ဟိုးရှေးရှေးတုန်းက ကျောက်တောင်တွေကို ထုဆစ်ပြီး အသက်မွေးဝမ်းကျောင်း
လုပ်ရတဲ့ ကျောက်ဆစ် သမားတစ်ဦးရှိတယ် ။ သူဟာ နေ့ တိုင်း
ကျောက်တောင်ကြီးအောက်ခြေကနေစပြီး ကျောက်တွေကို ထုဆစ်လို့ ရလာတဲ့
ကျောက်တုံးတွေကို ပြန်ရောင်းခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုတယ် ။
တစ်နေ့တော့ သူဟာ သူထုဆစ်လို့ ရလာတဲ့ကျောက်တွေကို ရောင်းဖို့ မြို့ထဲကို
ရောက်လာခဲ့ပါတယ် ။ အဲဒီလိုနဲ့ သူဟာ မြို့ထဲမှာ လျှောက်သွားနေတုန်းမှာ
အလွန်ခမ်းနားတဲ့ အိမ်ကြီးနဲ့ သူဌေးကြီးတစ်ဦးကိုတွေ့သွားတယ် ။ အဲဒါနဲ့သူ က
“
အင်း ဒီလို ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီးဖြစ်ပြီး ဒီလိုအိမ်ကြီးထဲမှာ
ငါနေရရင်သိပ်ကောင်းမှာပဲလို့ ” တွေးမိလိုက်တယ် ။ ခဏလေးမှာပဲ သူဟာ
အိမ်ကြီးပေါ်က သူဌေးကြီးတစ်ဦးဖြစ်သွားပါတော့တယ် ။ ဒီလိုနဲ့သူဟာ
သူဌေးကြီးအဖြစ်နဲ့ အိမ်ကြီးပေါ်မှာ နေရင်းတစ်နေ့တော့ အိမ်ရှေ့ပြတင်းပေါက်ကနေ
အပြင်ကိုကြည့်မိတယ် ။ အဲဒီအခါ အရာရှိကြီးတစ်ဦးက ဝေါယာဉ်လှလှကြီးနဲ့
အိမ်ရှေ့ကနေ ဖြတ်သွားတာကိုတွေ့လိုက်ရပါတယ် ။ အဲဒီတော့သူက
“ အင်း
ငါလည်း ဒီလို ဝေါယာဉ်လှလှကြီးစီးလိုက်ရရင်သိပ်ကောင်းမှာပဲ ”
လို့တွေးမိလိုက်တယ် ။ အဲဒီလိုတွေး လိုက်တာနဲ့တပြိုင်နက် သူဟာ
အဲဒီဝေါယာဉ်လှလှကြီးအပေါ်ကို ရောက်သွားပါတယ် ။ သူလည်းပျော် ရွှင်သွားတာပေါ့ ။
ဒီလိုနဲ့ဝေါယာဉ်ကြီးက သူ့ကို သယ်ဆောင်ပြီးမြို့ထဲကို လှည့်ပတ်သွားပါတော့တယ် ။
အဲဒီလို သွားနေခိုက်မှာ နေမင်းဟာ အလွန်ကို ပူပြင်းလို့ သူ ဟာ “ အင်း
နေကလည်းအရမ်းပူလိုက်တာနော် ငါ နေမင်းကြီးဖြစ်ချင်လိုက်တာ ”
လို့တွေးမိပြန်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့ သူဟာ နေမင်း
ကြီးဖြစ်သွားပါတော့တယ် ။ နေမင်းကြီးအဖြစ်နဲ့ သူဟာ ကမ္ဘာမြေကြီးကို
အစွမ်းကုန် ပူပြင်းလိုက်ရလို့ သူကျေနပ် သွားတယ် ။ အဲဒီလို
ကျေနပ်နေတုန်းမှာပဲ သူ့ရှေ့ကို တိမ်တစ်အုပ်ဝင်လာပြီး
သူ့ကိုဖုံးအပ်သွားပါတော့တယ် ။
ဒီတော့သူက “ အင်း ငါ့ကို တိမ်တွေက
ဖုံးအုပ်သွားကြပြီ ငါတိမ်တွေဖြစ်ချင်လိုက်တာ ” လို့တွေးလိုက်ပြန်တယ် ။
အဲဒီလိုတွေးလိုက်တာနဲ့ပဲ သူဟာ တိမ်တွေ ဖြစ်သွားပြီး ကောင်းကင်မှာ
လှည့်ပတ်နေပါတော့တယ် ။ သိပ်မကြာခင်မှာ ပဲ လေပြင်းတွေ တိုက်ပြီး တိမ်တွေကို
လွင့်စင်သွားစေခဲ့တယ် ။ ဒီတော့ သူက “ အင်း တိမ်ဖြစ်ရတာလည်း
သိပ်မကောင်းပါဘူး တကယ်စွမ်းအားရှိတာက လေတွေပဲ ဒီတော့ ငါ လေပြင်းတွေ
ဖြစ်ချင်တယ် ” လို့တွေးလိုက်ပြန်ပါတယ် ။ ခဏနေတော့သူဟာ အရှိန်အဟုန်ပြင်း
စွာနဲ့ လေပြင်းတွေ ဖြစ်သွားတယ် ။ လေပြင်းတွေအဖြစ်နဲ့သူဟာ
ရှိရှိသမျှတိမ်တိုက်တွေနဲ့ အရာအားလုံးကို ဝှေ့ယမ်းတိုက် ပစ် ပါတော့ တယ် ။
ဒီလိုနဲ့သူဟာ လေပြင်းတွေ တိုက်နေတုန်း ကျောက်တောင် ကြီးတစ်ခုနား
ကိုရောက်တော့ ကျောက်တောင်ကြီးကို လေပြင်းတွေက မတိုးနိုင်ဘူးဆိုတာ
သူသိသွားတယ် ။ ဒီတော့သူက “ အင်း တကယ့် ကို ခိုင်မာတာက ကျောက်တောင်ကြီးပါ
လား ငါ ကျောက်တောင်ကြီးပဲဖြစ်ချင်တော့တယ် ” လို့ တွေးလိုက်ပြန်တယ် ။
ခဏနေတော့ သူဟာ ကျောက်တောင်ကြီးအဖြစ်ကိုရောက်ရှိသွားတယ် ။ သူဟာ
အင်အားကြီးတယ် ကြံ့ခိုင်တယ်လို့ ထင်တဲ့ ကျောက်တောင်ကြီးအဖြစ်နဲ့
ကျေနပ်နေတုန်းမှာ သူ့အောက်မှာ “ တောက်..တောက်...တောက် ”
ဆိုတဲ့အသံကိုကြားလိုက်ရတယ် ။
သူငုံ့ကြည့်လိုက်တော့ ကျောက်ဆစ်သမားတစ်ဦးဖြစ်နေပါတော့တယ် ။
ကျွန်တော်တို့ရဲ့အကောင်းဆုံးဆိုတဲ့အခြေအနေဟာ..ဘာလဲ..စဉ်းစားမိကြမယ်ထင်ပါတယ်..
ပုံပြင်လေးကရိုးရှင်းပြီးအဓိပ္ပါယ်ပြည့်စုံလှပါတယ်.. ကျွန်တော်တို့ဟာ ဘ၀မှာ အကောင်းဆုံး ဆိုတဲ့ အလုပ် ၊
အကောင်းဆုံးဆိုတဲ့ အရာတွေ ကိုပဲ ရှာဖွေဖို့အမြဲကြိုးစားနေမိကြတယ် ။
ကိုယ်နဲ့ သင့်တော်တဲ့အလုပ် ကိုယ်နဲ့ သင့်တော်တဲ့ ဘ၀မှာနေရတာထက် ကိုယ်နဲ့
အဆင်မပြေတဲ့ ဘ၀တွေကိုေ ရာက်ဖို့ပဲ ခုန်ကူးဖို့ ကြိုးစားနေမိကြတယ်။လက်ရှိအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း...
ဘ၀အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ...
ဝေလင်းကျော်
06 Sep 2012
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...