အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Friday, August 29, 2014

ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ

ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ
ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ဟာ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့သမျှဘာသာတရားတိုင်း တစ်နည်း မဟုတ် တစ်နည်း နဲ့ လက်ခံထားကြတဲ့ အယူအဆဖြစ်တယ်။ ဒီ အယူအဆ က ဘယ်လို ဘယ်ပုံ ပေါက်ဖွားလာ သလဲ ဆို တာ သုတေသီ ပညာရှင်တွေ ငြင်းခုံ နေကြဆဲ ဖြစ်ပေမဲ့ အလွန်ရှေးကျတဲ့ ဝေဒ ခေတ်ကတည်း က ဒီ အယူအဆ ရှိခဲ့ပြီလို့တော့ ခန့်မှန်းကြပါတယ်။

ဝေဒခေတ် ဘာသာရေး က ဘုရားအများကိုးကွယ်တဲ့ဝါဒ (Polytheism) ဖြစ်တယ်။ သဘာဝလောကကြီး တစ်ခုလုံး လှုပ်ရှားသက်ဝင်နေတဲ့စွမ်းအားတွေ နောက်ကွယ် မှာ ဆိုင်ရာ နတ်ဒေ၀တာ အသီးသီး ရှိမယ်လို့ယုံကြည်ကြတယ်။ လက်ရှိဘ၀ ရဲ့ လိုအပ်ချက်တွေ အတွက် နတ်ဒေ၀တာ တွေ ကို တိုင်တည်ပြီး မ စ ဖို့ အတွက် ပူဇော်ပသကြရာက နေ ယာဇ်ပူဇော်မှု အလေ့အထ ပေါ်ပေါက်လာခဲ့တယ်။ နတ်ဒေ၀တာ တွေ ဘုန်းတော်ဖွဲ့တဲ့ ဓမ္မတေး တွေ ရေးစပ်သီကုံးပြီး ရွတ်ဆိုပူဇော်ကြတယ်။ ပူဇော်မှု ရဲ့ အကျိုး က ဒီဘ၀တင်မဟုတ်ပဲ တမလွန်ဘ၀ မှာ လဲ သဂ္ဂဘုံနန်း ကို ရောက်ရှိခံစား ရမယ် ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

ဝေဒခေတ် နှောင်းပိုင်း ဥပနိသျဒ်ကျမ်း တွေ ပေါ်ပေါက်လာတော့ သေပြီးနောက် တစ်ဘ၀ ဖြစ်မယ် ဆိုတာထက် ဘ၀ ဆိုတာ သစ္စာတရား ကို မသိမချင်း အဖန်တလဲလဲ မွေးဖွားလိုက် သေဆုံးလိုက် နဲ့ တရစပ်ချားရဟတ်လို လည်နေတဲ့ ဘ၀သံသရာဖြစ်စဉ် အဖြစ်ရှုမြင်လာကြတယ်။ ဘ၀သံသရာဖြစ်စဉ် ရဲ့ ဆင်းရဲခြင်းတွေ ကို လဲ ကြောက်ရွံ့လို့ သံသရာ အဆုံးသတ်မှု ကို ရှာဖွေလာကြတယ်။ တောရဆောက်တည်တဲ့ အရညက ရသေ့သူတော်စင်တွေ ဝေဒ ကို မယုံကြည်ပဲ တပ အကျင့် အားထုတ်တဲ့ သမဏ သူတော်စဉ် တွေ ပေါ်ပေါက်လာခဲ့ ကြတယ်။

ဒီအထဲ မှာ တော့ ဂျိန်း သမဏ (နိဂဏ္ဍ) တွေ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ ဂျိန်းတွေ ရဲ့ အမြင် အရ သတ္တ၀ါတွေ ဘ၀ သံသရာလည်နေ ရတာ ဟာ ကံရုပ်တွေ ကြောင့် ဖြစ်တယ်။ မိမိ တို့ ပြုသမျှ ကာယ ၀စီ မနော ကံတရားတွေ က ပြုသူရဲ့ ဇီဝအတ္တ မှာ လာရောက်တွယ်ကပ်နေတယ်။ ဒီ ကံ တွေ မကုန်မချင်း ဇီဝအတ္တ ဟာ ကံပစ်ချ ရာ ဘ၀တွေ ကို ရောက်ရှိကျင်လည်ပြီး ဆင်းရဲ ဒုက္ခတွေ ကို ခံစားနေရတယ်။ မိမိကိုယ်ကို ပင်ပန်းစေတဲ့ တပ (အတ္တကိလမထာနုယောဂ အကျင့်) ကို အားထုတ် ရင် ဒီ စုဆောင်းလာတဲ့ ကံတွေ ဟာ တစ်ဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ဇီဝအတ္တ ဟာ ကံ ရုပ် ဟူသမျှ က နေ သန့်စင် သွားတယ်။ အတ္တ ဟာ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေ နဲ့ တသီးတခြား  စီဖြစ်သွားတဲ့ အခါမှာ အတ္တရဲ့ လွတ်မြောက်မှု (ကေ၀လ) ကို ရရှိတယ် လို့ ဂျိန်းတွေ က ယုံကြည်တယ်။


ဗုဒ္ဓ၀ါဒ အမြင် ပေါ်ထွန်းခြင်း
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာ ရာမှာ လေ့လာကြည့်ရင် ဗုဒ္ဓ မဖြစ်ခင် က သမဏ ဖြစ်ခဲ့တယ်။ ဥပနိသျဒ်လာ လောကီ သမာပတ်ကျင့်စဉ်တွေ ဂျိန်း တပ ကျင့်စဉ်တွေ ကို အားထုတ်ခဲ့ဖူးတယ်။ အဲဒီခေတ်ကာလ မှာ ရှိနေတဲ့ ဘ၀သစ် အဖန် တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ကို လက်ခံ ခဲ့တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဟာ အိန္ဒိယ ဘာသာရေး အတွေးအမြင် သမိုင်း မှာ အလွန်ကြီးမားတဲ့ ပါဒိုင်းအရွေ့ ကို ဖြစ်စေခဲ့တယ်။
 ဗုဒ္ဓ ရှေ့ က ဘာသာရေးတွေ အားလုံး က လောက ဖြစ်စဉ် ကို ရှင်းပြ ရာမှာ ခိုင်မာတဲ့ အနှစ်သားအရှိတရား တစ်မျိုးမျိုး ကို အခြေခံ အဖြစ်ထားပြီးတော့ မှ တင်ပြခဲ့ကြတယ်။ ခိုင်မာတဲ့ အနှစ်သားအရှိတရား ဆိုတာ ပကတိရှိနေတဲ့ အတ္တ (ပရမတ္တမ) ဖန်ဆင်းရှင် ဘုရားသခင် (ဣဿရဒေ၀) အသက်ဇီဝ အတ္တ တစ်မျိုးမျိုး ဖြစ်တယ်။ ကံစွမ်းအင် တွေ ဟာ ဒီ အတ္တ မှာ ကပ်ငြိနေသမျှ အတ္တ ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော က နေ မလွတ်နိုင်ပဲ တ၀ဲဝဲလည် နေရတယ် ဆိုတဲ့ အမြင်ပါပဲ။
 ဗုဒ္ဓရှင်တော် ကတော့ ခိုင်မာတဲ့ အနှစ်သားအရှိတရား ကို လုံးဝငြင်းပယ်တော်မူခဲ့တယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော ကို ရှင်းပြ ရာ မှာ အတ္တ ဟာ မလိုအပ်တဲ့ အရာ ဖြစ်တဲ့ အပြင် ဒီ အတ္တ ရဲ့ အရှိတရား ကို မှားယွင်းစွာ စွဲလန်းခြင်း (အတ္တ၀ါဒုပါဒါန်-အတ္တာနုဒိဋ္ဌိ) ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ကို ဖြစ်စေတဲ့ လက်သည်တရားခံ ပဲ ဖြစ်တယ် လို့ မြင်ခဲ့ ပါတယ်။ ဒါ က တကယ့် တော်လှန်တဲ့ အမြင်ပဲ။ ဝေဒအမြင် ဂျိန်းအမြင်တွေ မှာ ဖူးဖူးမှုတ် တန်ဖိုး ထားပြီး လွတ်မြောက်အောင်ကြိုးပမ်းနေရတဲ့ အရာ ဟာ ပြဿနာအားလုံးရဲ့ မူလဇာစ်မြစ်လို့ ဗုဒ္ဓရှင်တော် က လင်းပြတဲ့ အတွက်ပါပဲ။

Saturday, August 16, 2014

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်ကမ္ဘာကျော် အမြင်။


သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဗုဒ္ဓဘာသာပေါ်တွင် ထားရှိသည့်ကမ္ဘာကျော် အမြင် ။ 





အိန္ဒိယလူမျိုးတစ်ယောက်က ဆရာတော်ကို အရှင်ဘုရား ဗုဒ္ဓဘာသာကို( Religion ) ဘာသာ တရား လို့ဆိုနိုင်ပါသလားလို့ မေးပါတယ်။
ဆရာတော်က ‘‘ဗုဒ္ဓဘာသာဟာ Religion မဟုတ်ဟု‘‘ ရဲဝံ့ပြတ်သားစွာ ဖြေဆိုခဲ့ပါတယ်။
‘‘ရီလေးဂျင်းမဟုတ်ရင် အရှင်ဘုရားကဘာလို့ပြောချင်တာလဲ‘‘
‘‘ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။‘‘
‘‘ Religion ကတော့ ကျင့်စဉ်မဟုတ်ဘူးလား‘‘
‘‘Religion ဆိုတဲ့ ဘာသာတရားမှာ ကျင့်စဉ်မပါဘူး။
ယုံကြည်ခြင်း၊ရှိခိုးခြင်း ၊ ဆုတောင်းချင်းတို့ပဲရှိပါတယ်။
ယုံကြည်မှုနှင့်ဆုတောင်မှုကိုပဓာန မထားပဲ အကျင့်ကိုသာ ပဓာနထားတဲ့ ဘာသာဟာ ဗုဒ္ဓ ဘာ သာပါ။‘‘
ဒါဆိုရင် ဗုဒ္ဓဘာသာဟိာ (Philosophy) လို့ဆိုရင် ကောရပါသလားလို့ ဒကာကထပ်မေးပါတယ်။
ဆရာတ်ာက ‘‘မရပါဘူ။ ဒီလိုတစ်ဘက်သက်လည်းမပြောနိုင်ပါဘူး။
ဖီလောဆိုဖီ ဆိုတာ အသိသက်သက်ပဲ ။ အကျင့်စရဏမပါဘူး။‘‘
‘‘ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်ရတဲ့တရားပါ‘‘
ယုံကြည်မှုနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး ကျင့်တော့ မိမိနှလုံးသားထဲက ယုတ်ညံတဲ့ကိလေသာ တွေ အကုန် ရှင်းသွားတယ်။ အဲဒီလိုရှင်းသွားတော့ ချမ်းသာသုခကို အမှန်တကယ်ရတာပါပဲ။‘‘
‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။ မိမိစိတ်ဓါတ်ရဲ့ တိုးတက် ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။
အလွန်တန်ဖိုး ထက်မြတ်တဲ့ စိတ်၊စေတသိတ်တို့ကို အသုံချကျင့်ရတာဟာ ဗုဒ္ဓဘာသာပါပဲ‘‘ ဟု ဆရာ တော်က မိန့်ဆိုလိုက်ပါတယ်။
Credit : Min Thant Aung

Saturday, January 18, 2014

သင်္ဂဟတရား လေးပါး

       သင်္ဂဟသည် ပါဠိစကားဖြစ်သည်။ ချီးမြှောက်ခြင်းဟူ၍ အနက်အဓိပ္ပါယ်ရသည်။ ချီးမြှောက်ခြင်းဟူရာ၌ တပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုသညိ။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်းသည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများဖြစ်ကြ၏။

မြတ်စွာဘုရားရှင်၏ ဟောကြားတော်မူချက် အရ သင်္ဂဟတရားလေးပါးရှိသည်။  ယင်းတို့မှာ-
၁။ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း (ဒါန)
၂။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း (ပေယျဝစ္စ)
၃။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီူးမြှောက်ခြင်း (အတ္ထစရိယာ)
၎။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း (သမာနတ္ထတာ) တို့ဖြစ်သည်။

       ဤနေရာ၌ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီူမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းဖြစ်သည်။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်မျိုး၊ အပြောမျိုးဖြင့် ဆက်ဆံခြင်းဖြစ်သည်။ အဖေ အမေ အကိုအမ အဒေါ် ဦးကြီးဦးလေး ညီမလေး ညီလေး မောင်လေး စသည်ဖြင့်ခေါ်၍ ခင်မင်စွာ ပြောဆိုဆက်ဆံခြင်းဖြစ်သည်။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-တပါးသူတို့၌ သာမှု နာမှု ပြစ်မှု စသော ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးပို့ရုံဖြင့် မပြီးသေး၊ ချစ်ဖွယ်စကား ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စများ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ရခြင်း ဖြစ်သည်။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-အမျိုး ဥစ္စာ ရာထူး ဂုဏ်သိန်အားဖြင့် မိမိနှင့်မညီမျှသော်လည်း တန်းတူထား၍ ပေါင်းသင်း ဆက်ဆံရခြင်း ဖြစ်သည်။

        ဘုရားရှင်က-ဤသင်္ဂဟတရား လေးမျိုးတို့သည် သွားနေသော ရထား (လှည်း) ကို ဘီးထွက်မသွားအောင် ၀င်ရိုးအစွန်း၌ တပ်ထားသော နားစောင့်က ချီးမြှောက်ထောက်ပံ့ထားသကဲ့သို့ လူ့လောကကို ချီးမြှောက်ထားသော တရားတို့မည်ကုန်၏။ မိခင်အရင်းပင်ဖြစ်စေကာမူ သားသမီးတို့အပေါ်၌ သင်္ဂဟတရားလေးပါး ပျက်ကွက်လျှင် သားသမီးတို့၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ဖခင်လည်း ထို့အတူပင် သင်္ဂတရားလေးပါး ပျက်ကွက်လျှင် သားသမီး၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ပညာရှိတို့သည်ထိုသင်္ဂဟတရားတို့ကိုကောင်းစွာဆင်ခြင်ကုန်သောကြောင့် မြင့်မြတ်ခြင်းသို့ ရောက်ကြကုန်၏။ ထိုပညာရှိတို့ကား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်၏-ဟူ၍ ဆိုဆုံးမထားပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံး လူငယ် လူရွယ် လူကြီးမရွေး၊ အမျိုး ဘာသာမရွေး၊ သင်္ဂဟတရားလေးပါးကို လိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့ဘ၀နှင့် လောကကြီး ငြိမ်းချမ်းသာယာအောင် ပြုလုပ်ဆောင်ရွက်သင့်ကြပေသည်။

( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇန်န၀ါရီလ )

Thursday, August 2, 2012

ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်

                                   ဂေါတမမြတ်စွာဘုရား၏ဗုဒ္ဓ၀င်အကျဉ်းချုပ်ဆောင်ပုဒ်

 

 

မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့် ရှင်ပင့် သာကိဆွေ။

ရှင်းလင်းချက်

၁။ - ကြာသပတေးနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။

၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။

၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။

၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။

၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။

၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။

သမထနှင့်ဝိပဿနာ ခြားနားပုံ

                                                         သမထနှင့်ဝိပဿနာ
 
သမထတရား သမာဓိကျင့်စဉ်ဆိုတာ  သာသနာပမှာလည်းရှိတယ်၊မြတ်စွာဘုရားမပွင့်ခင်ကတည်းက မြေလျှိုးမိုးပျံနိုင်တဲ့
ဈာန် အဘိညာဉ်ရတဲ့ရသေ့တွေရှိခဲ့ဘူးတယ်၊သမထဆိုတာ သာသနာပြင်ပမှာလည်းတွေ့ နိုင်တယ်။
ဝိပဿနာတရား ပညာကျင့်စဉ်ဆိုတာ သာသနာတွင်းတရားအစစ်ဖြစ်တယ်၊မြတ်စွာဘုရားပွင့်မှသာ သိနိုင် ကျင့်နိုင်တဲ့
တရားအစစ်ဖြစ်တယ်၊သာသနာပမှာ ဆရာ မရှိတဲ့အတွက် ၀ိပဿနာဥာဏ်ကို ဘယ်သူမှ မရနိုင်ဘူး။
့သမထတရားကို အမြင့်ဆုံး လမ်းဆုံး ကျင့်နိုင်တဲ့သူတောင်မှ သံသရာက မလွတ်နိုင်ဘူး ၊သံသရာထဲမှာ ကျင်လည်နေရဦးမှာ၊
ဝိပဿနာတရားကို အမြင့်ဆုံး လမ်းဆုံး ကျင့်နိုင်တဲ့သူတွေကတော့ သံသရာကလွတ်မြောက်ပြီး နိဗ္ဗာန်ကို ရောက်နိုင်တယ်၊
ဒါကြောင့် သာသနာနဲ့ ကြုံတွေ့ နေရတဲ့ အချိန်ကလေးမှာ ၀ိပဿနာတရားကို အထူးကြိုးစားအားထုတ်သင့်ပါတယ်။
သမထကျင့်စဉ်ဆိုတာ မိမိစိတ်ကလေးက ကမ္မဋ္ဌာန်းအာရုံတစ်ခုကို စူးစိုက်ပြီး ရှုမှတ်ရတဲ့သဘော၊အာရုံကို ဦးစားပေးတယ်။
ဝိပဿနာကျင့်စဉ်ဆိုတာ မိမိစိတ်ကလေးက ပေါ်လာတဲ့ အာရုံတိုင်းကို သိနေရတဲ့သဘော၊ လက္ခဏာ ၃-ပါးကိုမြင်အောင်
ရှုမှတ်ရတာဖြစ်တယ်။အာရုံတွေကမိမိစိတ်ကို မလွှမ်းမိုးနိုင်ဘူး၊ သမထကတော့ အာရုံတွေရဲ့ လွှမ်းမိုးမှုကို ခံရတဲ့တရား
အဲဒီလို ကွဲပြားပါတယ်။

သမထနှင့်ဝိပဿနာ ကိုကောင်းစွာကွဲပြားနိုင်ကြပါစေ...

ဝေလင်းကျော်
 

ဝိပဿနာဆိုင်ရာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ
၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။
၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။
၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။
၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။

ဝိပဿနာ ရှုမှတ်ရင်း သစ္စာလေးပါး ကိုသိ၍ လျင်မြန်စွာ သံသရာစက်ဝန်းမှလွတ်မြောက်နိုင်ကြပါစေ...

ဝေလင်းကျော်

Friday, May 25, 2012

ဆရာတော်ကြီးများ၏ဆုံးမစာများ

ပန်းနံ့ထက် သီလနံ့က ပိုမွှေး
            အပ္ပမတ္တေ  အယံ ဂန္ဓော၊  ယွာယံ  တဂရစန္ဒနံ။
          ယော စ  သီလ၀တံ ဂန္ဓော၊ ၀ါတိ  ဒေဝေသု  ဥတ္တမော။

                                                                              
(ဓမ္မပဒပါဠိတော်)
      တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာ မွှေး၏။ သီလရှိသူတို့၏ သတင်းအနံ့
သည်  ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ  ပျံ့နှံ့ ကြိုင်လှိုင်၏။

      Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous,
wafting even amongst the gods
***************************
မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို ကိုယ်ပြုသမျှ ကိုယ့်မှာပေါ်လိမ့်မည်
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ အနှစ်ချုပ်)
  ၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
   ၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျှားအသက်ကို။
  ၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
  ၄။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
  ၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
  ၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
  ၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
   ၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြံရံကို။
  ၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
                             (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနဂုဏ်ရည်မှ)
***************************
သာသနာအတွက် အသက်ပင်ဆုံးပါစေ
ဗုဒ္ဓမြတ်စွာ  လျောင်းလျာတုန်းက၊  နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့၊  အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊  ငါပါ အသက်ဆုံးစေမည်။
နောက်မဆုပ်ပေါင် ခုလိုတွေးလို့၊  ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဒို့လည်း ကြိုးစားမည်၊  ဒို့လည်း ကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
   လူမိုက်ဆိုတာ မကောင်းမှုကို ပျားရည်လိုထင်
(ပါဠိ)                  မဓူဝ  မညတိ  ဗာလော၊   ယာဝ  ပါပံ  န ပစ္စတိ။
                         ယဒါ  စ  ပစ္စတိ  ပါပံ၊   ဗာလော  ဒုက္ခံ  နိဂစ္ဆတိ။
(မြန်မာ)    “ လူမိုက်သည်  မိမိ၏မကောင်းမှု အကျိုးမပေးခင်မှာ  မကောင်းမှုကို ပျားရည်လို မှတ်ထင်၏။
               မကောင်းမှု အကျိုးပေးသောအခါ  လူမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရ၏။”
                                                                            
      မြတ်တ်ဗုဒ္ဓ (ဓမ္မပဒပါဠိတော်)
***************************
ကိုယ့်လမ်းကို လျှောက်
အများအကျိုး၊ ရွက်သည်ပိုးက။   ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊   စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။  ။
                (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
***************************
လမ်းနှင့်ရေစဉ် မဂ်လေးခွင် သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊ ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊
    လမ်းတွက် မဟုတ်ပေ။
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
    သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊ ထွက်မပြေးလို၊ မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။
                                                                           
(မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)
***************************
ဘုရားရှင်ကျေးဇူးတော်
၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
    ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
    ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။
၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
             ပဋိပတ်နှစ်ဖြာ၊ သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊ လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။
                                                                 (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ဓမ္မသံဝေဂ လင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
                                               (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ
မနေရလို့၊ သေရသောခါ၊  ကိုယ့်နောက်ကိုယ်ကား၊ ဘယ်များပါမှာ။
ပစ္စည်းအစုစု၊ တစ်ခု မပါ၊  ကိုယ်ပြုထား၊ ကံများ သူတို့ပါ။
                                             
     (တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
***************************
ကိုယ့်ကိုယ်ကိုယ်  အနိုင်ယူနည်း
၁။  မိမိရဲ့ လောဘများကို  ဒါနတရားဖြင့် အနိုင်ယူပါ။
၂။  မိမိရဲ့ ဒေါသများကို    သီလတရားဖြင့် အနိုင်ယူပါ။
၃။  မိမိရဲ့ မောဟများကို   ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။  မိမိရဲ့ သူတပါးအပေါ်  ယှဉ်ပြိုင်လိုမှုများကို  မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။  မိမိရဲ့ သူတပါးအပေါ်  အနိုင်ယူလိုမှုများကို  ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ သူတပါးအပေါ်  မနာလိုမှုများကို  မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။  မိမိရဲ့ သူတပါးအပေါိ ရန်လိုမှုများကို   ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။  မိမိရဲ့ သူတပါးအပေါိ အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ မနောကံ အကုသိုလ်များကို  ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို  မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
                                                                    (ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
***************************
သေဘို့အချိန် ရှိရဲ့လား
 အမေရိကန်မှာ၊ လူများစွာ၊ ဘယ်ခါ အားသည် မရှိပြီ။
          ကွေ့ကြသူငှါ၊ ပြောကြတာ၊ ငါ့မှာ “အချိန်မရှိ” ပြီ။
          သင့်အချိန်ကို၊ ဘယ်တွက်ပို၊ သုံးလို ကုန်ခဲ့သည်။
          တဏှာလိုလိုက်၊ သူ့စရိုက်၊ အကြိုက်လိုက်ခါနေခဲ့ပြီ။
          ဘုရား တရား၊ ချိန်မအား၊ သင်ကားငြင်းခဲ့ပြီ။
          တစ်ဘ၀တာ၊ ခဏစာ၊ ပြင်ကာနေခဲ့သည်။
          ဘ၀များစွာ၊ သံသရာ၊ ရှည်ကြာမည်ကို သိသင့်သည်။
          ဘ၀ တို-ရှည်၊ ထိုနှစ်လီ၊ ဘယ်သည် ပို၍ပြင်သင့်သည်။
          သံသရာမှ၊ လွတ်လမ်းစ၊ ခုက စ၍ရှာသင့်ပြီ။
          အချိန်မပို၊ သင်ကဆို၊ အို-နာ-သေ ချိန် လာလိမ့်မည်။
          အချိန်မရှိ၊ သင်ဆို၏၊ သေမည့် အချိန်ရှိလိမ့်မည်။
          အချိန်မရ၊ သင့်ဘ၀၊ သေမှ ဒုက္ခတွေ့လိမ့်မည်။
          အချိန် မအား၊ စောင့်ရန်တား။ ဆိုင်းထားသေမင်း မရှိပြီ။
          သေဘို့အရေး၊ အချိန်ပေး၊ အလေးထား၍ ပြင်သင့်ပြီ။  ။
                                                 (အဇူဇာကျောင်းဆရာတော် အရှင်ဧသက။ )
***************************
ခန္ဓာ့အသွင်  စိတ်ထားပြင်
    * အသက်တွေကြီးလာပြီ၊
                 လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေကြတုန်းပဲလား။
    * သွားတွေ ကျိုးနေပြီ၊
                 မာန်စွယ်တွေ မကျိုးကြသေးဘူးလား။
    * အရေတွေ တွန့်နေပြီ၊
                 မကောင်းမှု အကုသိုလ်တွေပြုရတာ  မတွန့်ကြသေးဘူးလား။
    * ဆန်ပင်တွေ ဖြူနေပြီ၊
                 စိတ်ထားတွေ မဖြူကြသေးဘူးလား။
    * ခါးတွေ ကိုင်းနေပြီ၊
                 ကမ္မဋ္ဌာန်း ဘာဝနာဘက် မကိုင်းကြသေးဘူးလား။
   * မျက်စေ့တွေ မှုန်ဝါးနေပြီ၊
                 နိဗ္ဗာန်သွားမယ့်လမ်း မှုန်ဝါးနေကြတုန်းပဲလား။
    * ဒီအခြေအနေရောက်တာတောင် မပြင်ရင်
                 အပါယ်လေးခွင် သွားဖို့သာ  ပြင်ကြပေတော့။   ။ 
***************************
အကုသိုလ်တား  ကုသိုလ်ပွား
* အကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ  “လောဘ၊ ဒေါသ၊ မောဟ” တို့ကြောင့်ဖြစ်ရ၏။
လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဆင်ချင် စောင့်စီး ချုပ်တီးနိုင်လျှင် အကုသိုလ်စိတ်မဖြစ်နိုင်။
* ကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ  “အလောဘ၊ အဒေါသ၊ အမောဟ” တို့ကြောင့်ဖြစ်ရ၏။
အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်အောင် ဆင်ချင် ပွားများ တိုးပွားနိုင်လျှင် ကုသိုလ်စိတ်များဖြစ်၏။
(အလောဘ=မလိုချင်မှု၊  အဒေါသ=မေတ္တာ၊  အမောဟ= ဉာဏ် ပညာ။)  
လောဘ၊ဒေါသ၊မောဟ စိတ်ဖြင့် မပြုလုပ်ပါနဲ့
လောဘော အတ္ထံ  န ဇာနာတိ။ (လောဘသည် အမှား-အမှန်ကို မသိ)
ဒေါသော   အတ္ထံ   န ဇာနာတိ။ (ဒေါသသည်    အမှား-အမှန်ကို မသိ)
မောဟော  အတ္ထံ  န ဇာနာတိ။ (မောဟသည်  အမှား-အမှန်ကို မသိ)
လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ခိုက်မှာ ဉာဏ်ပညာမဖြစ်နိုင်၍ အမှား-အမှန်ကို ဆင်ချင်သိနိုင်စွမ်းမရှိ။
အကျိုးမဲ့အမှားများကိုသာ ပြုမိတတ်၏၊ ထို့ကြောင့် ယင်းစိတ်များဖြစ်ခိုက်မှာ ဘာမှမပြုမိပါစေနှင့်၊
ဘာမှ မဆုံးဖြတ်ပါလေနှင့်။                                               
မြင့်မြတ်သူနှင့် ယုတ်ညံ့သူ
စိတ်ဓါတ် မြင့်မြတ်သူတို့သည် ကုသိုလ်အဖြစ်များလေ့ရှိ၏။  စိတ်ဓါတ် နှိပ်ကျ ယုတ်ညံ့သူတို့သည်
အကုသိုလ် အဖြစ်များလေ့ရှိ၏၊ 
စိတ်ဓါတ် မြင့်မြတ်သူတို့သည် တစ်ပါးသူ၏ အကုသိုလ်မှုကို မတုန့်ပြန် သိခံနိုင်စွမ်းရှိ၏။စိတ်ဓါတ်နှိပ်ကျ
ယုတ်ညံ့သူတို့သည် တစ်ပါးသူ၏ အမှုမှန်သမျှ ဘာတစ်ခုမှ သည်းခံနိုင်စွမ်းမရှိ။ မကောင်းမှုကို ကတ်ကတ်
လန်အောင်တုန့်ပြန်တတ်၏။ ကောင်းမှုများကိုလည်း အဘိဇ္ဈာ  ဣဿာပွား၍ တိုက်ခိုက်ဖျက်ဆီးတတ်၏။
                                                                                                     
စိတ်ပျော့သူထဲ  ရန်ငြိုးစွဲ
တစ်ပါးသူ စိတ်ဆိုးတိုင်း  ကိုယ်ကပြန်စိတ်ဆိုးရင် ကိုယ့်စိတ် နုနေသေး၏။
မြေပျော့ရင် ခြေရာထင်သလို  စိတ်ပျော့ရင် အငြိုးအတေး စွဲထင်၏။ အငြိုးကြီးတတ်၏။
ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀မှ ထားခဲ့တဲ့ ရန်ငြိုးကြောင့် သံသရာတလျှောက်လုံး ဘုရားလောင်းအား
ရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့၏၊ အ၀ီစိငရဲသို့လဲ အခေါက်ခေါက် အခါခါ ရောက်ခဲ့ရ၏။
ရန်ငြိုးကို မပယ်ပါက တစ်သံသရာလုံး စွဲထင်တတ်၏။ သူတပါးအား ဖျက်ဆီးလိုသောရန်ငြိုးသည်
                                   မိမိကို ဖျက်ဆီး၏။                                               
***************************
မကြာမီ ၀ဋ်လည်တတ်သည်
* မိဘအပေါ် ဆိုးသူသည်   သားဆိုးသမီးဆိုး ရတတ်၏။
* ယောက္ခမအပေါ် ဆိုးသူသည်  သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။
* ဆရာသမားအပေါ် ဆိုးသူသည်   တပည့်ဆိုးနှင့်တွေ့ရတတ်၏။
* သူငယ်ချင်းအပေါ် ဆိုးသူသည်    သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
   ကိုယ်ဆိုးလျှင်  ကိုယ့်ပတ်ဝန်းကျင်က  ဆိုးလိမ့်မည်။
                                               ကိုယ်ကောင်းလျှင်  ကိုယ့်ပတ်ဝန်းကျင်က  ကောင်းလိမ့်မည်။  

Saturday, April 21, 2012

ဝိပဿနာအကြောင်း အနည်းငယ်

           မိတ်ဆွေဟာ ဗုဒ္ဓဘာသာ ၀င်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တော့ သိထားသင့်ပါတယ်....ကျွန်တော်စိတ်မှာ  ယူဆချက်တစ်ခုတော့ ရှိပါတယ်..ဘာသာရေး (ဘယ်ဘာသာဝင်မဆို) ဟာ လုပ်ရင် လုပ်သလောက် အကျိုးဖြစ်စေပါတယ်..ကျွန်တော့ ကိုယ်တွေ့လည်း ကြုံခဲ့ ဘူးပါသည်။ ဘာသာရေး လုပ်တော့ မယ်ဆိုရင်တော့ ကိုယ်ကျိုး ကို မကြည့်ပဲ လုပ်တာဟာ အကောင်းဆုံးဖြစ်ပါတယ်....ကျွန်တော့မိတ်ဆွေများလည်းလေ့လာပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်....ကျေးဇူး အထူးပင်တင်မိပါသည်။

ဝိပဿနာဆိုတာက ၀ိ (= အထူး)၊ ပဿနာ (= ရှုပွားခြင်း) လို့ ဆိုပါတယ်။ ရုပ်နဲ့နာမ်တို့ရဲ့ အဖြစ်အပျက်ကို သတိကပ်ပြီးစောင့်ကြည့်တာကို ခေါ်တာပါ။ ၀ိပဿနာကျင့်စဉ်ဟာ နှစ်ပေါင်း ၂,၅၀၀ ကျော် သက်တမ်းရှိပြီး ထေရ၀ါဒဗုဒ္ဓဘာသာဝင် သံဃာတော်အစဉ်အဆက်က လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြတာ ဒီနေ့ထက်ထိတိုင်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုဂံခေတ်ကစပြီး ဗုဒ္ဓသာသနာထွန်းကားတယ် ဆိုပေမယ့် သမိုင်းတလျှောက် ၀ိပဿနာတရားအားထုတ်တာ ခေတ်စားတယ်လို့မတွေ့ရဘဲ ပရိယတ္တိလို့ခေါ်တဲ့ စာပေလေ့လာသင်ယူမှုတွေသာ ရဟန်း ရှင် လူတွေကြားမှာ ပိုပြီး ခေတ်စားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၀ိပဿနာတရား ဖြစ်ထွန်းစည်ပင်လာတာဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားတဲ့ အချိန်တစ်ဝိုက်မှာ စတင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှာ သူရဟန်းဝတ်စဉ်က စစ်ကိုင်းချောင်မှာ တရားအားထုတ်ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၀ိပဿနာတစ်ခေတ်ရယ်လို့ ဖြစ်လာတာ လယ်တီဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးလို့ ပြောရမှာပါ။ လယ်တီဆရာတော်ကြီးဟာ စာပေပိဋကတ်အရာမှာ

လောကနီတိ

      ဘာသာရေးနဲ့ ပတ်သက်လို့ ကျွန်တော့ မိတ်ဆွေများသိထားသင့်တယ်ထင်လို့ပါ။ ဘာသာရေးမှာပါမကပါဘူး လောကီ ၊လောကုတ္တရာ နှစ်ဘက်စလုံးမှာ လည်း အကျိုးများစေနိုင်တယ်လို့လည်းထင်ပါတယ်။ လေ့လာဖတ်ရှုစေချင်လို့ တင်ပေးလိုက်တာပါ.... 
 
လောကနီတိဟူသည်          
          “နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။
              လောကနီတိသည် ဘုရားဟောဟု မဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်သည်။ နီတိသည် ပါဋ္ဌိဝေါဟာရဖြစ်သည်။ မြန်မာလို လမ်းညွှန်ဟု အဓိပ္ပါယ်ရသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သော ယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ် သော ပညာတတ်ယောက်ျား ဖြစ်၏။

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ ၃၂ ပါး

  မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။