အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...
Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Wednesday, December 18, 2013

လယ်သမားနဲ့ နာရီ ပုံပြင်

လယ်သမားနဲ့ နာရီ ပုံပြင်

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။

သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။

ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။

လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။

လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။

Saturday, May 18, 2013

မျောက်စိတ်တို..


            တစ်ခါတုန်းက တောအုပ်လေးတစ်အုပ်တွင် မျောက်လေးတစ်ကောင်နေထိုင်သည် ။ ထိုမျောက်လေးသည် စိတ်လည်းအလွန်တိုတက်ကာ ဘယ်အရာကိုမှ ရှည်ရှည်မတွေးတတ်ပဲ ပြီးစလွယ်နေထိုင်သည် ။

တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်နှင့်ရောက်ရှိလာပြီးလယ်သမားတစ်ဦး၏ ခြံနားသို့ချဉ်းကပ်လာမိသည် ။ မျောက်ကားဤသို့စဉ်းစား၏ ။

“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရင်တော့ လယ်သမားမသိတန်ရာဘူး ” ဆိုပြီး လယ်သမားအိမ်နားကိုချဉ်းကပ်သွားတော့တယ် ။

ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ ပဲစေ့တွေကို တစ်ခုခုနဲ့ထည့်ယူဖို့မစဉ်းစားပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူလာခဲ့တဲ့အတွက် နည်းနည်းပဲယူလာနိုင်ခဲ့တယ် ။ ဒီလိုနဲ့ပြန်လာတဲ့လမ်းတလျောက်မှာ ပြေးရင်းလွှားရင်းနဲ့လက်ကြားထဲကပဲစေ့တစ်စေ့ကထွက်ကျသွားခဲ့တယ် ။

ဒီတော့ မျောက်ဟာ အဲဒီထွက်ကျသွားတဲ့ ပဲစေ့တစ်စေ့ကိုလိုက်ကောက်ဖို့ကြိုးစားတဲ့အခါ လက်ထဲကပဲစေ့ အစေ့ ၂၀ လောက်ထွက်ကျသွားပြန်တယ် ။ ဒီလိုနဲ့ကျသွားတဲ့ပဲစေ့တွေလိုက်ကောက်ဖို့ကြိုးစားလိုက်လက်ထဲကဆုပ်ထားတဲ့ပဲစေ့တွေထွက်ကျလိုက်နဲ့ ချာချာလည်နေပြီးနောက်ဆုံးမှာတော့ မျောက်ဟာ စိတ်တိုပြီးလက်ထဲရှိသမျှ ပဲစေ့တွေအကုန်ပစ်ချပြီး လက်ဗလာနဲ့ပဲ တောထဲပြန်ဝင်သွားခဲ့ပါတော့တယ် ။

==========================

ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို အသုံးမချပဲ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက် နှမျောတသ လိုက်လံဆယ်ယူနေတုန်းလက်ရှိအခွင့်အရေးတွေပါ ထပ်မံဆုံးရှုံးရတတ်ပါတယ် ။

လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမှာပါပဲ

အကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထားလို့မရနိုင်ပါဘူး အချို့သောအရာတွေလွတ်ကျပါစေ . . .

ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တဲ့အရာတွေကိုတော့ လွတ်ကျသွားတဲ့တချို့သောအရာတွေအတွက် ထပ်မံအဆုံးရှုံးမခံပါနဲ့ ။

သက်တန့်ချို
A monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။

Monday, May 13, 2013

တပါးသူကို အထင်မသေးပါနဲ့...


                တစ်ခါက နာမည်ကြီး တက္ကသိုလ်မှဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက်လည်ပတ်ခဲ့သည်။ရွာသို့ရောက်သော် လှေတစီးငှားပြီးမြစ်တစ်လျှောက်လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား

" ခင်ဗျားရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာအရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့...
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကိုမကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာအလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.။။။။။။။..။။။.

Friday, May 10, 2013

ပန်းသီး ပုံပြင်


 တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ် ။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။ 

“ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေကအရမ်းပူပြီး ရေကလည်းအရမ်းငတ်နေတဲ့အချိန်ရေဘူးကလည်းမပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး နှစ်လုံးပါခဲ့မယ်ဆိုရင်သားဘာလုပ်မလဲ ” 

သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီါ်ပြန်ဖြေတယ် ။ “ ပန်းသီး နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။

သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ သူသိချင်နေမိတယ် ။

“ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီးပြောရတယ်ဆိုတာ မေမေ့ကိုပြောပြပါလား ”

သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ် ။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး အလုံးကို မေမေ့ကို ပေးမလို့ပါ ”

မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရတယ် ။

====================

ယုံကြည်ပြီးခွင့်လွှတ်တတ်တဲ့စိတ်နဲ့ဆက်ဆံလိုက်ခြင်းဟာ နှစ်သိမ့်ဖွယ်အဖြေကိုရစေပါတယ် ။ အကယ်၍ သာ တခြားမိဘတွေလို သားငယ်ကို ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့အဖြေကိုရမှာမဟုတ်ပါဘူး ။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးလိုက်တာဟာ အကောင်းဆုံးယုံကြည်ခွှင့်လွှတ်လိုက်ခြင်းဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။

သက်တန့်ချို
Thinking Concepts စာစုများထဲမှ A love to give MOM အား ဆီလျော်သလိုဘာသာပြန်သည် ။

Sunday, March 31, 2013

မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်း။

                တစ်ခါက မိတ်ဆွေနှစ်ယောက်တောလမ်းတစ်ခုကို ဖြတ်ပြီးခရီးသွားနေတုန်း ၀က်ဝံကြီးတစ်ကောင်ရုတ်တရက် ပေါ်လာတယ်။ ဒီအခါမှာ အဲဒီမိတ်ဆွေနှစ်ယောက်တည်းက တစ်ယောက်က သစ်ပင်ပေါ်သို့ လျင်လျင်မြန်မြန် တက်ပြေးပုန်းနေတယ်။ ကျန်ခဲ့တဲ့ မိတ်ဆွေကတော့ ၀က်ဝံကြီးရန်က လွတ်အောင် မပြေးသာတော့တာနဲ့ မြေကြီးပေါ်လဲချပြီး သေချင်ဟန်ဆောင်နေလိုက်တယ်။ ၀က်ဝံကြီးဟာ အဲဒီ သေချင်ဟန်ဆောင်နေသူနားရောက်လာပြီး နှာခေါင်းနဲ့ထိုးနမ်းပြီး အနံ့ခံကြည့်တယ်။ သူလည်း ကြောက်ကြောက်နဲ့ အသက်အောင့်ထားတာပေါ့။ ၀က်ဝံဆိုတာ လူသေကို ဘာမှ ရန်မပြုတက်ဘူးလို့ ဆိုတယ်။ ၀က်ဝံကြီးက အဲဒီ လူရဲ့ မျက်နှာကို ကပ်ပြီး စူးစမ်းကြည့်တော့ သေနေတယ်ပဲ ထင်သွားတာပေါ့။ ဒါနဲ့ပဲ ၀က်ဝံကြီးလဲ ပြန်ထွက်သွားရော..သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ မိတ်ဆွေ က ဆင်းလာပြီး သေချင်ဟန်ဆောင်နေတဲ့ မိတ်ဆွေနားသွားပြီး မေးလိုက်တယ်.." မင်းနား ကပ်ပြီး ၀က်ဝံကြီး က ဘာတွေ တိုးတိုးတိက်တိက် ပြောသွားတာလဲ" တဲ့။ဒီတော့ သေချင်ဟန်ဆောင်နေတဲ့ မိတ်ဆွေက " အခက်အခဲ နဲ့ဘေးရန်ကြုံတဲ့ အခါမျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေမျိုး၊ ကိုယ်လွတ်ရုန်းသွားတတ်တဲ့ မိတ်ဆွေမျိုးနဲ့ နောင်ကို ဘယ်တော့မှ ခရီးမသွားနဲ့လို့ ပြောသွားတယ်" လို့ ပြောလိုက်တယ်..တဲ့။
           ဟုတ်ပါတယ်..။အဆင်ပြေနေတုန်း အခက်အခဲတွေ ဒုက္ခတွေ မကြုံတွေ့ရခင်တုန်းမှာ ပြေပြေလည်လည် ဆက်ဆံနေတဲ့သူကို "မိတ်ဆွေ" လို့ပြောရခက်ပါတယ်။ အခက်အခဲနဲ့ ကြုံမှပဲ မိတ်ဆွေ ဟုတ်၊ မဟုတ် သိရမှာပါ။ကိုယ်လွတ်ရုန်းပြေးတက်သူလား၊ ကိုယ်ဘေးမှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်သူလား သိရမှာပါ။။
         မိတ်ဆွေများလည်း ရှာကြည့်ပါနော်..အတွေးအခေါ်ပညာ ရှင်ကြီး ဒိုင်အိုဂျီးနီးစ် လို နေ့ခင်းကြောင်တောင် မီးအိမ်ဆွဲပြီး မိတ်ဆွေကောင်းရှာ ရမဲ့ အတိုင်းပဲ..။ရှာကြည့်ပါ..။ အခုခေတ်မှာ တော့ အရူးလို့ အထင်ခံရမှာ အသေအချာပါပဲ...။။

ရွှင်လန်းချမ်းမြေ့ကြပါစေ....

  ဝေလင်းကျော်

Tuesday, January 29, 2013

အိမ်မြှောင်လေး


အိမ်မြှောင်လေး...

ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်
သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။

အိမ်မျြောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ ) နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့် သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့ လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။

( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။ မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊ အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးမှာလား......။
အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို ဒီလိုပြုစုပေးမှာလား..............။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........။
ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို ....အလုပ်များတယ်.....လို့မပြောပါနဲ့။
နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။

Monday, January 14, 2013

အိမ်ထောင်ရေးပုံပြင်

အိမ်ထောင်ရေးပုံပြင်
အိမ်ထောင်ရေးပုံပြင် (၁) 

အိမ်ထောင်မကျမီ 

“ မောင်ရေ . . ရာသီဥတုကသာယာလိုက်တာကွာ ဟယ် ဟိုမှာ ကြည့်စမ်း အဲဒါဘာလေးတွေလည်းဟင်မောင် ” 
“ ဇင်ရော်ငှက်လေးတွေပေါ့အချစ်ရဲ့ ” 

အိမ်ထောင်ကျ ပြီးတစ်ပတ် 

“ ယောင်္ကျားရေ . . ရာသီဥတုကသာယာလိုက်တာကွာ ဟယ် ဟိုမှာ ကြည့်စမ်း အဲဒါဘာလေးတွေလည်းဟင်” 
“ အော် . .အဲဒါ ဇင်ရော်တွေပါ မိန်းမရာ ” 

အိမ်ထောင်ကျပြီး တစ်လ 
“ ဟိုဟာ ဘာလေးတွေလဲ ” 
“ ငှက်ကွာ ဇင်ရော်ငှက်  ” 

အိမ်ထောင်ကျပြီး တစ်နှစ် 

“ အဲဒါဘာတွေလဲ ” 
“ ဇင်ရော်ကွာ တုံးလိုက်တာ ” 

အိမ်ထောင်ကျပြီး ဆယ်နှစ်

“ ဟိုဟာ ဘာလဲ  ” 
“ တောက် လဒ . . ငှက်ကွ ငှက် အဲဒါ လဒ မသေမချင်းမှတ်ထား ” 

ဟီးဟီး ကြားဖူးနေကြ ပုံပြင်လေးကို ပြန်တွေးမိတာလေး ရေးကြည့်တာပါ အဲဒီလို ပေါက်ကရတွေတွေးထားတဲ့ဟာတွေအများကြီးရှိသေးတယ် နောက် ထပ်တင်ပေးပါ့မယ် ။ တကယ်တော့ ချိုအီဖွဲ့နွဲ့တဲ့စကားလုံးတွေက လက်တွေ့ဘ၀မှာ သိပ်တော့အသုံးမ၀င်လှဘူး ။ ဘ၀ ကိုဖြတ်သန်းကြတော့မယ်ဆိုရင်ဖြင့် အရာရာကို လေ့လာပြီး စဉ်းစားဆင်ခြင်သုံးသပ်မိကြဖို့လိုပါတယ် ။ 

သက်တန့်ချို

အိမ်ထောင်မကျမီ

“ မောင်ရေ . . ရာသီဥတုကသာယာလိုက်တာကွာ ဟယ် ဟိုမှာ ကြည့်စမ်း အဲဒါဘာလေးတွေလည်းဟင်မောင် ”
“ ဇင်ရော်ငှက်လေးတွေပေါ့အချစ်ရဲ့ ”

အိမ်ထောင်ကျ ပြီးတစ်ပတ်

“ ယောင်္ကျားရေ . . ရာသီဥတုကသာယာလိုက်တာကွာ ဟယ် ဟိုမှာ ကြည့်စမ်း အဲဒါဘာလေးတွေလည်းဟင်”
“ အော် . .အဲဒါ ဇင်ရော်တွေပါ မိန်းမရာ ”

အိမ်ထောင်ကျပြီး တစ်လ
“ ဟိုဟာ ဘာလေးတွေလဲ ”
“ ငှက်ကွာ ဇင်ရော်ငှက် ”

အိမ်ထောင်ကျပြီး တစ်နှစ်

“ အဲဒါဘာတွေလဲ ”
“ ဇင်ရော်ကွာ တုံးလိုက်တာ ”

အိမ်ထောင်ကျပြီး ဆယ်နှစ်

“ ဟိုဟာ ဘာလဲ ”
“ တောက် လဒ . . ငှက်ကွ ငှက် အဲဒါ လဒ မသေမချင်းမှတ်ထား ”

ဟီးဟီး ကြားဖူးနေကြ ပုံပြင်လေးကို ပြန်တွေးမိတာလေး ရေးကြည့်တာပါ အဲဒီလို ပေါက်ကရတွေတွေးထားတဲ့ဟာတွေအများကြီးရှိသေးတယ် နောက် ထပ်တင်ပေးပါ့မယ် ။ တကယ်တော့ ချိုအီဖွဲ့နွဲ့တဲ့စကားလုံးတွေက လက်တွေ့ဘ၀မှာ သိပ်တော့အသုံးမ၀င်လှဘူး ။ ဘ၀ ကိုဖြတ်သန်းကြတော့မယ်ဆိုရင်ဖြင့် အရာရာကို လေ့လာပြီး စဉ်းစားဆင်ခြင်သုံးသပ်မိကြဖို့လိုပါတယ် ။

သက်တန့်ချို

Saturday, January 5, 2013

အဖေ့ မေတ္တာ..


             တစ်ခါတုန်းက အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့အဖိုးအိုတစ်ယောက်ဟာ ပန်းခြံတစ်ခုရဲ့ ခုံတန်းပေါ်မှာ အသက် ၂၅ နှစ်အရွယ် သားတစ်ယောက်နဲ့အတူ ထိုင်နေတယ် ။ ထိုင်ခုံလေးရဲ့ဘေးမှာ သစ်ပင်ကြီးတစ်ပင်ရှိပါတယ် ။ အဖိုးအိုက သစ်ပင်ပေါ်မှာ ငှက်ကလေးတစ်ကောင်နားနေတာကိုတွေ့လိုက်တယ် ။ သူက သားဖြစ်သူကိုမေးတယ် ။

“ အဲဒါဘာလဲ သား ” “ အဲဒါ ကျီးကန်းပါ အဖေ ”

အဖိုးအိုကထပ်မေးပြန်တယ် ။ “ အဲဒါဘာလဲဟင်သား ” သားဖြစ်သူကပြောတယ် ။ “ အဖေ့ကို ကျွန်တော်ပြောပြီးပြီလေ အဲဒါကျီးကန်းတစ်ကောင်ပါဆို ” အဖိုးအိုက ထပ်မေးပြန်တယ် ။ “ အဲဒါဘာလဲငါ့သား ” သားဖြစ်သူက ဒေါသတကြီးနဲ့ပြောလိုက်တယ် “ အဖေက နားလေးနေတာလား ရူးနေတာများ ကျွန်တော် ဘယ်နှစ်ကြိမ်လောက်ဖြေရမလဲ အဲဒါ ကျီးကန်းပါဆို ဒါလေးတောင်အဖေနားမလည်ဘူးလား ”

အဖိုးအိုက စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြောတယ် ။ “ ဒီမယ်ငါ့သားရေ မင်းအသက် ၅ နှစ်လောက်အရွယ်တုန်းကပေါ့ အခု အဖေမေးတဲ့မေးခွန်းတစ်ခုတစ်ခုကိုပဲ မင်းအဖေ့ကို ၁၇၄ ကြိမ်တောင်မေးခဲ့ဖူးတယ် အဖေက အကြိမ်တိုင်းအကြိမ်တိုင်းကို သားရဲ့ဦးခေါင်းကိုနမ်းပြီး အဲဒါ ကျီးကန်းပါလို့ အဖေဖြေခဲ့ဖူးတယ် အခု အဖေက သားကို ၃ ကြိမ်ပဲမေးရပါသေးတယ် သားဘာလု့ဒေါသထွက်နေရသလဲဟင် ”

-----------------------------------------------------------------------

ဒါဟာ မိဘတွေကသားသမီးတွေအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာနဲ့ သားသမီးတွေက မိဘတွေအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာရဲ့မတူညီပုံကို ဖော်ပြထားခြင်းဖြစ်ပါတယ် ။ ဒါကြောင့် သင် မိဘတွေအပေါ် မှီခိုအားထားရတဲ့အချိန်တုန်းက မိဘတွေက သူတို့တာဝန်သူတို့သိခဲ့ပါတယ် ။ အခု သင့်မိဘတွေက သင့်အပေါ် မှီခိုအားထာရမယ့်အချိန်မှာတော့ သင့်တာဝန်သင်ကျေးဇူပြုပြီး သိတတ်စမ်းပါ ။

သင့်မိဘတွေကို ချစ်မြတ်နိုးပါ ။ စိတ်ရှည်ပါ ။ သည်းခံပါ ။ ဆုံးရှုံသွားတော့မှ ဘယ်တော့မှ နောင်တမရပါစေနဲ့။

သက်တန့်ချို
A crow sitting on the tree အား ဘာသာပြန်သည် ။

               ကျွန်တော့ အဖေ ကျန်းမာပါစေ..

Wednesday, January 2, 2013

မိတ်ဆွေရှာနည်း


 မိတ်ဆွေရှာနည်း
       တစ်ခါတုန်းကပေါ့ ရွာလေးတစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေအဖြစ်နေကြတယ် ။ တစ်ဦးက လယ်သမားဖြစ်ပြီး နောက်တစ်ဦးကတော့ မုဆိုးတစ်ယောက်ဖြစ်ပါတယ် ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေမွေးထားတယ် မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေမွေးမြူထားခဲ့တယ် ။

မကြာခဏဆိုသလိုပါပဲ အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ခြံထဲကို ၀င်ရောက်ပြီး လယ်သမားမွေးထားတဲ့ ဘဲတွေကို သတ်ဖြတ်စားသောက်လေ့ရှိကြတယ် ။ လယ်သမားက အဲဒါနဲ့ မုဆိုးဆီသွားပြီးအမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ် ။ ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်းနေပြီး ခွေးတွေကို ဒီအတိုင်းလွှတ်ထားခဲ့တယ် ။ နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကိုသည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့အကြီးအကဲဆီသွားပြီး မုဆိုးရဲ့ခွေးတွေကို အရေးယူပေးဖို့တောင်းဆိုခဲ့တယ် ။

လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ပြည့်စုံတဲ့အကြီးအကဲက အောက်ပါအတိုင်းပြောတယ် ။ “ အဲဒီမုဆိုးကို ကျုပ်က အရေးယူပေးလို့ရပါတယ် ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့အမိန့်ပေးလို့ရပါတယ် အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းတစ်ယောက်ဆုံးရှုံးသွားနိုင်ပါတယ် ခင်ဗျားနဲ့အတူနေရတယ့် အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား မိတ်ဆွေဖြစ်စေချင်ပါသလား ”

လယ်သမားက တချက်စဉ်းစားလိုက်ပြီး “ မိတ်ဆွေပဲဖြစ် စေချင်ပါတယ် ” ဖြေလိုက်တယ် ။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ် ။ “ ကောင်းပါပြီဒါဆို ကျုပ်အကြံတစ်ခုပေးပါ့မယ် ဘဲတွေ မဆုံးရှုံးစေရလို မိတ်ဆွေတစ်ယောက်တိုးလာပါလိမ့်မယ် ”

လယ်သမားက အကြီးအကဲပြောတဲ့အတိုင်းအိမ်ကိုပြန်သွားတယ်။ ပြီးတော့ အိမ်မှာမွေးထားတဲ့ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့သားလေးယောက်ကိုလက်ဆောင်အဖြစ်ပေးလိုက်တယ် ။ လက်ဆောင်ဘဲလေးတွေနဲ့ နေ့တိုင်းပျော်ရွှင်စွာကစားနေတဲ့သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာနေ့တိုင်း ၀မ်းသာကြည်နူးနေရတယ် ။ ပြီးတော့ သားလေးတွေလက်ဆောင်ရထားတဲ့ဘဲတွေကို ကိုက်စားမှာစိုးလို့ အမဲလိုက်ခွေးတွေကို သေချာ လှောင်ထားလိုက်ပါတော့တယ် ။ လယ်သမားကိုလည်း ကျေးဇူးတွေတင်ပြီး အမဲလိုက်လို့ပြန်လာတဲ့အခါ အသားတွေကို ဝေငှပေးတတ်လာပါတယ် ။ လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ်မုဆိုးကို ပေးခဲ့တယ် ။ ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေဖြစ်လာကြပါတယ် ။

----------------------------------------------------------

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာတစ်ခုတည်းကြည့်နေလို့မဖြစ်နိုင်ပါဘူး ။ သူတပါးကို ဘယ်လိုဖြည့်ဆည်းပေးလိုက်ရင် မိတ်ဆွေဖြစ်သွားမလဲဆိုတဲ့အချက်ကလည်း အရေးကြီးလှပါတယ် ။ ကိုယ်ချင်းစာစိတ်လေးက အရေးအကြီးဆုံးပါပဲ ။ မိတ်ဆွေစစ်မိတ်ဆွေမှန်ကိုလိုချင်ရင်ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ၊ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲဦးစားမပေးပါနဲ့ ။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။ သူ့ဖက်ကိုလည်းစာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘ၀ကနေ မိတ်ဆွေဖြစ်သွားနိုင်တာပါ ။

သင်ရော . . ရန်သူလိုချင်တာလား မိတ်ဆွေလိုချင်တာလား ။

သက်တန့်ချို
The farmer and the hunter အားဘာသာပြန်သည် ။

Monday, December 31, 2012

အမှီအခို

အမှီအခို
         တခါတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ သေးငယ်တဲ့ ပန်းလေးတစ်ပွင့်ရှိတယ် ။ အဲဒီပန်းလေးဟာ အလွန်ကို အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ မှီခိုပြီးပေါက်နေခဲ့တယ် ။ သစ်ပင်ကြီးကသူ့ကို မိုးဒါဏ်လေဒါဏ်တွေကာကွယ်ပေးထားတယ် သူ့ကို စောင့်ရှောက်ပေးထားတယ်လို့ မှတ်ယူပြီး ပန်းကလေးဟာ ပျော်ရွှင်နေခဲ့တယ် ။ 

တစ်နေ့တော့ သစ်ခုတ်သမားတွေရောက်လာပြီး သစ်ပင်ကြီးကို ခုတ်ယူသွားခဲ့တယ် ။ ပန်းကလေးက ၀မ်းနည်းလွန်းပြီး ငိုကြွေးတယ် “ ငါ ဘယ်လိုလုပ်ရမလဲ ငါ့ကို ကာကွယ်ပေးတဲ့ စောင့်ရှောက်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး လေဒါဏ်မိုးဒါဏ်တွေက ငါ့ကို ပြိုလဲပျက်စီးအောင်လုပ်ကြတော့မယ် ” 

ပန်းကလေးရဲ့ငိုသံကို ကြားတဲ့အခါ အနီးမှာရှိတဲ့ သစ်ပင်တစ်ပင်ကပြောတယ် ။ 

“ အဲဒီလိုမတွေးပါနဲ့ပန်းကလေးရဲ့ သစ်ပင်ရဲ့အရိပ်မရှိဘူးဆိုရင် နေရောင်ခြည်က ပန်းကလေးကို စောင့်ရှောက်ပေးမှာပေါ့ နှင်းစက်တွေက ရေဓါတ်တွေပေးလိမ့်မယ် သူတို့အကူအညီနဲ့ပန်းကလေးဟာ ကြီးထွား ဖွံ့ဖြိုးလာမယ် သန်မာလာမယ် ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ပိုပြီးလှပလာပါလိမ့်မယ် လူတွေတွေ့တဲ့အခါ ဒီပန်းကလေးက လှလိုက်တာနော် လို့ချီးကျူးကြပါလိမ့်မယ် ” 

-----------------------------------------------------

ကိုယ့်မှာ မှီတွယ်စရာမရှိတော့လို့ စိတ်ပျက်နေတာလား ။ ဘယ်အရာတွေပဲ ကြုံတွေ့ကြုံတွေ့ ကိုယ့်ထက်ဆိုးတဲ့အရာတွေရှိနေပါသေးလားလို့ တွေးကြည့်လိုက်ပါ ၊ စိတ်ဓါတ်ကျတာ ပျော့ညံ့သူတို့အလုပ်ပါ ခဏခဏလဲကျတတ်တာ သဘာဝပါ ပြီးတာနဲ့ပြန်ထ အဲဒါမှ လူ့ဘ၀လို့ခေါ်တယ် ။ နေရောင်ခြည်အောက်က မိုးဖွဲလေးတွေကို မကြည့်တတ်ရင် လှပတဲ့ သက်တန့်ဆိုတာကို သင်မြင်ဖူးမှာမဟုတ်ပါဘူး ။ တခါတခါတော့ မုန်တိုင်းတွေတိုက်မှာပါ ။ လောကကြီးမှာ တစ်ခုခုဆုံးရှုံးသွားပေမယ့်လည်း ကိုယ်ရှင်သန်စရာနေ့ရက်တွေအတွက် ကိုယ့်ဘေးမှာ အဖိုးတန်အရာတွေအများကြီးရှိပါသေးတယ် ။ 

သက်တန့်ချို
A flower under tree အား ဘာသာပြန်သည် ။

Sunday, December 30, 2012

ဘယ်သူပြင်ဖို့လိုသလဲ?


ဘယ်သူပြင်ဖို့လိုသလဲ?
ဟိုးရှေးရှေးတုန်းက ကျီးတစ်ကောင်က အရှေ့အရပ်ကိုပျံသန်းဖို့ထွက်ခွာလာခဲ့ပါတယ် ။ လမ်းမှာ သူဟာ ခိုတစ်ကောင်နဲ့တွေ့မိပြီး သစ်ပင်ကြီးတစ်ပင်ပေါ်မှာ အတူနားခိုခဲ့ကြတယ် ။ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ကျီးကိုမြင်တဲ့အခါ ခိုက 

“ ခင်ဗျားကို ကြည့်ရတာ အဝေးကြီးကလာတဲ့ပုံပေါ်တယ် အခု ဘယ်ကိုများသွားမလို့ပါလဲ ” လို့မေးလိုက်တယ် ။ 

ကျီးက “ ကျွန်တော်နေတဲ့အရပ်မှာရှိတဲ့ လူတွေက ကျွန်တော့်အသံကို နားဝင်မချိုဘူးလို့ပြောကြတယ် ဒါကြောင့်တခြားအရပ်ကို ပြောင်းရွေ့ဖို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပါတယ် ” လို့ဖြေလိုက်ပါတယ် ။ အဲဒီအခါ ခိုက “ အကယ်၍များ ခင်ဗျားရဲ့အသံကို ခင်ဗျားမပြောင်းလဲနိုင်ခဲ့ဘူးဆိုရင်ခင်ဗျားဘ ယ်ကိုရောက်ရောက်ဘယ်ဒေသကိုပဲသွားသွား အဲဒီနေရာကလူတွေက ခင်ဗျားကို ကြိုဆိုကြမှာမဟုတ်ပါဘူး ဒီလိုပျံသန်းနေခြင်းအားဖြင့် ခင်ဗျားရဲ့အားအင်တွေကုန်ခမ်းယုံသာဖြစ်ပါလိမ့်မယ် ” လို့ပြောလိုက်ပါတယ် ။ 

------------------------------------------------------

ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးကမှားနေတာလား ကိုယ်တစ်ယောက်တည်းကမှားနေတာလား တခါတခါပြန်တွေးကြဖို့ကောင်းပါတယ် ။ အကယ်၍ သင့်ပတ်ဝန်းကျင်ကို သင်မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းက သင့်ကိုယ်သင်ပြောင်းလဲပစ်လိုက်ဖို့ပါပဲ ။ 

သက်တန့်ချို
Change yourself အား ဆီလျော်သလို ဘာသာပြန်သည် ။
            ဟိုးရှေးရှေးတုန်းက ကျီးတစ်ကောင်က အရှေ့အရပ်ကိုပျံသန်းဖို့ထွက်ခွာလာခဲ့ပါတယ် ။ လမ်းမှာ သူဟာ ခိုတစ်ကောင်နဲ့တွေ့မိပြီး သစ်ပင်ကြီးတစ်ပင်ပေါ်မှာ အတူနားခိုခဲ့ကြတယ် ။ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ကျီးကိုမြင်တဲ့အခါ ခိုက

“ ခင်ဗျားကို ကြည့်ရတာ အဝေးကြီးကလာတဲ့ပုံပေါ်တယ် အခု ဘယ်ကိုများသွားမလို့ပါလဲ ” လို့မေးလိုက်တယ် ။

ကျီးက “ ကျွန်တော်နေတဲ့အရပ်မှာရှိတဲ့ လူတွေက ကျွန်တော့်အသံကို နားဝင်မချိုဘူးလို့ပြောကြတယ် ဒါကြောင့်တခြားအရပ်ကို ပြောင်းရွေ့ဖို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပါတယ် ” လို့ဖြေလိုက်ပါတယ် ။ အဲဒီအခါ ခိုက “ အကယ်၍များ ခင်ဗျားရဲ့အသံကို ခင်ဗျားမပြောင်းလဲနိုင်ခဲ့ဘူးဆိုရင်ခင်ဗျားဘ ယ်ကိုရောက်ရောက်ဘယ်ဒေသကိုပဲသွားသွား အဲဒီနေရာကလူတွေက ခင်ဗျားကို ကြိုဆိုကြမှာမဟုတ်ပါဘူး ဒီလိုပျံသန်းနေခြင်းအားဖြင့် ခင်ဗျားရဲ့အားအင်တွေကုန်ခမ်းယုံသာဖြစ်ပါလိမ့်မယ် ” လို့ပြောလိုက်ပါတယ် ။

------------------------------------------------------

ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးကမှားနေတာလား ကိုယ်တစ်ယောက်တည်းကမှားနေတာလား တခါတခါပြန်တွေးကြဖို့ကောင်းပါတယ် ။ အကယ်၍ သင့်ပတ်ဝန်းကျင်ကို သင်မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းက သင့်ကိုယ်သင်ပြောင်းလဲပစ်လိုက်ဖို့ပါပဲ ။

သက်တန့်ချို
Change yourself အား ဆီလျော်သလို ဘာသာပြန်သည် ။

Tuesday, December 11, 2012

သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ်

        တစ်ခါတုန်းက အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မိသားစုဝင်တွေနဲ့ စားဖို့အတွက်ရယ် အရမ်းကိုဆာလောင်နေတဲ့ ခရီးသွားတွေစားဖို့ရယ် အတွက် ပေါင်မုန့်တွေ အမြဲဖုတ်နေခဲ့တယ် ။ အဲဒီအမျိုးသမီးဟာ ပေါင်မုန့်အပို တစ်လုံးကို အမြဲ ပဲ ပြတင်းပေါက်တံခါးဘောင်မှာ တင်ထားခဲ့ပြီး မည်သူမဆို ဆာလောင်နေခဲ့ရင်အဝေးကို ယူသွားနိုင်အောင် စီစဉ်ထားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ကျောကုန်းမှာ ဘုကြီး တစ်လုံးရှိနေတဲ့ခါးကုန်းကြီးတစ်ယောက်က လာလာပြီး အဲ
ဒီပေါင်မုန့်ကို အဝေးယူယူသွားလေ့ရှိတယ် ။ ကျေးဇူးတင်စကားတွေနဲ့ဖော်ပြရမယ့် အစား သူဟာ အောက်ပါစကားတွေကိုပဲ တတွတ်တွတ်ပြောနေလေ့ရှိတယ် ။

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

       ဒီလိုနဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ခါးကုန်းကြီးက ရောက်လာပြီး ပေါင်မုန့်ကို ယူသွားတယ်ပြီးတော့ လည်းအဲဒီစကားကို ထပ်ခါထပ်ခါညည်းတွားပြောဆိုနေခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

         အမျိုးသမီးဟာ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာခဲ့တယ် ။ “ အတော် ယဉ်ကျေးမှုမရှိတဲ့လူ . .ကျေးဇူးတင်စကားတော့မဟုတ်လောက်ဘူး ” လို့ သူမကိုယ်ကိုယ်ညည်းတွားပြောဆိုလိုက်တယ် ။ “ နေ့တိုင်း ဒီခါးကုန်းကြီးဟာ ဒီစကားကို ပဲ ထပ်ခါထပ်ခါပြောနေတယ် သူဘာကိုဆိုလိုတာပါလိမ့် ”

     ပြီးတော့ အမျိုးသမီးဟာ ဘာလုပ်တယ်ထင်ပါသလဲ ။ အမျိုးသမီးဟာ သူ့အတွက်ပြင်ဆင်ထားမယ့် ပေါင်မုန့် ထဲမှာ အဆိပ်တွေခပ်ထားခဲ့တယ် ပြီးတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားခဲ့တယ် ။ သူ့လက်တွေကတော့ တုန်ယင်နေခဲ့ပါတယ် ။

“ ငါ ဘာတွေများလုပ်မိပါလိမ့် ” သူ့ဘာသာသူတွေးမိလိုက်တယ် ။

ရုတ်တရက်ချက်ခြင်းပဲ သူဟာ အဲဒီပေါင်မုန့်ကို ကောက်ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ် ပြီးတော့ တခြားပေါင်မုန့်တစ်လုံးထပ်ဖုတ်ပြီး ပြတင်းပေါက်ဘောင်ပေါ်တင်ထားခဲ့တယ် ။

        ထုံးစံအတိုင်းပါပဲ ခါးကုန်းကြီးရောက်လာပြန်တယ် ပြီးတော့ ပေါင်မုန့်ကို ယူလိုက်ပြီး ပြောနေကျ စကားတွေကိုပြောဆိုခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

Saturday, September 15, 2012

ညီမလေးသို့..(ထိကရုံးစိတ်)

ညီမလေးသို့..(ထိကရုံးစိတ်)



             ညီမလေးရေ..ကိုကြီးတို့မောင်နှမတွေ အေးအေးဆေးဆေး မတွေ့ဖြစ်ကြတာ နှစ်တွေတောင် အတော်ကြာသွားပြီနော်...ညီမလေး နေရာကောင်းရဲ့လား...ကိုယ့်ကိုကိုယ် လည်းဂရုစိုက်ဦးနော်..
 တကယ်တော့ တို့ဟာ လူသားတွေကြားမှာနေထိုင်ကြတဲ့..လူသားတွေပဲဖြစ်တယ်။လူဆိုတာ ..သိပ်ကြောက်စရာကောင်းကြတယ်..။.ညီမလေးရော..တွေးမိရဲ့လား..လူတွေအကြောင်းကိုလေ့လာပါ၊မဝေဖန်နဲ့။
သုံးသပ်ခြင်းမျိုးပဲလုပ်စေချင်တယ်...မိမိကိုယ်ကိုပဲ ဝေဖန်ပြီး သိအောင်ကြိုးစား...အရာအားလုံးကို သည်းခံပြီး..မေတ္တာထားတတ်အောင်သင်ယူနော်..ဘယ်အရာကိုမှ..အပြစ်မရှာမိစေနဲ့..ကိုယ့်ရဲ့ အပြစ်ကိုပဲ မြင်အောင်ကြည့်ပါ..။
       
                 ညီမလေးရေ....သည်းခံခြင်းနှင့်ပတ်သက်လို့..ကိုကြီး ဥပမာလေးတစ်ခုပြောပြမယ်နော်...
ထိကရုံးပင်လေးတွေကို ညီမလေးသိတယ်မလား..ကိုကြီးတို့ ငယ်ငယ်က အိမ်ခြံဝန်းထဲမှာ..အလုအယက် ကစားခဲ့ကြတဲ့ အပင်လေးတွေလေ...တခါတခါ အားပါပြီး အပင်လေးတွေကို အတင်းဆုတ်ကိုင်မိလို့..ဆူး အစူးခံရတာတွေရောမှတ်မိသေးလား..ကိုကြီးကတော့..မှတ်မိနေတုန်းပဲ.. ကလေးဘ၀က ပျော်စရာကောင်းပါတယ်.ညီမလေးရယ်.အပူအပင်တွေလည်း မရှိခဲ့ကြဘူးလေ...ထားလိုက်ပါ အတိတ်မှာ ကျန်ခဲ့ပြီလေ..
       

Friday, September 14, 2012

ဘ၀ရဲ့ပဲ့တင်သံ


ဘ၀ရဲ့ပဲ့တင်သံ




တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ သူ့မိခင်ကို ဒေါသထွက်ပြီး အကျယ်ကြီးအော်လိုက်တယ် “ ကျွန်တော် အမေ့ ကို မုန်းတယ် . . ကျွန်တော်အမေ့ကိုမုန်းတယ် ” အဲဒီလို အော်ပြီးတဲ့အခါ သူ့ကို ရိုက်မှာစိုး လို့ ကောင်လေးဟာ ကြောက်လန့်တကြား နဲ့ အိမ်အပြင်ကို ထွက်ပြေးခဲ့တယ် ။

ပြေးရင်းပြေးရင်းနဲ့ သူတို့အိမ် နဲ့ ခပ်လှမ်းလှမ်းက ချိုင့်ဝှမ်းတစ်ခုကို ရောက်သွားခဲ့တယ် ။ အဲဒီမှာလည်း သူဟာ မကျေနပ်ချက်နဲ့ ထပ်အော်ပြန်တယ် ။ “ ကျွန်တော်အမေ့ကို မုန်းတယ် . . .ကျွန်တော်အမေ့ကိုမုန်းတယ် ” အော်အော်ပြီးပြီး ချင်း သူ အော်လိုက်တဲ့အသံကို အံ့သြဖွယ်ရာသူပြန်ကြားလိုက်ရတယ် ။ “ ကျွန်တော်အမေ့ကို မုန်းတယ် . . .ကျွန်တော်အမေ့ကိုမုန်းတယ် ”

ဒါဟာ ကောင်လေးရဲ့ဘ၀မှာ ပထမဆုံးအနေနဲ့ ကိုယ့်အသံကိုယ်ပြန်ကြားလိုက်ရခြင်းလည်းဖြစ်တယ် ။ သူ အရမ်းကိုကြောက်လန့်သွားပြီး သူ့အမေဆီ ပြန်ပြေးလာခဲ့တယ် ။ ပြီးတော့ သူ့အမေကို အမေ တကောပြောပြ လိုက်တယ် ။ “ အမေ ဟို ချိုင့်ဝှမ်းထဲမှာ ဘယ်လို လူဆိုးလည်းမသိဘူး . . ဘယ်သူမှမရှိပဲ ကျွန်တော်ကြား လိုက်ရတယ် . . ကျွန်တော့်အသံနဲ့လည်းဆင်တယ်. . ကျွန်တော်အမေ့ကို မုန်းတယ် . . .ကျွန်တော်အမေ့ ကိုမုန်းတယ် . . ဆိုပြီး ကြောက်လိုက်တာ အမေ ကျွန်တော့်ကို ကာကွယ်ပေးပါ ”

သူဆင်းရဲနှင့်အ၀တ်အစားပုံပြင်

သူဆင်းရဲနှင့်အ၀တ်အစားပုံပြင်



တစ်ခါတုန်းက ဆင်းရဲသားတစ်ဦးဟာ အ၀တ်အစား အနွမ်းလေးတွေဝတ်ပြီး ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ဖို့ နန်းတော်ကြီးဆီလာခဲ့တယ် ။ ယဉ်ကျေးမှုအရ သူ့ကို လက်ခံထားလိုက်ပေမယ့် သူ့ရဲ့ ဟောင်းနွမ်းစုတ်ပြတ်လှတဲ့ အ၀တ်အစားကြောင့် သူ့ကို ဂုဏ်ပြုညစာစားပွဲဟိုး အစွန်ဆုံးနေရာမှာ နေရာချထားခဲ့ကြတယ် ။ အဲဒီအချိန်မှာပဲ ညစာ စားပွဲအတွက် ပန်းကန်တွေ ရောက်လာခဲ့တယ် ။ ဒါပေမယ့် သူ့ အတွက်တော့ ဘာအစားအစာမှ ပါမ လာခဲ့ပါဘူး ။

ဒါကြောင့် သူဟာ ညစာစားပွဲက ထွက်ခွာလာခဲ့တယ် ။ နာရီများစွာကြာပြီးတဲ့အခါ အဖိုးတန်ကျောက် မျက်ရတ နာတွေ စီခြယ်ထားတဲ့ ၀တ်ရုံကြီးကို ဆင်မြန်းလို့ သူဟာ ညစာစားပွဲကိုပြန်လာခဲ့တယ် ။ အဲဒီဝတ်ရုံကို ချမ်းသာ တဲ့သူ့သူငယ်ချင်းတစ်ယောက်ဆီကနေ သူဌားယူလာခဲ့ခြင်းဖြစ်တယ် ။ သူအ၀င်အ၀ကိုရောက်ရောက်ခြင်းပဲ လူတွေ က သူ့ကိုပျာပျာသလဲ ကြိုဆိုကြပြီးညစာစားပွဲရဲ့ ထိပ်ဆုံးမှာ နေရာချထားပေးကြတယ် ။ သူထိုင်နေတဲ့ စားပွဲထိပ်မှာပဲ စားစရာတွေ အလျှံပယ်အောင် လာချပေးကြတယ် ။

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့



လူတစ်ယောက်ဟာကားမောင်းလာရင်း စတိုးဆိုင်တစ်ခုမှာ နှင်းဆီပန်းစီးတွေ ပို့ပေးဖို့အတွက် အော်ဒါမှာဖို့ ရပ်လိုက်တယ် ။ ဟိုး မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့အရပ်မှာ နေတဲ့ သူ့မိခင်ဆီ ပန်းစည်းပို့ပေး ဖို့အ တွက် အော်ဒါမှာမလို့ ဖြစ်ပါတယ် ။

သူ့ကားဆီကို ပြန်ရောက်တဲ့အခါ ကားနားမှာ ငိုပြီးရပ်နေတဲ့ မိန်းကလေးငယ်လေးတစ်ဦးကိုတွေ့လိုက်ရတယ် ။ သူက မိန်းကလေးကိုမေးလိုက်တယ် ။ ဘာဖြစ်လို့ငိုနေရတာလဲလို့ပေါ့ ။ ကောင်မလေးကပြန်ပြောတယ် ။ “ သမီး အမေအတွက် သမီးနှင်းဆီတစ်ပွင့် ၀ယ်ချင်လို့ပါ ဒါပေမယ့် သမီးမှာ ငွေ ငါးဆယ်ပဲရှိ ပါတယ် နှင်း ဆီတစ် ပွင့်ကို ငွေနှစ်ရာကျပါတယ် ”

အဲဒီလူက ပြုံးလိုက်ပြီးပြောတယ် “ လာလာ ဦးဦးနဲ့လိုက်ခဲ့ ဦးဦးသမီးအတွက် နှင်းဆီတစ်ပွင့်ဝယ်ပေးမယ်နော် ”

သဲပြင်ပေါ်မှာရေးတဲ့စာနဲ့ကျောက်တုံးပေါ်မှာရေးတဲ့စာ

သဲပြင်ပေါ်မှာရေးတဲ့စာနဲ့ကျောက်တုံးပေါ်မှာရေးတဲ့စာ



တခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရ တစ်ခုထဲမှာ လမ်းလျှောက်လာကြတယ် ။ လမ်းခရီးတစ်နေရာ အရောက် မှာ သူတို့ စကားများကြပြီး သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက် လိုက် တယ် ။ အရိုက်ခံရတဲ့ ကောင်လေးက နာသွားပြီး ဘာမှ ပြန်မပြောပါဘူး ။ ဒါပေမယ့် သူဟာ သဲပြင်ပေါ် မှာ အောက်ပါအတိုင်းစာရေးခဲ့တယ် ။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်တယ် ”

ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိုအေစစ် ကိုရောက်တဲ့အထိ လမ်းလျှောက်လာခဲ့ကြတယ် ။ အဲဒီနေရာမှာ သူတို့ ရေ ချိုးရေကူးကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ဒီလိုနဲ့ မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ ရေချိုးနေတုန်း အိုအေစစ် ထဲမှာ နွံထဲ ဆင်းမိပြီး နွံထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ် ။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို အချိန်မှီ ကယ်တင်လိုက်ပါတယ် ။ နွံနစ်တဲ့ နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူ ကျောက် တုံးတစ် တုံးပေါ် မှာအောက်ပါအတိုင်းစာရေးခဲ့တယ် ။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ် ”

ဒီတော့ သူ့အသက်ကို ကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ် ။

လူဆိုးလူကောင်းတွေနေတဲ့ရွာ

လူဆိုးလူကောင်းတွေနေတဲ့ရွာ



တစ်ခါတုန်းက ပညာရှိအဖိုးအိုတစ်ဦးရှိတယ် ။ အဲဒီအဖိုးအိုဟာ ရွာအပြင်မှာ တဲကလေးထိုးပြီး တရားဘာဝနာပွား များရင်းတစ်ယောက်တည်းနေထိုင်ခဲ့တယ် ။ တစ်နေ့တော့ ခရီးသွားတစ်ဦးက ရောက်လာခဲ့ပြီး အဖိုးအို ကို မေးတယ် ။

“ ဒီရွာလေးမှာ ဘယ်လို လူမျိုးတွေနေကြပါသလဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လက်ရှိနေတဲ့နေရာ ကနေ ပိုကောင်းတဲ့နေရာကို ရှာဖွေနေတဲ့သူမို့လို့ပါ ” ပညာရှိအဖိုးအိုက ခရီးသွားကိုပြန်မေးတယ် ။

“ သင်အခုပြောင်းရွေ့လာတဲ့ရွာကလေးမှာရော ဘယ်လိုလူမျိုးတွေနေထိုင်ကြသလဲ ” ခရီးသွားကဖြေတယ် ။ “ သူတို့က လိမ်ညာတယ် ကောက်ကျစ်တယ် ကြမ်းတမ်းကြတယ် အဖိုးရဲ့ ” အဲဒီအခါ အဖိုးအိုကပြောတယ် ။

“ သင်ပြောသလို လူအမျိုးအစားတွေပဲ ဒီရွာလေးမှာနေကြပါတယ် ”

Thursday, September 13, 2012

ပေါ့ပါးတဲ့ငှက်မွေးလေးတွေ

ပေါ့ပါးတဲ့ငှက်မွေးလေးတွေ




တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ သူ့အိမ်နီးချင်းဖြစ်သူကို စော်ကားမော်ကားပြောဆိုခဲ့တယ် ။ အချိန်အတော်ကြာလာတဲ့အခါ သူဟာ သူ့အမှားကို မြင်ပြီးနားလည်လာခဲ့တယ် ။ ဒါကြောင့် သူဟာ တရားဟော ဆရာဆီသွားပြီး သူ့အပစ်တွေကို ဘယ်လို ချေဖျက်ရမလဲလို့မေးခဲ့တယ် ။ တရားဟောဆရာက သူ့ကို ငှက်မွှေးတွေတွေထည့်ထားတဲ့အိတ်ကို ယူစေပြီးလယ်ကွင်းပြင်မှာ ငှက်မွှေးတွေပစ်ချဖို့ပြောတယ် ။

လယ်သမားက တရားဟောဆရာပြောခဲ့တဲ့အတိုင်း ငှက်မွှေးတွေကို လိုက်စုပြီး အိတ်တစ်အိတ် နဲ့ထည့်ပြီးလယ် ကွင်းပြင်အလယ်ရောက်တဲ့အခါ ငှက်မွှေးတွေကို ပစ်ချလိုက်တယ် ။ ပြီးတော့ တရားဟောဆရာ ဆီပြန်လာခဲ့ တယ် ။ ဆရားဟောဆရာက ဆက်ပြောတယ် ။ “ အဲဒီငှက်မွှေးတွေကို ပြန်စုပြီး အိတ်ထဲပြန်ထည့်လို့ ယူလာခဲ့ပါ ” လယ်သမားလည်း တရားဟောဆရာပြောတဲ့အတိုင်း လယ်ကွင်းပြင်ထဲပြန်သွားပြီး ငှက်မွှေးတွေကို လိုက်စုပြီးထည့်ခဲ့တယ် ။ ဒါပေမယ့် သူ မလုပ်နိုင်ခဲ့တော့ဘူး ။ ငှက်မွှေးတွေဟာ လေတိုက်လို့ အဝေးကို လွင့်သွားကြပါပြီ ။ သူဟာ အိတ်ဗလာနဲ့ တရားဟောဆရာဆီပြန်ရောက်လာခဲ့တယ် ။

တရားဟောဆရာကပြောတယ် ။

“ အခုဖြစ်တဲ့အဖြစ်အပျက်ဟာ သင်ပြောခဲ့တဲ့စကားတွေနဲ့ အတူတူပါပဲ သင်ဟာ စကားလုံးတွေကို လွယ်လွယ်ကူ ကူ လွှတ်ချပြီးပြောဆိုခဲ့ပေမယ့် အဲဒီစကားလုံးတွေကို သင်ပြန်ပြီး အဖတ်ဆယ်လို့မရတော့ဘူး ။ ဒါ့ကြောင့် စကားလုံးတွေကို သုံးဖို့ ရွေးချယ်တဲ့ နေရာမှာ အထူးဂရုပြုဖို့လိုပါတယ် ” လယ်သမားလည်း တရားဟောဆရာရဲ့ သင်ကြားမှုကို နားလည်သဘောပေါက် သွားခဲ့တယ် ။

------------------------------------------

လူတော်တော်များများဟာ စကားပြောတဲ့အခါ ရှေ့နောက်မစဉ်းစားပဲ ငှက်မွှေးတောင်လေးတွေ အိတ်ထဲ ကနေပစ် ချသလို လက်လွတ်စပယ်ပြောဆိုတတ်ကြတယ် ။ ဒါပေမယ့် အဲဒီစကားလုံးတွေကို ကျွန်တော် တို့ ပြန်သိမ်းဆည်းလို့မရတော့ဘူး ။ ပြန်နှုတ်ယူလို့မရတော့ဘူး ။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် တပါးသူရဲ့ ထိခိုက်နစ်နာမှုကို ဘယ်လိုအရာနဲ့မှ ပြန်ကုသလို့မရနိုင်ဘူး ။ စကားလုံးတွေဆိုတာ ပေါ့ပါးတဲ့ ငှက်မွှေးတောင်လေးတွေ နဲ့တူပါတယ် ။ ပြောရတာ လွယ်သလောက် ပြန်လည်သိမ်းဆည်းဖို့အရမ်းခက်တယ် ။

စကားပြောဆိုတဲ့အခါ တပါးသူအပေါ် ထိခိုက်သွားမလားဆိုပြီး အရင်စဉ်းစားဖို့လိုသလို ပေါ့ပေါ့ဆဆ မပြောမိဖို့လည်းအရေးကြီးတယ် ။ ဘာရယ်မဟုတ်ဘူးပြောလိုက်တဲ့စကားတစ်ခွန်း ၊ ဘာရယ်မဟုတ် ဘူး ပြုမူ လိုက်တဲ့ အပြုအမူတစ်ခုက လူတစ်ယောက်ရဲ့ ဘ၀ကို ပျက်ဆီးစေနိုင်ပါတယ် ။ “ ကြမ်းပေါက်ကနေ လူကျွံရင်နှုတ် လို့ရနိုင်ပေမယ့် စကားကျွံရင်တော့နှုတ်လို့မရဘူး ” ဆိုတဲ့ အသိလေးကို ရင်ဝယ်ပိုက် ထားကြဖို့လိုပါတယ် ။

သက်တန့်ချို
SPOKEN WORDS CAN'T BE RETRIEVED အားခံစားဘာသာပြန်သည် ။

Sunday, September 9, 2012

ငါးဖမ်းသမားနှင့် သူဌေးကြီး

ငါးဖမ်းသမားနှင့် သူဌေးကြီး



တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်တစ် ပင်အောက် မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့ နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဌေးကြီး တစ် ဦးရောက် လာပြီး ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ ဆေးလိပ်ထိုင်သောက်နေသလဲလို့မေးပါတယ် ။ အဲဒီတော့ ငါးဖမ်း သမားက ဒီနေ့အတွက် လုံလောက်တဲ့ငါးဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း ပြန်ပြောတယ် ။

သူဌေးကြီးဟာ ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ် ။

“ ဘာကြောင့်နောက်ထပ်ငါးတွေမဖမ်းပဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ ”
“ ကျွန်တော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”
“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ အဲဒီအခါ မင်း ငါး ဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ငွေတွေထပ်ရလာတဲ့အ ခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ ပြီးတော့ ငါးဖမ်းလုပ် သားတွေခေါ် ယူရမယ် ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းငါ့လို လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမှာပေါ့ ”
“ သူဌေးကြီးဖြစ်လာတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဟ .. အဲဒီအခါ မင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးနေလို့ရပြီပေါ့ ”
“ အခုရော ... ကျွန်တော်ဘာလုပ်နေတယ်လို့ ထင်ပါသလဲ သူဌေးမင်းခင်ဗျား ”

###############################

              ဘ၀မှာ ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့အတွက် နက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ စောင့်စရာမလိုပါဘူး ။ ပျော်ရွှင်ချင် ယုံသက်သက်သာဆိုရင်တော့ သင် ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး ။

ဘ၀ ဆို ယခု အချိန်လေးပဲလေ --- သင် အပြည့်အ၀ ပျော်ရွှင်နိုင်ပါတယ် ။

လူတချို့ကပြောတယ် “ ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါရဲ့ တကယ့်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး ဒါပေမယ့် ငါ့လိုအင် ဆန္ဒတွေရဲ့ အနည်းငယ်မျှသာ ဖြစ်တယ် ” တဲ့ ။

ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး ။

“ သင့်ရဲ့ ယခုအချိန် လေးပါပဲ ”


သက်တန့်ချို
March 5-2012

Stephen ရေးသားသော Enjoy your life at every moment အား ဘာသာပြန်ခံစားသည် ။