ပေါ့ပါးတဲ့ငှက်မွေးလေးတွေ
တစ်ခါတုန်းက
လယ်သမားတစ်ယောက်ဟာ သူ့အိမ်နီးချင်းဖြစ်သူကို စော်ကားမော်ကားပြောဆိုခဲ့တယ် ။
အချိန်အတော်ကြာလာတဲ့အခါ သူဟာ သူ့အမှားကို မြင်ပြီးနားလည်လာခဲ့တယ် ။
ဒါကြောင့် သူဟာ တရားဟော ဆရာဆီသွားပြီး သူ့အပစ်တွေကို ဘယ်လို
ချေဖျက်ရမလဲလို့မေးခဲ့တယ် ။ တရားဟောဆရာက သူ့ကို
ငှက်မွှေးတွေတွေထည့်ထားတဲ့အိတ်ကို ယူစေပြီးလယ်ကွင်းပြင်မှာ
ငှက်မွှေးတွေပစ်ချဖို့ပြောတယ် ။
လယ်သမားက
တရားဟောဆရာပြောခဲ့တဲ့အတိုင်း ငှက်မွှေးတွေကို လိုက်စုပြီး အိတ်တစ်အိတ်
နဲ့ထည့်ပြီးလယ် ကွင်းပြင်အလယ်ရောက်တဲ့အခါ ငှက်မွှေးတွေကို ပစ်ချလိုက်တယ် ။
ပြီးတော့ တရားဟောဆရာ ဆီပြန်လာခဲ့ တယ် ။ ဆရားဟောဆရာက ဆက်ပြောတယ် ။ “
အဲဒီငှက်မွှေးတွေကို ပြန်စုပြီး အိတ်ထဲပြန်ထည့်လို့ ယူလာခဲ့ပါ ” လယ်သမားလည်း
တရားဟောဆရာပြောတဲ့အတိုင်း လယ်ကွင်းပြင်ထဲပြန်သွားပြီး ငှက်မွှေးတွေကို
လိုက်စုပြီးထည့်ခဲ့တယ် ။ ဒါပေမယ့် သူ မလုပ်နိုင်ခဲ့တော့ဘူး ။ ငှက်မွှေးတွေဟာ
လေတိုက်လို့ အဝေးကို လွင့်သွားကြပါပြီ ။ သူဟာ အိတ်ဗလာနဲ့
တရားဟောဆရာဆီပြန်ရောက်လာခဲ့တယ် ။
တရားဟောဆရာကပြောတယ် ။
“
အခုဖြစ်တဲ့အဖြစ်အပျက်ဟာ သင်ပြောခဲ့တဲ့စကားတွေနဲ့ အတူတူပါပဲ သင်ဟာ
စကားလုံးတွေကို လွယ်လွယ်ကူ ကူ လွှတ်ချပြီးပြောဆိုခဲ့ပေမယ့်
အဲဒီစကားလုံးတွေကို သင်ပြန်ပြီး အဖတ်ဆယ်လို့မရတော့ဘူး ။ ဒါ့ကြောင့်
စကားလုံးတွေကို သုံးဖို့ ရွေးချယ်တဲ့ နေရာမှာ အထူးဂရုပြုဖို့လိုပါတယ် ”
လယ်သမားလည်း တရားဟောဆရာရဲ့ သင်ကြားမှုကို နားလည်သဘောပေါက် သွားခဲ့တယ် ။
------------------------------------------
လူတော်တော်များများဟာ
စကားပြောတဲ့အခါ ရှေ့နောက်မစဉ်းစားပဲ ငှက်မွှေးတောင်လေးတွေ အိတ်ထဲ ကနေပစ်
ချသလို လက်လွတ်စပယ်ပြောဆိုတတ်ကြတယ် ။ ဒါပေမယ့် အဲဒီစကားလုံးတွေကို
ကျွန်တော် တို့ ပြန်သိမ်းဆည်းလို့မရတော့ဘူး ။ ပြန်နှုတ်ယူလို့မရတော့ဘူး ။
ကိုယ်ပြောလိုက်တဲ့စကားကြောင့် တပါးသူရဲ့ ထိခိုက်နစ်နာမှုကို ဘယ်လိုအရာနဲ့မှ
ပြန်ကုသလို့မရနိုင်ဘူး ။ စကားလုံးတွေဆိုတာ ပေါ့ပါးတဲ့ ငှက်မွှေးတောင်လေးတွေ
နဲ့တူပါတယ် ။ ပြောရတာ လွယ်သလောက် ပြန်လည်သိမ်းဆည်းဖို့အရမ်းခက်တယ် ။
စကားပြောဆိုတဲ့အခါ
တပါးသူအပေါ် ထိခိုက်သွားမလားဆိုပြီး အရင်စဉ်းစားဖို့လိုသလို ပေါ့ပေါ့ဆဆ
မပြောမိဖို့လည်းအရေးကြီးတယ် ။ ဘာရယ်မဟုတ်ဘူးပြောလိုက်တဲ့စကားတစ်ခွန်း ၊
ဘာရယ်မဟုတ် ဘူး ပြုမူ လိုက်တဲ့ အပြုအမူတစ်ခုက လူတစ်ယောက်ရဲ့ ဘ၀ကို
ပျက်ဆီးစေနိုင်ပါတယ် ။ “ ကြမ်းပေါက်ကနေ လူကျွံရင်နှုတ် လို့ရနိုင်ပေမယ့်
စကားကျွံရင်တော့နှုတ်လို့မရဘူး ” ဆိုတဲ့ အသိလေးကို ရင်ဝယ်ပိုက်
ထားကြဖို့လိုပါတယ် ။
သက်တန့်ချို
SPOKEN WORDS CAN'T BE RETRIEVED အားခံစားဘာသာပြန်သည် ။
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...