ကိုယ်ဖန်တီးမယ့်အိမ်ကလေးတွေ
တစ်ခါတုန်းကပေါ့
-- အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ်
အရသော်လည်းကောင်း အေးအေးလူလူနေချင်တဲ့အတွက်ကြောင့်လည်းကောင်း
အနားယူချင်နေခဲ့တယ် ။ လက်သမားဆရာက
သူ့နဲ့စာချုပ်ချုပ်ထားတဲ့အလုပ်ရှင်ကိုသူ့ရဲ့ အကြံကိုပြောပြတယ် ။
အိမ်ဆောက်တဲ့လုပ်ငန်း ကနေ အနားယူချင်ပြီး သူ့ဇနီးနဲ့ သူ့မိသားစု တွေနဲ့အ
တူတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ ၀မှာ နေထိုင် သွား လိုကြောင်းပေါ့ ။ ဒါပေမယ့်
လက်သမားဆရာကြီးက သူ့အလုပ်ရှင်ကို စာချုပ်အရရော အကြွေးတွေ ကျန်နေသေး တယ်
ဒါပေမယ့် သူ အမှန်တကယ်ကို အနားယူချင်နေခဲ့တယ် ။
အလုပ်ရှင်က
ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ်
မကောင်းဖြစ် သွားတယ် ။ ပြီးတော့ လက်သမားဆရာကိုပြောတယ် ။ “ လူမှုရေးအရဖြစ်စေ
ကျွန်တော့်ကို အိမ်တစ် လုံးလောက် နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား ”
လက်သမားဆရာကြီးက “ ကောင်းပါပြီ ” လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ်
နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှ လုံးသား ထဲကနေ
စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့ အတွက် စေတ နာလည်းလျော့ ရဲသွား သ လို
စိတ်ကလည်းအနား ယူချင်စိတ်သာ စိုးမိုးနေခဲ့တယ် ။ သူဟာ စိတ်မပါတဲ့အ တွက်
နောက်ဆုံး သူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ် အဖြစ်လောက်ပဲ ဆောက်လုပ်ခဲ့တယ်
။ အိမ်ဆောက် ပစ္စည်းတွေ ကိုလည်း အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။
ဒီလိုနဲ့လက်သမားဆရာကြီးဟာ
နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။ အလုပ်ရှင်က အိမ်ကို
လာကြည့်ပြီး လက် သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့
အိမ်သော့ကိုယူပြီး “ ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို
နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ ” လို့ပြောလိုက်တယ် ။
----------------------------------------
ဘယ်လောက်အံ့သြစရာကောင်းသလဲ
။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။ အကယ်၍သာ လက်သမား ဆရာကြီးက
သူ့အတွက်ပေးမယ့်အိမ်မှန်းသာ သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ
လက်ရှိဆောက် ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို
ဆောက်လုပ်မှာအမှန်ပါပဲ ။ အခုတော့ သူဆောက်လုပ်
ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ သူနေရတော့မှာ
သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။
ကျွန်တော်တို့ရော ?? ကိုယ့်အတွက်
အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး ဆိုပြီးအဖြစ်သဘော အလုပ်သဘော လုပ်ခဲ့တာတွေ
ရှိနေမလား ? ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။
ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး
ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြု သဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား ။
တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။
ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။
ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အရှက်ရစ ရာတွေဖြစ်နေ တတ်တယ် ။
“ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့ အိမ်ကလေးအတွင်း မှာပဲ နေ ထိုင်ကြရတာပါ ”
သက်တန့်ချို
How are you building your life? အားဘာသာပြန်ခံစားသည် ။
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...