လူဆိုးလူကောင်းတွေနေတဲ့ရွာ
တစ်ခါတုန်းက
ပညာရှိအဖိုးအိုတစ်ဦးရှိတယ် ။ အဲဒီအဖိုးအိုဟာ ရွာအပြင်မှာ တဲကလေးထိုးပြီး
တရားဘာဝနာပွား များရင်းတစ်ယောက်တည်းနေထိုင်ခဲ့တယ် ။ တစ်နေ့တော့
ခရီးသွားတစ်ဦးက ရောက်လာခဲ့ပြီး အဖိုးအို ကို မေးတယ် ။
“
ဒီရွာလေးမှာ ဘယ်လို လူမျိုးတွေနေကြပါသလဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က
လက်ရှိနေတဲ့နေရာ ကနေ ပိုကောင်းတဲ့နေရာကို ရှာဖွေနေတဲ့သူမို့လို့ပါ ”
ပညာရှိအဖိုးအိုက ခရီးသွားကိုပြန်မေးတယ် ။
“
သင်အခုပြောင်းရွေ့လာတဲ့ရွာကလေးမှာရော ဘယ်လိုလူမျိုးတွေနေထိုင်ကြသလဲ ”
ခရီးသွားကဖြေတယ် ။ “ သူတို့က လိမ်ညာတယ် ကောက်ကျစ်တယ် ကြမ်းတမ်းကြတယ်
အဖိုးရဲ့ ” အဲဒီအခါ အဖိုးအိုကပြောတယ် ။
“ သင်ပြောသလို လူအမျိုးအစားတွေပဲ ဒီရွာလေးမှာနေကြပါတယ် ”
နောက်တစ်ရက်မှာ
နောက်ထပ်ခရီးသွားတစ်ယောက်က ထပ်ရောက်လာပြီးအဖိုးအိုကိုမေးပြန်တယ် ။ “
ဒီရွာလေး မှာ ဘယ်လို လူမျိုးတွေနေကြပါသလဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က
လက်ရှိနေတဲ့နေ ရာ ကနေ ပိုကောင်းတဲ့နေရာကို ရှာဖွေနေတဲ့သူမို့လို့ပါ ”
အဖိုးအိုကလည်း ပထမခရီးသွားကိုမေးခဲ့သလိုမျိုးပဲ ထပ်မေးလိုက်တယ် ။
“
သင်အခုပြောင်းရွေ့လာတဲ့ရွာကလေးမှာရော ဘယ်လိုလူမျိုးတွေနေထိုင်ကြသလဲ ”
ခရီးသွားကပြန်ဖြေတယ် ။ “ အရင်နေခဲ့တဲ့ရွာကလေးမှာတော့ သူတို့ကယဉ်ကျေးကြတယ်
သိမ်မွေ့ကြတယ် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းကြပါတယ်အဖိုးရဲ့ ” အဖိုးအိုက
ပြန်ဖြေတယ် ။
“ ဒီရွာကလေးထဲမှာလည်း အဲဒီလို လူမျိုးတွေနေထိုင်ကြပြီး အဲဒီလို ပုံစံမျိုးကို သင်ရှာဖွေနိုင်ပါတယ် ”
------------------------------------------
ယေဘူယျအားဖြင့်
ကမ္ဘာလောကကြီးကို ကျွန်တော်တို့ဟာ တခြားဖက်ကနေမကြည့်ပဲ ကိုယ့်ဖက်ကနေ
ပဲကြည့်တတ်ကြတယ် ။ အချိန်အများစု အဖြစ်အပျက်အများစုမှာ တခြားလူတွေရဲ့
အပြုအမူအပြောဆို အတွေဟာ ကျွန်တော်တို့ရဲ့တန်ပြန်သက်ရောက်မှုတွေပဲဖြစ်တယ် ။
နေရာတိုင်းမှာ လူဆိုး တွေရှိသလို လူကောင်းတွေလည်းရှိပါတယ် ။
နေရာတိုင်းမှာ လူ့မိုက်ရိုင်းတွေရှိသလို လူ့ယဉ်ကျေးတွေလည်းရှိပါတယ် ။
နေရာတိုင်းမှာ ကောက်ကျစ်ယုတ်မာတဲ့သူတွေရှိသလို ရိုင်းပင်းကူညီစာနာတတ်သူတွေလည်းရှိပါတယ် ။
သင်ရော ဒီထက်ကောင်းတဲ့နေရာကို ရှာဖွေနေသလား ။ သင်ရောက်ရှိမယ့်နေရာမှာလည်း အရာရာဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေမှာဖြစ်တယ် ။
သက်တန့်ချို
WE SEE THINGS NOT THE WAY THEY ARE BUT THE WAY WE ARE အားဘာသာပြန်ခံစားသည် ။
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...