အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Wednesday, August 27, 2014
တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော
တက္ကသိုလ်အားလုံးကို အင်တာနက်စနစ် ချိတ်ဆက်ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးပြော
=============================
   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်တွင်းရှိတက္ကသိုလ်အားလုံးကို အခမဲ့အနေဖြင့် အင်တာ နက်လိုင်း ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။
ပြည်တွင်း၌ တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရှိပြီး အဆိုပါတက္ကသိုလ်များအနေဖြင့် အင်တာနက်စနစ် ချိတ်ဆက်လိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်နိုင်ကြောင်း ဦးမျိုးဆွေကပြောသည်။
“ဆက်သွယ်လာရင် ချိတ်ပေးမှာပေါ့။ ပစ္စည်းပိုင်းတော့ မပါဘူး။ အင်တာနက်သုံးဖို့အတွက် Bandwidth တစ်ခုပေးမယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။
တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်တာနက်ကွန်ရက်ကို အသုံးပြု၍ လေ့လာမှုများ ပြုလုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ပေးအပ်သည့် Bandwidth နှင့်အတူ တက္ကသိုလ် နယ်မြေအတွင်း အခမဲ့ Wifi အင်တာနက်စနစ်ကို ပြန်လည်ပေးဝေ အသုံးပြုရန်ဖြစ်သည်ဟု သိရသည်။
“Wifi သုံးဖို့ လူအရေအတွက် နည်းနည်းလောက်ကိုပဲ ပေးနိုင်တယ်။ ကျောင်းသားလူဦးရေနဲ့ ယှဉ်ရင် Wifi သုံးဖို့ ခွင့်ပြုပေးထားတဲ့ အရေအတွက်က နည်းနည်းလေးပါ။ အခုက ပိုဆိုးတယ်။ ကျောင်းသားတိုင်းက မိုဘိုင်းဖုန်း ကိုင်ကြတော့ Wifi အပြည့်ပေးနိုင်ဖို့က မလွယ်ဘူး”ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) မှ ဆရာတစ်ဦးက ဆိုသည်။
Saturday, August 16, 2014
Blog APK Download
        www.wailinn.blogspot.com အား Mobile မှ ၀င်ရောက်နိုင်ရန်အတွက် အောက်ပါ Link မှ APK များအား Download ယူ၍ရနိုင်ပါသည်။
*****************************************************************
**************************************************
***********************************
***************************
****************
********
**
*
SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခြင်း
SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခြင်းကြောင့် မြန်မာနိုင်ငံမှ အင်တာနက်အသုံးပြုသူများ ကွန်နက်ရှင်နှေးကွေးမှုဖြစ်စဉ်ကို တစ်လခန့် ကြုံတွေ့ရမည်
=============================================
ပင်လယ်ရေအောက်ဆက်ကြောင်းSEA-ME-WE 3 ပြတ်တောက်မှု သြဂုတ်၁၂ရက်နေ့ကဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများမှာ ကွန်နက်ရှင်နှေးကွေးမှုဖြစ်စဉ်ကို ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်ကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိအရာရှိတစ်ဦးက"ဒီဆက်ကြောင်းပြန်ပြင်မှာ ၁၅ရက်ကနေ ရက်၃၀လောက်အထိကြာနိုင်တယ်။ ကျွန်တော်တို့အခုကတည်းကပြင်ဆင်နေပါပြီ။အင်တာနက်ကွန်နက်ရှင်က ပုံမှန်အသုံးပြုတဲ့နှုန်း ၄ပုံမှာတစ်ပုံလောက်ပဲရနိုင်မယ်"ဟုပြောခဲ့သည်။
မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြားဆက်သွယ်ထားသည့် SEA-ME-WE 3 ဆက်ကြောင်းပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း အလားတူ ဆက်ကြောင်းများပြတ်တောက်သည့်အတွက်ကြောင့် ကွန်နက်ရှင်နှေးကွေးမှုကို တစ်လထက်မနည်း ခံစားခဲ့ကြရသည်။
Fiber to the Home (Fortune)
Wednesday, June 13, 2012
Windows 8 အကြောင်း သိကောင်းစရာ
Windows 8 အကြောင်း သိကောင်းစရာ
Microsoft ကနေပြီးတော့ Windows 7 ထက်ပို၍ update ဖြစ်သော Windows 8 developer
review version ကို 2011 Customer Electronic show တွင် ပထမဦးဆုံးပွဲထုတ်ခဲ.ပါတယ်။ နောက်ဆုံး version ဖြစ်တဲ. Windows 8 Consumer Preview ကို microsoft က 29 February 2012 နေ.တွင် မိတ်ဆက်ပြသခဲ.ပါတယ်။Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။
Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-
Saturday, April 21, 2012
Computer အခြေခံ (For HARDWARE)
             အခြေခံမျှသာဖြစ်ပါသည်..... လေ့လာပေးပါ....
ကွန်ပြူတာကို အပိုင်းခွဲကြည့်မယ် ဆိုရင်တော့ နှစ်မျိုးပဲ ရှိပါတယ် ...
၁ ။ Hardware
၂ ။ Software ပဲဖြစ်ပါတယ်
ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Personal computer(pc) နဲ့ပဲ တင်ပြပေးသွားမှာ ဖြစ်ပါတယ် ကွန်ပြူတာတစ်လုံးဖြစ်လာဖို့အတွက် အစိတ်အပေါင်းမြောက်များစွာပါဝင်တဲ့ system တစ်ခုလိုပါတယ်
အဲဒီမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကတော့ - အောက်ပါတို့ပဲဖြစ်ပါတယ်..
DDOS (Distributed Denial Of Service)
DOS ဆိုတာ ကြားဖူးနေတာကြာပြီဖြစ်လို့ …သူနဲ့ ပတ်သတ်တာလေးတွေ လိုက်ဖတ်ရင်း
သိခဲ့ ရတာလေးတွေ မျှဝေတင်ပေးလိုက်ပါတယ်။
DOS Attacks or Denial Of Services Attack ဟာ… အင်တာနက်ရဲ့ 
မြေအောက်ဟက်ကာအဖွဲ့ အစည်းတွေကြားမှာ ပေါ်ပေါက်ခဲ့ ပါတယ်။သူတို့ ရဲ့  ကျော်ကြားလိုမှုတွေနဲ့  အရိုအသေပေးခံလိုမှုတွေ ကြောင့် လို့သိရှိရပါတယ်။
ကွန်ယက်အကြောင်းအခြေခံ
Network Infrastructure
     Network တစ်ခုဖြစ်ပေါ်လာဖို့ အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ့  လုံခြုံမှု Security တွေ၊ လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု Access တွေ တခြားဒီ Network တွေမှာပါဝင်ပါတ်သက်နေတဲ့ အစိတ်အပိုင်းတွေ ဟာ Network တစ်ခုရဲ့  Infrastructure ပဲဖြစ်ပါတယ်။
    Types of Network ကွန်ယက်အမျိုးအစားများ
ကွန်ယက်အမျိုးအစား(၃)မျိုးကို အကြမ်းဖျင်းအားဖြင့် တွေ့ ရပါတယ်..အဲဒါတွေကတော့
၁။ Local Area Network (LAN)
၂။ Metropolitan Area Network (MAN)
၃။ Wide Area Network (WAN)
Desktop Icon ကို Transparent ဖြစ်အောင် ပြန်လုပ်မယ်
  Windows Desktop မှာ Icon စာသားတွေက နောက်ခံအပြာရောင်နဲ့ ပြနေတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ မသိတဲ့သူတွေအတွက်  ဒီနည်းလမ်းလေးက အဆင်ပြေစေပါလိမ့်မယ်။ နည်းလမ်းနှစ်ခုနဲ့ ပြုလုပ်လို့ရပါတယ်။
နည်းလမ်း (၁)
-Go to control panel > System > Advanced > Performance မှ Settings button ကို နှိပ်ပါ။
-Visual Effects tab မှ "Use drop shadows for icon labels on the Desktop"ကို အမှန်ခြစ် ပြလိုက်ပါ။ Apply > Ok နှိပ်ပါ။
နည်းလမ်း(၂)
-Desktop မှာ ရှိတဲ့ My Computer icon ပေါ်မှာ Right-Click နှိပ်ပြီး  Properties ကို နှိပ်ပါ။ Advanced tab မှာရှိတဲ့ Performance အောက်တွင် Setting button ကို နှိပ်ပါ။
-Dialog box နောက်တစ်ခုတွင် Visual Effects tab မှ "Use drop shadows for icon on the Desktop ကို အမှန်ခြစ်ပြလိုက်ပါ။
-Apply > ok ကို နှိပ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
အဆင်ပြေကြပါစေဗျာ
Tuesday, March 20, 2012
မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version)
1st Myanmar Browser Developer- ကိုထင်အောင်
1st MM Browser Official Website- www.1stmm.net
http://www.myanmarmobileapp.com
မန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။
Monday, March 19, 2012
Facebook Virus ကိုဘယ်လိုရှင်းမလဲ
   ကဲမိတ်ဆွေတို့ရေ....အခုတလောပြန့်နေတဲ့ Facebook Virus  လေးအကြောင်းကို ကူးယူဝေမျှလိုက်တာပါ
မူရင်းဘလော့ ကတော့ www.lubo601.com ပါ...ကျွန်တော် ကိုယ်တိုင် အချိန်သိပ်မရလို့ ကိုယ်ပိုင်
knowledge လေးတွေ မဝေနိုင်သေးတာ ခွင့်လွှတ်ပေးကြပါလို့လည်း တောင်းပန်းချင်ပါတယ်.....
အခုလိုဝေမျှခွင့်ပေးတဲ့ blog ပိုင်ရှင်ကိုလည်း အထူးပဲ ကျေးဇူးတင်မိပါသည်။..
အခုတစ်လော  Facebook  မှဝင်လာတဲ့  Malware  ကတော်တော်လေးကိုဒုက္ခပေးနေတာတွေ့ရပါတယ်
ဒီကောင်ဝင်လာပြီဆိုတာနဲ့စက်မှာရှိတဲ့ဘယ်  Antivirus  မဆိုအလုပ်မလုပ်တော့ပါဘူး..။ဖြုတ်လို့တောင်
မရတော့ပဲအသစ်ပြန်တင်တာနဲ့စက်က  Restart ထိုးထိုးကျသွားပြီးဘာမှကိုလုပ်လို့မရဘူးဖြစ်နေတာကို
တွေ့ရပါတယ်..အခုအကိုတစ်ယောက်ကလဲမေးထဲတာနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းလေးကိုအောက်
မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..
မဖြစ်သေးတဲ့သူတွေလဲသတိထားစေချင်လို့အဲ့ဒီအကိုပို့လိုက်
Virus ၀င်လာပုံလေးကိုအောက်မှာဖော်ပြပေးထားပါတယ်..
Sunday, March 11, 2012
Intel Processor
intel ရဲ့  Nehelem နည်းပညာကိုအခြေခံထားတဲ့ Core Series တွေ CPU လောကကိုစိုးမိုးနေတာအားလုံးအသိပဲဖြစ်မှာပါ။
Core Series CPU အကြောင်းကိုမပြောခင်မှာ အရင်ဆုံးသိထားရမယ့် အခေါ်အဝေါ်လေးတွေကိုအရင်ပြောသွားပါမယ်။
အဲဒါတွေကတော့…..
၁။ Die ( integrated circuit ) Wafer ဆိုတဲ့ Silicon ကနေ CPU လုပ်ရန်ဖြတ်ထုတ်လိုက်တဲ့ Integrated Circuit ကို Die လို့ ခေါ်တာပါ။
၂။ Core ဆိုတာ Die တစ်ခု ပေါ်မှာတည်ဆောက်ထားတဲ့ CPU Chip တစ်ခု (သို့ မဟုတ်) CPU တစ်လုံးအတွက်အဓိကအကျဆုံးအစိတ်အပိုင်း (သို့ မဟုတ်) Real Processing Unit
၃။ Thread ဆိုတာ လမ်းကြောင်း သို့ လုပ်ဆောင်မှု့ တစ်ခုပါ။
၎။ Hyper Threading Technology ဆိုတာ Thread လမ်းကြောင်းနှစ်ခုကို Processor ( Core ) တစ်ခုတည်းပေါ်မှာအပြိုင်သွားလာစေရန်ဆောင်ရွက်ပေးသည်။
၅။ Multi Core ဆိုတာ Die တစ်ခုပေါ်မှာ တစ်ခုထက်ပိုသော Core တွေကိုထည့်သွင်းတည်ဆောက်သည့်နည်းပညာကိုခေါ်သည်။
၆။ Cache ဆိုသည်မှာ CPU တွင် Core များအလုပ်လုပ်ရန်အတွက်အသုံးပြုသော(ထည့်သွင်းတည်ဆောက်ထားသော) Static Memory
၇။ Turbo Boost Technology ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ Core များစွာပါပေမယ့် Application တစ်ခု Run နေစဉ်မှာ Core တစ်ခုသာလိုအပ်မယ်ဆိုရင် Core တစ်ခုတည်းနဲ့ ပဲလုပ်ဆောင်ပေးပြီးတော့ တစ်ခုထက်ပိုသော
Core လိုအပ်တယ်ဆိုမှ Auto ထုတ်သုံးတဲ့နည်းပညာဖြစ်တဲ့အတွက် Performance ပိုင်းအတွက်
စိတ်ချရပြီးတော့ ပါဝါစားသုံးမှု့ ကိုလည်းချွေတာရာရောက်စေတဲ့နည်းပညာပါ။
၈။ Smart Cache ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ CPU ထဲမှာပါတဲ့ Cache Memroy တွေဟာ လိုအပ်လျှင် Dynamically ပေါင်းစပ်ပြီးတော့ Performance ကိုပိုမိုကောင်းမွန်စေပါတယ်။
၉။ QPI ဆိုတာ Quick Path Interconnect လို့ ခေါ်တဲ့နည်းပညာပါ။ လိုအပ်တဲ့အချိန်မှာ CPU အတွင်းမှာရှိတဲ့ Core တွေ Memory တွေက Point to Point ချိတ်ဆက်ပြီးတော့ Hyper Transport လုပ်နိုင်ပါတယ်။
Huawei U8650 Android 2.3.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်နည်း
root လုပ်လို့အောင်မြင်တဲ့ နည်းလမ်း ၂-ခု ရှိပါတယ်
မိမိအတွက် အဆင်ပြေမဲ့ နည်းလမ်းနဲ့
အသုံးပြုလို့ရပါတယ်။
Huawei U8650 Android 2.3.3 ကို root လုပ်ဖို့အတွက်
လိုအပ်တဲ့ root tool များကို download ဆွဲပါ
ပုံစံ ၁ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
http://minus.com ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
OR
Direct link ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
ပုံစံ ၂ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
root file အားရယူရန်
ဥပမာအနေနဲ့ root လုပ်ပြမဲ့ Huawei U8650 ရဲ့ အချက်အလက်ပါ
Model number
U8650
Android version
2.3.3
Baseband version
60501009
Kernel version
2.6.35.7-perf
android@localhost#1
Build number
U8650V100R001C223B826
Wednesday, February 29, 2012
Root လုပ်တာဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..?
ဒီအကြောင်းအရာတွေက Android ပေါ်မှာ root
လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ်တစ်ခုကို ရှာဖွေ
ရှင်းပြပေးမှာပါ။
ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေက အရေးကြီးပိုင်းမှာ
အသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့
အခြေခံသဘာ သဘာဝတွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊
ပြီးတော့ android phones တွေကို root လုပ်ပြီး applications တွေကို
အလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေးထားပါတယ်။
ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
Friday, February 24, 2012
WiMAX ရဲ့ အဓိကအချက်များ …
-         ရေဒီယိုစံနစ်တစ်ခု(Wireless System)နဲ့ ချိတ်ဆက်တာမှာ အမြင့်ဆုံး Data Rate 70 Mbps အထိရနိုင်ပါတယ်
-         မိန်းစတေရှင်ကနေ 30 miles (50km) ထိ coverage area ရနိုင်ပါတယ်
-         အထိုင်စက်နဲ့ရော မိုဘိုင်းဒီဗိုက်စ်တွေရော နှစ်မျိုးသုံးနိုင်ပါတတယ် (Fixed or Mobile)
-         တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံ ဆက်သွယ်မှု လမ်းကြောင်းနဲ့ပါ ဆက်သွယ်မှု ရနိုင်ပါတယ် (Direct, Line of sight or non-line of sight communication)
-         Triple play လို့ပြောရမယ့် Voice, Video and Data သုံးခုလုံးကို support လုပ်နိုင်ပါတယ်၊
-         Networking Technology က IP network ကို အခြေခံပါတယ်၊
What is WiMAX?
WiMAX ဆိုတာ Wireless Networking Technology တစ်ခုပါ၊
အရှည်ကောက်ကတော့ World-wide Interoperability of Microwave Access ပါ၊
WiFi ဆိုတာကတော့ တော်တော်များများလဲ ရင်းနှီးနေကြပါပြီ၊ WiMAX ဟာ WiFi
လိုပဲ Wireless နည်းပညာတစ်ခုပေါ့ ၊ အကြမ်းဖျဉ်းတပ်ဆင်သုံးစွဲပုံခြင်း
ခင်ဆင်ဆင်တူပေမယ့် နည်းပညာပိုင်းဆိုင်ရာတွေကတော့ ကွဲလွဲမှုတွေရှိပါတယ်၊
ကွန်ပျူတာတွေကို အင်တာနက်သုံးဖို့ပဲဖြစ်ဖြစ်၊ ရုံးလုပ်ငန်းဆိုင်ရာတွေ
သုံးဖို့ပဲဖြစ်ဖြစ် ကွန်ယက်ချိတ်ဆက်တဲ့ အခါ နည်းပညာ အမျိုးမျိုးကို
သုံးစွဲကြပါတယ်။ ဒီလိုချိတ်ဆက်ရာမှာ အကြမ်းဖျင်း
ဝါယာကိုအသုံးပြုချိတ်ဆက်တာ (Wired) နဲ့ ရေဒီယိုဆက်သွယ်ရေးကို သုံးပြီး
ဝါယာမပါပဲ ချိတ်ဆက်တာ (Wireless) လို့ နှစ်မျိုးခွဲနိုင်ပါတယ်။ နံပါတ်-၁
အချက်အနေနဲ့ WiMAX ဟာ Wireless Networking Technology တစ်ခုပါ။
နောက်တစ်ခုက Networking မှာ လိုကယ်ဧရိယာနက်ဝပ် (LAN)၊
အဝေးဆက်သွယ်မှုနက်ဝပ် (WAN)၊ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။ ဥပမာ WiFi
ဟာဆိုရင် LAN နည်းပညာ တစ်ခုပါ၊ WiFi ကိုသုံးပြီး ဝါယာလက်စ်
လိုကယ်ဧရိယာနက်ဝပ် (Wireless-LAN) တစ်ခုကိုတည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့်
ရပ်ကွက်နှစ်ခုစာလောက် အကွာအဝေးကို နက်ဝပ်ချိတ်ဆက်ချင်တယ် ဆိုရင်တော့ WiFi
နဲ့မရနိုင်တော့ပါဘူး၊ (WiFi ဟာ မီတာ ၁၀၀ လောက်အကွာအဝေးပဲ
ချိတ်ဆက်လို့ရပါတယ်၊) တခြား အဝေးဆက် နည်းပညာ တစ်ခုခုကိုသုံးရပါတော့မယ်။
အဲဒီလိုပဲ WiMAX ဟာ ဝါယာလက်စ် မြို့ပြဧရိယာနက်ဝပ် (Wireless-MAN)
နည်းပညာလို့ ပြောနိုင်ပါတယ်။ မြို့တစ်မြို့လုံးကို လွှမ်းခြုံပြီး
ဝါယာလက်စ် နက်ဝပ်ချိတ်ချင်တယ်၊ အင်တာနက် ဆားဗစ် ပေးချင်တယ်ဆိုရင် WiMAX
ကို အသုံးပြုနိုင်ပါတယ်။
ဝိုင်မက်စ် နည်းပညာမိတ်ဆက်
ဝိုင်မက်စ် နည်းပညာမိတ်ဆက် ( WiMAX Technology Introduction)
2008 ကုန်ခါနီးမှာ နည်းပညာနဲ့ IT အသိုင်းအဝိုင်းမှာ ဝိုင်မက်စ်
ဆိုတဲ့ အသံတွေ ကြားလာရပါတယ်၊ ဒီနောက်ဆုံးပေါ်လို့ ဆိုရမယ့် နည်းပညာကို
မြန်မာပြည်မှာ စတင်မိတ်ဆက်တဲ့ ဝန်ဆောင်မှုပေးတဲ့ RedLink လိုလုပ်ငန်းတွေလဲ
ပေါ်ပေါက်လာပါတယ်၊ ဘယ်လိုလဲ …ဘာလဲ… ဘယ် အထိသွားမှာလဲ… တပွဲတိုးလား
ရေရှည်လား …??? စတဲ့မေးခွန်းတွေကလဲ တပါထဲ ပါလာပါတယ်၊
မိတ်ဆွေအပေါင်းအသင်းတွေ ကလဲ ဒီအကြောင်း မကြာခဏ မေးခွန်းထုတ်ကြပါတယ်၊
ဒါကြောင့် သိသမျှ ဝေမျှလိုတဲ့အတွက် ဒီ ဝိုင်မက်စ် နည်းပညာမိတ်ဆက် ကို
ရေးဖြစ်ပါတယ်။
Fig-1 WiMAX Logo
Monday, May 23, 2011
Wireless Concept
အရင်က wireless network ဆို coffee ဆိုင်တွေလောက်သာ ပြေးမြင်တတ်ကြပေမယ့် အခုအခါမှာတော့ businesses ၊ college campuses နဲ့  အခြား networks ကြီးတွေမှာ wireless network ကို တွေ့  မြင်နိုင်ပါတယ်။ wireless network မှာ security risks တွေ သိသိသာသာ ရှိနေသေးပေမယ့် Windows Server 2008 နဲ့  Remote Authentication Dial-In User Service (RADIUS) တို့ လို နောက်ဆုံးပေါ် wireless လုံခြုံရေး နည်းပညာတွေကို အသုံးပြုပြီး သေသေချာချာ plan လုပ်ထားမယ်ဆိုရင် risk တွေ လျောနည်း သွားနိုင်ပါတယ်။ ဒီသင်ခန်းစာမှာ wireless technologies တွေကို ခြုံငုံ သုံးသပ်မယ်။ နောက် wireless access points တွေမှ authentication requests တွေကို process လုပ်ဖို့  Windows Server 2008 ကို ဘယ်လို configure လုပ်ရမလဲဆိုတာ ရှင်းလင်းမှာ ဖြစ်ပါတယ်။
Monday, May 9, 2011
Intel Sandy Bridge
Intel တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ i7 တောင် ကောင်းကောင်း မသုံးရသေးဘူး။ အခု ဒုတိယမျိုးဆက် i စီးရီး CPU တွေ ထပ်မံ ထုတ်လိုက်ပြန်ပါပြီ။ CPU နာမည်တွေကတော့ i တွေပါပဲ။ နာမည်မပြောင်းပါဘူး။ ဒါပေမဲ့ ပထမမျိုးဆက် i7 နဲ့ ဒုတိယမျိုးဆက် i7 ဆိုပြီး ကွာသွားပါပြီ။ အခု ဒီ ဒုတိယမျိုးဆက် i5 နဲ့ i7 တွေ အတွက် ပေးထားတဲ့ Codename က Sandy Bridge တဲ့။ ကျွန်တော့်အထင်ပြောရရင် Sandy.. Sandy နဲ့ ခေတ်စားလာမှာ မြင်ယောင်ပါသေးရဲ့။ ဒီ ဒုတိယမျိုးဆက် i စီးရီး CPU တွေ သုံးချင်ရင်တော့ Motherboard အသစ်တစ်ခု ထပ်ဝယ်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Sandy Bridge ဟာ အရင်လို Socket 1156 မဟုတ်တော့ဘဲ Socket 1155 ဖြစ်သွားတာမို့ပါ။ တွဲသုံးရမယ့် Chipset ကတော့ H67 သို့မဟုတ် P67 တွေဖြစ်ပါတယ်။ ၀ယ်သုံးရမယ့် Motherboard တွေကတော့ ရန်ကုန်ဈေးကွက်ထဲမှာ အရန်သင့်ရှိနေပါပြီ။ တခြား Motherboard တွေတော့ မဟုတ်ပါဘူး။ ဂျာနယ်တွေမှာပါလာတဲ့ ပြန်သိမ်းနေပါတယ်ဆိုတဲ့ Motherboard တွေပေါ့။ အဟဲ လန့်သွားသလား။ အဲဒီ Board တွေတော့ မ၀ယ်နဲ့ပေါ့။ Revision B3 ဆိုရင်တော့ စိတ်ချရပါပြီ။ ၀ယ်သုံးလို့ ရပါပြီ။ ကဲ ဟုတ်ပြီပေါ့။ i5 နဲ့ i7 တွေမှာ ဘယ် i တွေက Second Generation ဖြစ်သလဲဆိုတာလည်း ကြည့်တတ်ဖို့ လိုဦးမယ်နော်။ Process Number တွေကို သတိထားကြည့်ရုံပါပဲ။ Desktop တွေအတွက် Second Generation i7 CPU တွေကတော့ Core i7 2600K နဲ့ Core i7 2600 တို့ပါ။ Second Generation i5 CPU တွေကတော့ Core i5 2500 တွေနဲ့ Core i5 2400 တွေပါ။ Second Generation i3 CPU တွေကတော့ Core i3 2100 တွေနဲ့ Core i3 2120 ပါ။
ဘာတွေအသစ်ပါလာသလဲ
Sandy Bridge နဲ့ Core i7
Intel ကုမ္ပဏီက i7 ရဲ့နောက်မှာ Second Generation CPU မျိုးဆက်သစ် i7 ကို ထပ်မံထုတ်လုပ်မိတ်ဆက်လိုက်တယ်ဗျ .. CPU ရဲ့ နာမည်တွေကတော့ အရင်လိုပါပဲ iတွေနဲ့ပါပဲ၊ First Generation i7 နဲ့ Second Generation i7 ပေါ့ဗျာ ..
အခု ကျွန်တော်ပြောမှာက Sandy bridge လို့ခေါ်တဲ့ SecondGeneration i7 အကြောင်းပါ
သူ့ရဲ့ code name ကတော့ Sandy Bridge ပါ၊ Socket က 1155 ဖြစ်လို့ ပထမမျိုးဆက် i7 ရဲ့ Socket 1156 နဲ့ အထိုင်မတူတော့ဘူးလေ .. Chipset ကတော့ H67,P67 စတာတွေဖြစ်ပါတယ် ။ Socket ကွဲလွဲသွားပြီဖြစ်တဲ့အတွက် CPU အထိုင်လဲ မတူတော့ပါဘူး ဒီတော့ ကျွန်တော်တို့ motherboard ပါ လဲရတော့မှာပေါ့ .. Upgrade လုပ်ချင်ရင်လေ …ရန်ကုန်မှာလဲ အထက်က ပြောခဲ့သလိုပဲ motherboard တွေ ၀ယ်လို့ရနေပါပြီ… ညွှန်းချင်တာကတော့ဗျာ .. ၀ယ်မယ်ဆိုရင် Revision B3 လောက်ဝယ်ပါလို့ ကျွမ်းကျင်သူတစ်ဦးက ညွှန်းပါတယ် .. နောက်ပြီး ကျွန်တော်တို့ Processor တွေရဲ့ နံပါတ်တွေလဲ သိထားရင်ပိုကောင်းတာပေါ့ဗျာ .. Second Generation i7 CPU တွေကတော့
Core i7 2600 k နဲ့ Corei7 2600
Core i5 2500 , Core i5 2400
Core i3 2100 , Core i3 2120 တို့ဖြစ်ပါတယ်။