အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Sunday, March 11, 2012

Intel Processor

intel ရဲ့  Nehelem နည်းပညာကိုအခြေခံထားတဲ့ Core Series တွေ CPU လောကကိုစိုးမိုးနေတာအားလုံးအသိပဲဖြစ်မှာပါ။

Core Series CPU အကြောင်းကိုမပြောခင်မှာ အရင်ဆုံးသိထားရမယ့် အခေါ်အဝေါ်လေးတွေကိုအရင်ပြောသွားပါမယ်။
အဲဒါတွေကတော့…..
၁။ Die ( integrated circuit ) Wafer ဆိုတဲ့ Silicon ကနေ CPU လုပ်ရန်ဖြတ်ထုတ်လိုက်တဲ့ Integrated Circuit ကို Die လို့ ခေါ်တာပါ။
၂။ Core ဆိုတာ Die တစ်ခု ပေါ်မှာတည်ဆောက်ထားတဲ့ CPU Chip တစ်ခု (သို့ မဟုတ်) CPU တစ်လုံးအတွက်အဓိကအကျဆုံးအစိတ်အပိုင်း (သို့ မဟုတ်) Real Processing Unit
၃။ Thread ဆိုတာ လမ်းကြောင်း သို့ လုပ်ဆောင်မှု့ တစ်ခုပါ။
၎။ Hyper Threading Technology ဆိုတာ Thread လမ်းကြောင်းနှစ်ခုကို Processor ( Core ) တစ်ခုတည်းပေါ်မှာအပြိုင်သွားလာစေရန်ဆောင်ရွက်ပေးသည်။
၅။ Multi Core ဆိုတာ Die တစ်ခုပေါ်မှာ တစ်ခုထက်ပိုသော Core တွေကိုထည့်သွင်းတည်ဆောက်သည့်နည်းပညာကိုခေါ်သည်။
၆။ Cache ဆိုသည်မှာ CPU တွင် Core များအလုပ်လုပ်ရန်အတွက်အသုံးပြုသော(ထည့်သွင်းတည်ဆောက်ထားသော) Static Memory
၇။ Turbo Boost Technology ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ Core များစွာပါပေမယ့် Application တစ်ခု Run နေစဉ်မှာ Core တစ်ခုသာလိုအပ်မယ်ဆိုရင် Core တစ်ခုတည်းနဲ့ ပဲလုပ်ဆောင်ပေးပြီးတော့ တစ်ခုထက်ပိုသော
Core လိုအပ်တယ်ဆိုမှ Auto ထုတ်သုံးတဲ့နည်းပညာဖြစ်တဲ့အတွက် Performance ပိုင်းအတွက်
စိတ်ချရပြီးတော့ ပါဝါစားသုံးမှု့ ကိုလည်းချွေတာရာရောက်စေတဲ့နည်းပညာပါ။

၈။ Smart Cache ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ CPU ထဲမှာပါတဲ့ Cache Memroy တွေဟာ လိုအပ်လျှင် Dynamically ပေါင်းစပ်ပြီးတော့ Performance ကိုပိုမိုကောင်းမွန်စေပါတယ်။
၉။ QPI ဆိုတာ Quick Path Interconnect လို့ ခေါ်တဲ့နည်းပညာပါ။ လိုအပ်တဲ့အချိန်မှာ CPU အတွင်းမှာရှိတဲ့ Core တွေ Memory တွေက Point to Point ချိတ်ဆက်ပြီးတော့ Hyper Transport လုပ်နိုင်ပါတယ်။


ဒါဆိုရင်တော့ Core I Series CPU တွေနဲ့ ပတ်သက်လို့ စပြောရအောင်ဗျာ……….
သူတို့ တွေ ရဲ့ CPU ထုတ်လုပ်မှု့ Process က 45 Nanometer to 32 Nanometer ပါ။ 45 nanometer နဲ့ တစ်မျိုး 32 nanometer နဲ့ တစ်မျိုး နှစ်မျိုးရှိပါတယ်။
Code name တွေကတော့Bloomfield ( Core i7 ) သူ့ မှာ Transistors ပေါင်း ( 731 သန်း ) သုံးထားပါတယ်။ 45 nanometer ပါ။
(   LGA -1366 Socket ကိုသုံးရမှာပါ )Lynnfield ( Core i5 / Core i7 ) သူ့ မှာက Transistors ပေါင်း (774 သန်း) သုံးထားပါတယ်။ 45 nanometer ပါ။ ( LGA -1156 Socket ကိုသုံးရမှာဖြစ်ပါတယ်။)
3. Westmere ( Core i3 / Core i5 ) သူ့ မှာက Transistors ပေါင်း (383 သန်း) သုံးထားပါတယ်။ 32
nanometer ပါ။( LGA -1156 Socket ကိုသုံးရမှာဖြစ် သလို Mobile အတွက်အဓိကထုတ်လုပ်တာဖြစ်ပါတယ် )
Bloomfield နဲ့ Lynfield က သုံးထားတဲ့ Transistors များကြောင့် Socket ကွာသွားပါတယ်။ပြီးတော့ Bloomfield က Tripple Channel Memory Controller ကိုအသုံးပြုပြီးတော့ Lynfield ကတော့
Dual Channel Memory Controller ကိုအသုံးပြုပါတယ်။ Lavel 2 Cache နဲ့ Label 3 Cache တို့ ကသိပ်ကွာခြားမှုမရှိပါဘူး။ Core i3 ကတော့ Mobility ဖြစ်သွားပါတယ်။





ဒါကတော့ Nehelen ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံပါ။


ဒီနေရာမှာ QPI ဆိုတာ Quick Path Interconnect လို့ ခေါ်တဲ့နည်းပညာပါ။ လိုအပ်တဲ့အချိန်မှာ CPU အတွင်းမှာရှိတဲ့
Core တွေ Memory တွေက Point to Point ချိတ်ဆက်ပြီးတော့ Data တွေကို Hyper
Transport လုပ်နိုင်ပါတယ်။ အောကကပုံတွင်ရှု


ဒါကတော့ Core i7 CPU ပါ။



Pin အရေအတွက် 1366 ပါ။ Socket 1366 သုံးပါမယ်။
Physical Core ကတော့ 4 Core ပါ။ Hypertreading နဲ့ ပေါင်းစပ်လိုက်ရင် 8 Core / 8 Thread ဖြစ်သွားမှာပါ။
Memory က DDR3 ကို Triple Channel နဲ့ သုံးပါမယ်။
သူ့ အတွက် 1366 Socket Core i7 နဲ့ တွဲသုံးမယ့် X58 Chipset နဲ့Motherboard ပါ။
ဒီ Diagram ကတော့ Core i7 ရဲ့ လုပ်ဆောင်ပုံ ပါ။




ဒါကတော့ Core i3 CPU ပါ။





                                          


Pin အရေအတွက်Desktop အတွက်တော့ 1156ပါ။ Socket 1156 ကိုသုံးရပါမယ်။ Mobile အတွက်ကတော့ µPGA-989 ပါ။
Physical Core ကတော့ 2 Core ပါ။ Hypertreadingနဲ့ ပေါင်းစပ်လိုက်ရင် 4 Core / 4 Thread ဖြစ်သွားမှာပါ။
Memory က DDR3 ကို Dual Channel နဲ့ သုံးပါမယ်။
သူ့ အတွက် 1156 Socket Corei3 နဲ့ တွဲသုံးမယ့် H 55 Motherboard ပါ။
အဓိကကတော့ Laptop တို့ Mobility တွေအတွက်သုံးပါတယ်။
ဒါကတော့ Core i3 ရဲ့ လုပ်ဆောင်ပုံပါ။


အထက်ပါ Core Series CPU များထဲတွင် GPU Core နှင့် Memory Controller တစ်ပါတည်းပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် North bridge ကိုဖျောက်လိုက်ပြီးတော့ (MCH) Nothbridge အား CPU ထဲတွင်တစ်ပါတည်းပေါင်းထည့်လိုက်ခြင်းကGraphicsUnit အတွက်လည်းသက်ရောက်မှု့ ရှိစေပါတယ်။




x-small;"">Motherboard Feature





x-small;"">Motherboard Feature




ဒါကတော့ Core Series တွေရဲ့  Facilities ဇယားကွက်လေးပါ။
ဒါကတော့ Desktop အတွက်ပါ။


ဒါကတော့ Mobile အတွက်ပါ။






နောက်ဆုံးပေါ် Intel Processor များ အကြောင်း



CPU သည် ကွန်ပျူတာ၏ အဓိကထိန်းချုပ်သူဟု လူအများကအလွယ်သိထားကြပြီး၊ CPU များသည် မည်သို့မည်ပုံ အလုပ်လုပ်သည်နှင့် CPU များ၏ အမျိုးအစား မတူညီပုံများ၊ ယခုနောက်ပိုင်း မျိုးဆက်သစ် CPU တို့၏ အံ့မခန်းစွမ်းဆောင်ရည်မြင့်တက်လာပုံတို့ကို Knowledge Bridge Magazine စာဖတ်သူများ လေ့လာနိုင်ရန် တင်ပြလိုက်ရပါသည်။

Intel Core 2Duo Processor
Intel core 2 Duo Processor သည် ယုံနိုင်ဖွယ်မရှိ၊ လျင်မြန်သော ပုံစံဖြင့် အလုပ်လုပ်ကာ Desktop Processor တစ်ခုလည်း ဖြစ်သည်။ ယခင် Desktop processor မျိုးဆက်ဟောင်းများထက် ၄၀% ပိုမြန်လာသည့်အပြင် စွမ်းအင် ၄၀% မက ပိုလာ သည်။ Intel Core 2 Duo ၏ အကြောင်းအရာများကို လေ့လာကြည့်လျှင် -
(၁) Intel ၏ဖော်ပြချက်အရ Core 2 Duo သည် Speed အမြန်ဆုံးဖြစ်ကာ ပြိုင်ဘက်ကင်း Desktop Processor ဖြစ်သည်။
(၂) 12 Cache  ပါဝင်မှုပါ 4 MB ဖြစ်သည်။
(၃) Front Side Bus မှာ 1066 MHz ဖြစ်သည်။
(၄) Clock Cycle တစ်ခုစီတိုင်းတွင် Instruc-tion များ ယခင်ထက် အများကြီး ပိုပေးနိုင်သောကြောင့် စွမ်းအင်များ ပိုလာကာ Wide Dynamic Execution ဟု ခေါ်ဆိုသည်။
(၅) ရရှိနိုင်သော Data Bandwidth များထဲမှ Optimize အဖြစ်ဆုံးကို သုံးထားသောကြောင့် System Performance ပိုကောင်းလာသည်။
(၆) Intel Advance Digital Media Boost ကြောင့် Video, Audio, photo များအလုပ်လုပ်ချိန်၊ Encryption အလုပ်လုပ်ချိန်များတွင် အချိန်စား သက်သာ စေသည်။
၎င်း CPU ကို Intel 965 Express Chipset Mother-board ဖြင့် တွဲဖက်သုံးပါက ပို၍အဆင် ပြေနိုင်သည်။

Intel Core 2 Extreme processor

Intel Core 2 Extreme Processor X 6800 သည် Dual core Engine ကို သုံးထားကာ Industry Standard ဖြစ်သည်။ Intel မှ ထုတ်လုပ်သော Core 2 Extreme Processor X 6800 သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး Gaming Processor တစ်ခု ဖြစ်သည်။
Intel Core 2 Extreme Processor ကိုလေ့လာ ကြည့်လျှင် -
(၁) 12 - 4MB, front size Bus 1066 MHz ဖြစ်သည်။
(၂) ထူးခြားချက်မှာ Intel Advance Digital Media Bootstm က Core 2 Due ကဲ့သို့ Appliation များကို Accelerate လုပ်ပေးနိုင်ရုံသာမက မှတ်ဉာဏ် အတုကဲ့သို့ ပါ ပြုလုပ်ပေးနိုင်သည်။
(၃) ၄င်း processor သည် Game အတွက် အလွန်သင့်တော်ပြီး Graphic ရုပ်ထွက်မှာ အပြင်မှာ ကဲ့သို့ ခံစားနိုင်သည်။
(၄) Intel ၏အဆိုအရ Core 2 Extreme သည် Energy Efficient ဖြစ်အောင် Design ဆွဲထားသော ကြောင့် ပူလာသည်ထိသုံးနိုင်ပြီး ဆူညံမှုမရှိဟုဆိုသည်။

Intel Itanium 2 Processor

Intel ကထုတ်လုပ်သော Dual Core Itanium 2 processor များသည် Server Standard processor များဖြစ်သည်။ ၄င်း processor များကို Based လုပ်ထား သော Server များသည် ပို၍  Flexibility ဖြစ်သည်။ Dual Core Itanium Processor သည် ယခင်ကထက် နှစ်ဆ ပိုမြန်ကာ  Intel နည်းပညာအသစ်များ ဖြစ်သော Cache Safe Technology, Enhanced Machine Cheek နည်း ပညာများ၏ စိတ်ချရမှုများပါ တစ်ပါတည်း ပူးတွဲခံစား နိုင်မည် ဖြစ်သည်။
၎င်း processor ကို အသေးစိတ်လေ့လာကြည့် ပါက -
(၁) Dual Core Processing နှင့် EPIC ဟု ခေါ်သော Explicitly Prallel Instruction Computing  နည်းပညာကို သုံးထားသောကြောင့် Dual Core Intel Itanium 2 processor 9000 Series သည်  proce-ssor တစ်ခုတည်း၌ ပင် 64 bit processing နှစ်ခုဖြစ်သွား ကာ performance နှစ်ဆ ကောင်းလာသည်။
(၂) Dual Core Intel Itanium 2 processor Virtualization နည်းပညာသည် OS Compa-tibility ကို တိုးမြင့်စေသည်။
(၃) Intel Cache safe Technology နည်း ပညာကြောင့် Hign End Systam ကြီးများတွင် Error ဖြစ်နေသည့်တိုင် အလုပ်ဆက်လုပ်နိုင်ကာ Cache နှင့် ပတ်သက်သော Error များပါ လျော့ချပေးသည်။
(၄) Dual Core Intel Itanium 2 processor သည် Energy Efficient ဖြစ်သောကြောင့် ယခင် processor များထက် ၂၀ ရာခိုင်နှုန်း power စားသက် သာသည်။
Intel Xeon Processor
Enterprise Level Preformace များအတွက် စွမ်းဆောင်ရည်မြင့် Dual Core xeon processor အသစ်ကို Advance server Technology နှင့်အတူ Intel မှ ထုတ် လုပ်လိုက်ခြင်း ဖြစ်သည်။
၎င်းကို စီးပွားရေးနယ်ပယ်များတွင် 64 bits processor အနေဖြင့် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပြီး၊ Email server - Internet server အဖြစ်အသုံးပြုနေသည် ကိုလည်း တွေ့ရသည်။ ယခု xeon Processor သည် ယခင် xeon processor များထက် ပိုမိုကောင်းမွန်သော အချက်များကို လေ့လာကြည့်လျှင် -
(၁) Single Core Xeon Processor ကို အခြေခံ ထားသောကြောင့် server တွေထက် စွမ်းဆောင်ရည် ၃ဆ ပိုကောင်းသည်။
(၂) Hardware ကို Assist လုပ်ပေးသော Intel Virtualication နည်းပညာကို အခြေခံထားသော ကြောင့် စနစ်တိုင်းကို ယခင်ကထက် ပိုမို detail လုပ် ဆောင်နိုင်သည်။
(၃) အပိုပါရှိလာသောစနစ်များမှာ Advanced Redundency, Error Checking Feature များပြီး၊ အတိ အကျပြောရလျှင် Memory Mirroring နှင့် Sparing တို့ ဖြစ်ပြီး၊ Fully Buffered DImm Technology ကိုလည်း ခံစားနိုင်ပေမည်။

Intel Pentium D processor

Intel pentium D processor သည် အထက် ဖော်ပြပါ processor များထက်ပို၍user များနှင့်အနီးစပ် ဆုံး processor တစ်ခုဖြစ်သည်။ ဗီဒီယိုတည်းဖြတ်ခြင်း၊ Graphic Intensive လုပ်ခြင်း၊ Graphic အားလုံးသော Game ကစားခြင်းလုပ်ငန်းဆောင်တာများကို တပြိုင် တည်းအရှိန်အဟုန်ကောင်းကောင်းနှင့် ပြုလုပ်နိုင်သော processor ဖြစ်ပြီး၊ Desktop Level processor ဖြစ် သည်။
Processor အားကောင်းလာမှုကြောင့် user အ နေဖြင့်တစ်ပြိုင်တည်း Engineering Drawing, Graphic Animation, Rendering, Virus Scanning စသော အလုပ် များကိုပါ တပြိုင်တည်း လုပ်ဆောင်နိုင်သည်။
Intel Dual Core Processing သည် Hyper Threading HT Technology မှနေ၍ တစ်စတစ်စတိုး တက်ပြောင်းလဲလာခြင်းဖြစ်သည်။ ယခုအချိန်တွင် Hyper Threading နှင့် Dual Core processing နှစ်ခုလုံးသည် Multi Threaded ရရှိသော်လည်း Dual Core မှာ တွက်ချက် မှုပိုင်းနှင့် အရင်းမြစ်ပိုင်းဆိုင်ရာများကို ပိုရယူပေးနိုင်သည်။
(၁) Inter Pentium D procesor ၏ အကြောင်း များကို လေ့လာကြည့်ပါက Inter Pentium D procesor တစ်ခု ပါရှိသည်နှင့်၎င်း Processor နှင့် Frequency တူညီ သော processor နောက် တစ်ခုက အလုပ်လုပ်ပေးမည် ဖြစ်သည်။
(၂) Core တစ်ခုချင်းစီအတွက် Level  cache 16 KB ပါရှိသည်။
(၃) Level 2 cache core တစ်ခုချင်းအတွက် 1MB ပါသောကြောင့် စုစုပေါင်း 2MB ပါရှိသည်။ Core တစ်ခု ချင်းစီက Data များကို မြန်မြန် access လုပ်နိုင်မှုကြောင့် Overall perfermone တက်လာသည်။
(၄) 90nm process Tenchnology ကို အသုံး ပြုထားပြီး၊ Digital media Application များ သိသာ ထင်ရှားစွာ performane ကောင်းလာအောင် ပြုလုပ်ပေး ထားသည်။
ယခုဖော်ပြခဲ့သော Intel processor များ အကြောင်းကို စုံလင်စွာမိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။ ထို့ ကြောင့် စာဖတ်သူများအနေဖြင့် processor အကြောင်း ကိုကောင်းစွာနားလည် သိရှိစေပြီးဘယ် processor က Desktop Level၊ ဘယ် processor က Server level စသည်ဖြင့် နားလည်ကာ processor များနှင့်ရင်းနှီးကျွမ်း ၀င်သွားနိုင်ပေလိမ့်မည်။

knowledge Bridge Magazine မှကောက်နုတ်ထားသည်။


No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...