အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Monday, May 23, 2011

Wireless Concept

အရင်က wireless network ဆို coffee ဆိုင်တွေလောက်သာ ပြေးမြင်တတ်ကြပေမယ့် အခုအခါမှာတော့ businesses ၊ college campuses နဲ့  အခြား networks ကြီးတွေမှာ wireless network ကို တွေ့  မြင်နိုင်ပါတယ်။ wireless network မှာ security risks တွေ သိသိသာသာ ရှိနေသေးပေမယ့် Windows Server 2008 နဲ့  Remote Authentication Dial-In User Service (RADIUS) တို့ လို နောက်ဆုံးပေါ် wireless လုံခြုံရေး နည်းပညာတွေကို အသုံးပြုပြီး သေသေချာချာ plan လုပ်ထားမယ်ဆိုရင် risk တွေ လျောနည်း သွားနိုင်ပါတယ်။ ဒီသင်ခန်းစာမှာ wireless technologies တွေကို ခြုံငုံ သုံးသပ်မယ်။ နောက် wireless access points တွေမှ authentication requests တွေကို process လုပ်ဖို့  Windows Server 2008 ကို ဘယ်လို configure လုပ်ရမလဲဆိုတာ ရှင်းလင်းမှာ ဖြစ်ပါတယ်။


MORE INFO Wireless networks
wireless networks နဲ့ ပက်သက်ပြီး အသေးစိတ် ဆွေးနွေးထားတာကို Joseph Davies နဲ့  Tony Northrup တို့ ပူးတွဲရေးသားပြီး Microsoft မှ ထုတ်ဝေတဲ့ “Windows Server 2008 Networking and Network Access Protection” စာအုပ် အခန်း 10 “ IEEE 802.11 Wireless Networks” မှာ ဖတ်ရှုနို်င်ပါတယ်။

Wireless Networking Concepts

လူတွေ computer အသုံးပြုပုံတဲ့ ပုံစံကို wireless networks က ပြောင်းလဲပစ်ပါပြီ။

- organizations များမှာ meeting rooms ၊ common areas နဲ့  courtyards အပါအ၀င် အဆောက်အဦး တစ်ခုလုံးအတွတ် network တစ်ခု ချက်ချင်း တည်ဆောက်နိုင်တယ်။ ထုတ်လုပ်မှုကို တိုးတတ်စေတယ်။ ပိုပြီး flexible ဖြစ်တဲ့ work spaces တွေ provide လုပ်နိုင်တယ်။ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အဦးကြီးတွေမှာ computer network ဆင်မယ်ဆိုရင် အဆောက်အဦးကို ထိခိုက်ပျက်စီးမှု မရှိစေအောင် wireless network နည်းပညာကို အသုံးပြုခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။
- ခရီးသွားနေတဲ့ စီးပွားရေး သမားတွေသည် သူတို့ ရဲ့ moblie computers များကို hotels ၊ airports နဲ့  coffee shops တွေ အပါအ၀င် public wireless network တစ်ခုခု မှတဆင့် Internet ကို ချိတ်ဆက်နို်င်တယ်။ Internet connection ကို အသုံးပြုပြီး organization ရဲ့ internal network သို့ VPN connection တည်ဆောက်နိုင်တယ်။
- အိမ်တွေမှာ computer network တစ်ခုကို မိနစ်ပိုင်း အတွင်း တည်ဆောက်နိုင်တယ်။
- ad hoc network တစ်ခု တည်ဆောက်ပြီး mobile computer အသုံးပြုသူအချင်းချင်း resources တွေကို share လုပ်နိုင်တယ်။ (network infrastructure (central hub) ရှိနေဖို့  မလိုအပ်ပါ။)

ဒါပေမယ့် wireless networks များမှာ အောက်ပါ ပြဿနာတွေ ရှိနေပါတယ်။

- physical connection မလိုအပ်တာကြောင့် attacker သည် သင်ရဲ့ wireless network ကို အလွယ်တကူ ချိတ်ဆက်နိုင်တယ်။ (parking lot မှ သော်လည်းကောင်း ၊ ရုံးခန်းတွင်း တစ်နေရာမှ သော်လည်းကောင်း ၊ ကိုက် အနည်းငယ်ဝေးတဲ့ အဆောက်အဦ တစ်ခုမှ သော်လည်းကောင်း connect လုပ်နိုင်တယ်။)
- default မှာ wireless access points အများစုသည် authentication နဲ့  encryption ကို အသုံးမပြုပါ။ ဒါကြောင့် wireless signal တစ်ခုကို send and receive လုပ်နိုင်တဲ့ attacker သည် သင့်ရဲ့ network ကို ၀င်ရောက် ချိတ်ဆက်နိုင်တယ်။ ဒါ့အပြင် ၄င်း network အတွင်း ဖြတ်သန်း သွားလာနေတဲ့ data တွေကို ကြားဖြတ် ဖမ်းယူ (capture) နိုင်တယ်။
- Wired Equivalent Protection (WEP) နဲ့  Wi-Fi Protected Access (WAP) နည်းပညာများသည် wireless network အတွတ် authentication နဲ့  encryption 2 ခုစလုံးကို ထောက်ပံ့ပေးတယ်။ ဒါပေမယ့် wireless signal တစ်ခု လက်ခံရယူနိုင်တဲ့ attackers များရဲ့ cracking လုပ်ခြင်းကို ခံရနိုင်ပါတယ်။ ကျွမ်းကျင်မှု နဲ့  ပစ္စည်း ကိရိယာတွေရှိနေတဲ့ attackers များသည် wireless access point တစ်ခုရဲ့ အကွာအဝေး အနည်းငယ် အတွင်းမှနေပြီး WEP နဲ့  အကာအကွယ် လုပ်ထားတဲ့ ၄င်း network မှာ connect လုပ်နိုင်မယ့် key ကို identify လုပ်နိုင်ပါတယ်။

Wireless Networking Standards

အသုံးအများဆုံး wireless နည်းပညာတွေမှာ အောက်ပါ အတိုင်း ဖြစ်တယ်။

- 802.11b
wireless network ရဲ့ မူလ အစ ဖြစ်ပြီး ယနေ့ အထိ အသုံးအများဆုံး network type ဖြစ်တယ်။ သီအိုရီအရ 11Mbps လို့ ပြောပေမယ့် တကယ့်လက်တွေ့ မှာ 3-4 Mbps သာ ရပါတယ်။ 802.11g နဲ့  802.11n networks များသည် 802.11b နဲ့  backward-compatible ဖြစ်တာကြောင့် 802.11b client သည် မည်သည့် network type ကိုမဆို connect လုပ်နိုင်တယ်။

- 802.11g
802.11b ကို update လုပ်ထားတာ ဖြစ်တယ်။ သီအိုရီအရ 54 Mbps လို့  ပြောပေမယ့် တကယ့်လက်တွေ့ မှာ 10-15 Mbps သာ ရပါတယ်။ 802.11g network access point မှာ mode 2 ခုရှိတယ် : mixed ( 802.11b clients တွေအတွတ်လည်း support လုပ်ပေးတယ်။ ဒါပေမယ့် clients အားလုံးအတွတ် bandwidth လျော့ကျစေတယ်။) နဲ့  802.11g-only ( 802.11b clients တွေကို support မလုပ်ဝူး။ ဒါပေမယ့် bandwidth အမြင့်ဆုံး ရရှိတယ်။) တို့ ဖြစ်တယ်။

- 802.11n
802.11b နဲ့ 802.11g တို့ ကို update လုပ်ထားတာ ဖြစ်တယ်။ range နဲ့  performance ပိုမို ကောင်းမွန်တယ်။ သီအိုရီအရ 250 Mbps လို့  ပြောပေမယ့် တကယ်လက်တွေ့ မှာ အဲဒီထက် များစွာ လျော့နည်းနိုင်ပါတယ်။ 802.11a ၊ 802.11b နဲ့  802.11g အတွတ် backward-compatible ဖြစ်တယ်။ ဒီစာအုပ်ရေးတဲ့ အချိန်အထိ 802.11n ကို ” စံ “ မသတ်မှတ်ရသေးပါ။ ဒါပေမယ့် vendors တွေက “pre-N” standards အဖြစ် ထုတ်လုပ်နေကြပါပြီ။

- 802.11a
802.11b ၊ 802.11g နဲ့  802.11n တို့ မှာ သုံးတဲ့ 2.4 GHz range ကို မသုံးဘဲ 5.4 GHz ကို အသုံးပြုထားတဲ့ old standard ဖြစ်တယ်။ 802.11b နဲ့  အပြိုင် ထွက်ပေါ်လာတာ ဖြစ်ပေမယ့် လူကြိုက်မများတာကြောင့် အခုဆို လုံးဝ ကွယ်ပျောက်လုနီး ဖြစ်နေပါပြီ။

vendors များသည် သူတို့  ကိုယ်ပိုင်ထုတ်လုပ်တဲ့ wireless network adapters များနဲ့  တွဲဖက်အသုံးပြုရင် ပိုမိုကောင်းမွန်တဲ့ network performance ပေးနိုင်မယ့် proprietary extensions တွေ ပါဝင်တဲ့ wireless access points တွေကို ထုတ်လုပ်ကြတယ်။ ၄င်း proprietary extensions တွေသည် network performance ကို မြှင့်တင်ပေးနိုင်သော်လည်း အခြား vendors များက ထုတ်လုပ်တဲ့ network adapters များနဲ့  တွဲဖက် အလုပ်မလုပ်ပါ။ built-in network adapter တွေ ပါဝင်တဲ့ mobile computers များမှာ ၄င်း extensions များသည် အများအားဖြင့် အသုံးမ၀င်ပါ။ ( vendors မတူလို့ )

Wireless Security Standards

network မှာ connect မလုပ်ခင် clients များသည် wireless access point မှာ authenticate လုပ်ဖို့  လိုအပ်တယ်။ data တွေ intercepted နဲ့  interpreted အလုပ်မခံရဖို့ အကာအကွယ်ပေးတဲ့၊ wireless communication ကို encrypt လုပ်ရာမှာ အသုံးပြုနိုင်တဲ့ private key တစ်ခုကိုလည်း establish လုပ်ပါတယ်။ Windows wireless clients တွေသည် common wireless security standards အားလုံးကို support လုပ်ပါတယ်။

No security
guests တွေကို easy access ပေးဖို့  authentication or encryption မလိုအပ်ဘဲ wireless access point မှာ connect လုပ်ခွင့်ပြုနိုင်ပါတယ်။ protection အနည်းငယ် ပြုလုပ်ဖို့ wireless access points အချို့ သည် ၀င်ရောက်လာတဲ့ client အသစ်ကို detect လုပ်ပြီး ၊ router က user ကို Internet နဲ့  ချိတ်ဆက်ခွင့် မပြုမှီ user သည် web browser ကို ဖွင့်ပြီး useage aggrement ကို acknowledge လုပ်ဖို့  လိုအပ်ပါတယ်။ unprotected wireless network ကို ဖြတ်သန်းသွားနေတဲ့ communications တွေသည် wireless signal လက်ခံရရှိနိုင်တဲ့ attackers များရဲ့ intercepted လုပ်ခြင်းကို ခံရနိုင်ပါတယ်။ ( broadcasts ကြောင့်ဖြစ်တယ်)။ public wireless networks အားလုံးလောက်နီးနီး unprotected ဖြစ်တာကြောင့် mobile users များသည် အန္တရာယ် ကို သိနားလည်ထားရပါမယ်။ အကယ်၍ unprotected wireless network မှာ connect လုပ်ခွင့်ပေးမယ်ဆိုရင် အခြား layers များမှာ encryption လုပ်ဖို့  ဖြစ်နိုင်သမျှ ပြုလုပ်ထားပါ။ ဥပမာ E-mail server နဲ့  communication ကို protect လုပ်ဖို့  Secure Sockets Layer (SSL) ကို အသုံးပြုပါ။ encrypted VPN ကို အသုံးပြုပါ။ ဒါမှမဟုတ် IPSec communication ကို encryption နဲ့  တွဲဖက် အသုံးပြုပါ။

Wired Equivalent Protection (WEP)
64-bit or 128-bit encryption တစ်ခုခု ကို အသုံးပြုတဲ့ WEP သည် မူလ wireless security standard တစ်ခု ဖြစ်တယ်။ ဒါပေမယ့် WEP ရဲ့ cryptography design မှာ အားနည်းချက် ရှိနေတယ်။ WEP network ကို connect လုပ်ဖို့ လိုအပ်တဲ့ key ကို crack နိုင်တဲ့ tools တွေ Internet မှာ အလကား ရနေတာမို့  ၄င်း tools တွေကို အသုံးပြုပြီး WEP key ကို မိနစ် အနည်းငယ်အတွင်း crack လုပ်နိုင်ပါတယ်။ ဒါကြောင့် 64-bit or 128-bit WEP သည် သင့် network ကို unsophisticated attackers များရန်မှ အကာအကွယ် မပြုနိုင်ပါ။ casual user လောက်ကိုသာ ကာကွယ် တားဆီးနိုင်ပါတယ်။ printers နဲ့  non-Windows operating systems များအပါအ၀င် wireless clients အများစုသည် WEP ကို support လုပ်ပါတယ်။ aditional infrastructure မလိုအပ်ပါဝူး။ WEP network မှာချိတ်ဆက်တဲ့ အခါ user သည် key or passphrase ကို ရိုက်ထည့်ပေးရပါမယ်။

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...