အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...
Saturday, April 21, 2012
DDOS (Distributed Denial Of Service)
DOS ဆိုတာ ကြားဖူးနေတာကြာပြီဖြစ်လို့ …သူနဲ့ ပတ်သတ်တာလေးတွေ လိုက်ဖတ်ရင်း
သိခဲ့ ရတာလေးတွေ မျှဝေတင်ပေးလိုက်ပါတယ်။
DOS Attacks or Denial Of Services Attack ဟာ… အင်တာနက်ရဲ့ 
မြေအောက်ဟက်ကာအဖွဲ့ အစည်းတွေကြားမှာ ပေါ်ပေါက်ခဲ့ ပါတယ်။သူတို့ ရဲ့  ကျော်ကြားလိုမှုတွေနဲ့  အရိုအသေပေးခံလိုမှုတွေ ကြောင့် လို့သိရှိရပါတယ်။
DOS တိုက်ခိုက်သူတစ်ယောက်ပြောကြားထားတာတော့ 
DOS ဆိုတာ ဟာ ပစ်မှတ်ထားခံရတဲ့  User ရဲ့  Computer system တွေ အလုပ်လုပ်နိုင်စွမ်းကို
နှေးသွားအောင်လုပ်လိုက်ခြင်းဖြစ်ပါတယ်တဲ့ ။
ဥပမာ..ဒီလို …........
သင့်ဆိုဒ်ကို သူများတစ်ယောက် DOS သုံးပြီးတိုက်ခိုက်ပြီဆိုပါတော့ …
သူက Browser တစ်ခု ဖွင့်တိုင်း သင့်ရဲ့ ဆိုဒ်မှာ အကောက်တစ်ခု အော်တိုဖွင့်နေမယ်။
DOS to BOT နည်းနဲ့  အဲဒါဆိုရင် သင့်ဆိုဒ်နှေးမလားဖူးလား?
ဟုတ်ပြီ..အဲဒီလို တိုက်ခိုက်ခံ၇တာကို DOS Attacks လို့ ခေါ်တယ်။
နောက်တစ်ခုက
ကွန်ပြူတာ အလုံးတစ်ရာရှိတယ်ဆိုပါတော့။
ကျန်တဲ့ အလုံး ၉၉ လုံးက သင့်ရဲ့ စက်IP ကို Ping ရိုက်နေမယ်ဆိုရင်ရော
သင့်စက်မလေးလာဖူးလား…တစ်ဖြည်းဖြည်းနဲ့ လေ…နောက်ဆုံး Restart ချလိုက်ရမယ်၊
ဟုတ်တယ်ဟုတ်…အဲဒါလည်း DOS Attacks ရဲ့  အခြေခံသဘောပါပဲ။
DOS တိုက်ခိုက်နည်းများဟာ…အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)ထိခိုက်လွယ်တဲ့  TCP/IP protocols suite တွေ ထဲ ကို ၀င်ရောက်တိုက်ခိုက်မယ်
(၂)ထိခိုက်လွယ်တဲ့  Ipv4 implementation. တွေထဲ ကို ၀င်ရောက်တိုက်ခိုက်မယ်
(၃) နံပါတ် (၁) နဲ့ (၂) ကို ပြင်းပြင်းထန်ထန် အားတစ်ခုနဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် ပစ်မှတ်အထားခံရတဲ့ 
User နဲ့  Internet ဆက်သွယ်မှုကို ပြတ်တောက်စေဖို့ ဖြစ်ပါတယ်။
ဒါက UCSY ရဲ့အာဘော်ပါ၊
ကျွန်တော့်အယူအဆ နဲ့ကိုက်လို့တင်ပေးထားတာပါ။
နောက်ထပ် ထပ်ရှိနိုင်ပါသေးတယ်။DOS ရဲ့ ရိုက်ချက်တွေကတော့ ကြောက်စရာ ကောင်းလှပါတယ်..
ကျွန်တော်တို့ နိုင်ငံဟာ Hacker တွေအကြိုက်တွေ့စေမယ် နေရာ တစ်ခုဖြစ်လာနိုင်ပါတယ်..ဘာကြောင့်လဲ ဆိုတော့ Security ပိုင်းအားနည်းနေသေးလို့ပါပဲ...
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...