အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Monday, January 14, 2013

အိမ်ထောင်ရေးပုံပြင်

အိမ်ထောင်ရေးပုံပြင်
အိမ်ထောင်ရေးပုံပြင် (၁) 

အိမ်ထောင်မကျမီ 

“ မောင်ရေ . . ရာသီဥတုကသာယာလိုက်တာကွာ ဟယ် ဟိုမှာ ကြည့်စမ်း အဲဒါဘာလေးတွေလည်းဟင်မောင် ” 
“ ဇင်ရော်ငှက်လေးတွေပေါ့အချစ်ရဲ့ ” 

အိမ်ထောင်ကျ ပြီးတစ်ပတ် 

“ ယောင်္ကျားရေ . . ရာသီဥတုကသာယာလိုက်တာကွာ ဟယ် ဟိုမှာ ကြည့်စမ်း အဲဒါဘာလေးတွေလည်းဟင်” 
“ အော် . .အဲဒါ ဇင်ရော်တွေပါ မိန်းမရာ ” 

အိမ်ထောင်ကျပြီး တစ်လ 
“ ဟိုဟာ ဘာလေးတွေလဲ ” 
“ ငှက်ကွာ ဇင်ရော်ငှက်  ” 

အိမ်ထောင်ကျပြီး တစ်နှစ် 

“ အဲဒါဘာတွေလဲ ” 
“ ဇင်ရော်ကွာ တုံးလိုက်တာ ” 

အိမ်ထောင်ကျပြီး ဆယ်နှစ်

“ ဟိုဟာ ဘာလဲ  ” 
“ တောက် လဒ . . ငှက်ကွ ငှက် အဲဒါ လဒ မသေမချင်းမှတ်ထား ” 

ဟီးဟီး ကြားဖူးနေကြ ပုံပြင်လေးကို ပြန်တွေးမိတာလေး ရေးကြည့်တာပါ အဲဒီလို ပေါက်ကရတွေတွေးထားတဲ့ဟာတွေအများကြီးရှိသေးတယ် နောက် ထပ်တင်ပေးပါ့မယ် ။ တကယ်တော့ ချိုအီဖွဲ့နွဲ့တဲ့စကားလုံးတွေက လက်တွေ့ဘ၀မှာ သိပ်တော့အသုံးမ၀င်လှဘူး ။ ဘ၀ ကိုဖြတ်သန်းကြတော့မယ်ဆိုရင်ဖြင့် အရာရာကို လေ့လာပြီး စဉ်းစားဆင်ခြင်သုံးသပ်မိကြဖို့လိုပါတယ် ။ 

သက်တန့်ချို

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...