ကိုတော့ ကျွန်တော်တို့ က processor ဟု နောက်တစ်မျိုးခေါ်ပါသေးတယ်။ Processor ကတော့ ကွန်ပြူတာ တစ်လုံးရဲ့ ဦးနှောက်ပင် ဖြစ်ပါတယ်
သူက တွက်ချက်မှုကိုလုပ်ဆောင်နိုင်ပါတယ် .. ထိန်းချူပ်မှု အပိုင်းကိုလဲ လုပ်ဆောင်ပေးနိုင်ပါတယ်..

(၂) Memory Units

Memory အပိုင်းမှာတော့ ကျွန်တော်တို့ နှစ်မျိုးခွဲထားပါတယ် ခင်ဗျာ
1. Primary Memory
2. Secondary Memory

1. Primary Memory
Primary Memory ရဲ့ သဘောကတော့ ယာယီ သိုလှောက်မှုပါပဲ ခင်ဗျာ... သူက ပါဝါ ရနေတဲ့ အချိန်မှာ သိုလှောင်ထားနိုင်ပြီး ပါဝါ မရရှိတော့ တဲ့ အချိန်မှာ တခြား Storge Device
ထဲကို အချိန်မှီ မသိမ်းစည်းနိုင်ပါက ပျောက်ပျက်သွားမှာဖြစ်ပါတယ် ..

2. Secondary Memory
Secondary Memory ကတော့ သိုလှောင်မှု သက်သက်သာ ဖြစ်ပါတယ် သူက ပါဝါ ရှိရှိ မရှိရှိ အလုပ်လုပ် နိုင်ပါတယ် ပါဝါ ရှိနေတဲ့ အချိန်မှာ သိမ်းစည်း ထားနိုင်ပြီး ပါဝါ မရှိတော့ တဲ့ အချိန်မှာတော့ သိုလှောင်ထားနိုင်ပါတယ်..

(၃) Input Units
Input Units ကတော့ ကွန်ပြူတာထဲ တွက်ချက်မှု အပိုင်းကို Data နဲ့ Program တွေကို ထည့်သွင်းပေးတဲ့ Device တွေပဲ ဖြစ်ကြပါတယ် သူအကြောင်းကတော့ နဲလို့ တစ်ခါတည်း ရှင်းလိုက်ပါတော့မယ်

Input Units
Eg.. Keyboard , Mouse , Scanner, Mic , Light pen , etc

Keyboard

ခေါင်း သုံးမျိုးရှိပါတယ် Normal (5 pin)
PS/2 (6 pin)
USB (4 pin)
တို့ပဲ ဖြစ်ပါတယ်..

   အခု အသုံးများနေတာကတော့ PS/2 နဲ့ USB ပါ ကျွန်တော်ကတော့ USB ကို ကြိုက်ပါတယ် PS/2 က စက် run နေတဲ့ အချိန်မှာ ဖြုတ်လိုက်တက်လိုက်လုပ်လို့ မရပါဘူး USB ကတော့ ကြိုက်တဲ့ အချိန်တက် ကြိုက်တဲ့ အချိန် ဖြုတ်လို့ ရပါတယ် Mouse တွေမှာလဲ တုတူပါပဲ ခင်ဗျာ

Mouse

မောက်စ် မှာလဲ ခေါင်းသုံးမျိုး ရှိပါတယ်

Normal /စီရီရယ် (9pin)
PS/2 (6Pin)
USB (4Pin)

တို့ပဲ ဖြစ်ကြပါတယ် ..

ဝါယာလက် ကီးဘုတ်တွေ မောက်တွေမှာ လဲ USB sensor တွေပါပါတယ်..

(၄)Output Units
Output Units တွေကတော့ ကွန်ပြုတာ ရဲ က ထွက်လာတက် တွက်ချက်မှု နှင့် အခြားရလဒ်များကို လူသားတွေ နားလည်အောင် ပြသ ပေးနိုင်တဲ့ Device တွေပဲ ဖြစ်ပါတယ် .. သူတို့ က ပုံစံ နဲ့ ပြနိုင်တယ်ELectornic စာလုံးတွေ သင်္ကေသ တွေ ဂဏန်းတွေ စာ၇ွက်တွေပေါ်မှာ ပုံနိုင်ပြခြင်းတွေ အသံဖြင့် ဖော်ပြခြင်း ဒါမှမဟုတ် ပုံဖြင့် ပြသခြင်းတို့နဲ့ လူသားတွေ အတွက်နားလည်အောင် ပြုလုပ်ထားတဲ့ Device တွေပဲ ဖြစ်ပါတယ် .. ဥပမာ အနေနဲ့ printer ,speaker,Moniter, etc... Monitor

(၅)Power supply Unit
ကွန်ပြူတာ ရဲ အရေးအကြီးဆုံး ဖြစ်တဲ့ System box ဖြစ်တဲ့ ပုံးထဲမှာပါသော Motherboard,CPU က အစ led မီးသီးလေး တွေ ထိ ကို ပါဝါပေးထားတာကတော့ Power Supply Unit ပဲ ဖြစ်ပါတယ် ..

Power supply
power supply မှာ က 220(AC) ရှိပါတယ် ဒါပေမယ့် DC ပြောင်းပြီး ဘုတ်ပေါ်တက် ပေးတဲ့ အခါ မှာတော့ 110 ပဲချပေးပါတယ် ..

Power supply မှာ connector များစွာပါရှိပါတယ်
1. Main power connector
2. Minimolex power connector
3. Molex Power connectors
4. Help power connector

AT Mother board (ဟိုးအရင်သုံးခဲ့တဲ့ Mother board ) တွေအတွက်ဆိုရင်
Main Power connector တွေက
6 Pin နှစ်ချောင်းပါပါတယ်

- voltage 5V ကနေ 12v ထိရပါတယ်
-80 w ကနေ 250 w ထိရှိပါတယ်..

ATX Mother board တွေအတွက် ဆိုရင်
Main Power connector တွေက
20 Pin တစ်ချောင်း နဲ့ 4 Pin တစ်ချောင်းနဲ့ ပါလာပါတယ်
20 pin ကို support လုပ်ရင် 20 pin တစ်ချောင်းထဲ သုံးနိုင်အောင်
လို့ ခွဲထားပေးခြင်းဖြစ်ပါတယ်

- voltage 5V ကနေ 12V ကနေ 3.3V ထိရနိုင်ပါတယ်.
-300w ကနေပြီး 650w ထိရနိုင်ပါတယ်
-Pantiun 4 Motherboard တွေမှာ ဆိုရင်တော့
4pin 12V power connector လေးပါ ပါရှိလာမှာ ဖြစ်ပါတယ်..

အခုနောက်ပိုင်းမှာတော့ နည်းပညာတွေတော်တော်လေးကိုမြင့်မားနေပါပြီ...ဒါပေမယ့် အခြေခံကတော့
အပေါ်မှာ ကျွန်တော်တင်ပြခဲ့သလိုပါပဲ....

နည်းပညာ ဗဟုသုတများ တိုးပွားကြပါစေ...

3 comments:

  1. I got many knowledge.
    Thank for your post. I will be waiting for your next posts.

    ReplyDelete
  2. thank you brother
    very thank for your post

    ReplyDelete
  3. thank you brother
    very thank for your post

    ReplyDelete

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...