အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...
Showing posts with label ညီမလေးဖတ်ဖို့(သက်တန့်ချိုထံမှ). Show all posts
Showing posts with label ညီမလေးဖတ်ဖို့(သက်တန့်ချိုထံမှ). Show all posts

Wednesday, September 5, 2012

ညီမလေးဖတ်ဖို့ (၉)

ညီမလေးဖတ်ဖို့ (၉)



ညီမလေးရေ -- နေလို့မှ ကောင်းရဲ့လား ညီမလေးဆီ စာလည်းမရေးဖြစ်တာအခုဆို လပေါင်းများစွာကြာခဲ့ပြီပေါ့ ။ အလုပ်တွေက တစ်ဖက် ၀ါသနာပါတဲ့ စာပေခရီးကတစ်ဖက် နဲ့ တို့တွေ ခရီးတွေသွားနေလိုက်ကြတာ ။ သူများတွေကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ပန်းတိုင် ဆိုတာ ထားကြတယ် ညီမလေးရေ ။ အကိုကတော့ ဒီလိုမဟုတ်ပါဘူး ။ ကိုယ့်မှာ Limit ဆိုတဲ့ ဒီလောက်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူးလေ ။ အကိုဟာ သွားနိုင်သမျှ သွားမယ် ရောက်နိုင်သမျှ ရောက်အောင်သွားမယ် ရိုးရိုးလေးပါပဲ ။ ဒီတစ်ခေါက် ညီမလေးအတွက်ရေးပေးတဲ့စာမှာတော့ ညီမလေးအတွက် အသုံးဝင်မယ် ထင်တဲ့အချက်အ လက်လေးတွေ ကို တတ်နိုင်သမျှ စီရီလို့ စာတစ်ပုဒ်အဖြစ်ချရေးပေးလိုက်ပါတယ် ။ အခုရက်ပိုင်း မိုးကလည်း အရမ်း ကို သည်းနေတာပေါ့ ညီမလေးရယ် ။

ညီမလေးရေ မင်းရဲ့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကြင်ကြင်နာနာဆက်ဆံပေးပါ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဘာလို့ မင်းနဲ့ မိတ်ဆွေဖြစ်ရသလဲ မင်းနဲ့ ရန်သူဖြစ်ရသလဲဆိုတဲ့ အချက်အလက်တွေအကုန်လုံးကို မင်းမသိနိုင်တဲ့အတွက်ဖြစ်တယ် ။ တခါတလေ မင်းမှန်တယ်လို့ ကိုယ့်ဖက်ကနေထင်နေတဲ့အရာတွေဟာ သူတပါးဖက်ကကြည့်ရင်တော့ မှားနေတတ်တယ်မဟုတ်လား ။ ဒါကြောင့် လူဆိုတာ ကိုယ့်ဖက်က တစ်ဖက် တည်းဘယ်တော့မှ မကြည့်ရဘူးလို့ ဆိုခဲ့ကြတာပေါ့ ။

ညီမလေးရေ ဘ၀ဆိုတာ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ ခရီးရှည်ကြီးတစ်ခုပေါ့ ။ အဲဒီခရီးရှည်ကြီးထဲ ကိုယ်တစ်ယောက် တည်းစ တင်လျှောက်လှမ်းတော့မယ်ဆိုတာနဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲ စရာတွေ လည်းမ လွဲမသေ ကြုံတွေ့လာရလိမ့်မယ် ။ ဒါတင်ဘယ်ကလိမ့်မလဲ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့ တိုက်ပွဲတွေ လည်း မင်းဆင်နွှဲရလိမ့်မယ် ။ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ဘ၀ခရီးရှည်ကို လျှောက်လှမ်းဖို့အတွက် ညီမလေးမှာ ယုံကြည်မှု တွေ မေတ္တာတရားတွေ ခံနိုင်ရည်ရှိမှုတွေနဲ့ တွေးတောနားလည်နိုင်မှု ဆင်ခြင်သုံးသပ်နိုင်မှုတွေ အများကြီးလိုအပ်တယ်မဟုတ်လား ။

ညီမလေးဖတ်ဖို့ (၈)

ညီမလေးဖတ်ဖို့ ( အပိုင်း ၈)




သို့

ညီမလေးရေ . . . နိုဝင်ဘာလရဲ့ အေးစက်မှုဟာလည်း တစ်ရက်ထက်တစ်ရက် တိုးတိုးပြီး လောကကြီးထဲ မသိမ သာလေး ၀င်ရောက်လာခဲ့တယ် ။ ရာသီအကူးအပြောင်းမို့ လူတွေဟာ နေလို့ထိုင်လို့ သိပ်မကောင်းကြဘူး ။ ဖျားနာ မှုတွေနဲ့ တို့ကမ္ဘာကြီးဟာလည်း တကယ်တော့ “ အိုမင်း” နေပါပြီ ။ ကမ္ဘာတ၀ှမ်းမှာ ဘေးဒုက္ခတွေ ဆိုက်ရောက်ကြ ။ ဟိုနေရာမှာ ရေတွေလွှမ်း ဒီနေရာမှာ တောင်တွေပြို ပင်လယ်ဒီရေတွေမြင့်တက်လာခဲ့ကြ ။ ဘာကြောင့်များ တို့ကမ္ဘာကြီးက ဒီလို ၀ဋ်ဆင်းရဲတွေ ခံနေကြရပါလိမ့် ။ သေသေချာချာ စဉ်းစားကြည့်ရင်တော့ တို့ကမ္ဘာကြီးကို ဖျက်ဆီးတာ တို့လူသားတွေပဲပေါ့ ညီမလေးရယ် ။ ညီမလေးစဉ်းစားကြည့်ပါ ။ လူတွေဟာ ကိုယ့် အတ္တ ကိုယ့်ကိုယ်ကျိုးအတွက် ဆို ကမ္ဘာမြေကိုတောင် စတေးဖို့ ၀န်မလေးကြတဲ့ ကြောက်မက်ဖွယ် လူသားတွေ ဖြစ်လာကြပြီ ။ ကမ္ဘာကြီးရဲ့ အပူရှိန်ဟာလည်း တဖြေးဖြေးမြင့်သထက်မြင့်တက်လာခဲ့တယ် ။

ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေက စက်ရုံကြီးတွေ ဆောက် ၊ ပြီးရင် ကာဗွန်ဒိုင်အောက်ဆိုက်လို့ခေါ်တဲ့ ဓါတ်ငွေ့ တွေကို ထုတ်လွှတ်ကြတယ် ။ တို့ကမ္ဘာကြီးရဲ့ လေထုနဲ့ ရေထုကို ညစ်ညမ်းခြင်းတွေဖြစ်စေကြတယ် ။ Chemical တွေနဲ့ အဆိပ်အတောက်တွေကို ပင်လယ်တွေ မြစ်တွေထဲ စွန့်ပစ်ကြလို့ ငါးတွေရေသတ္တ၀ါတွေ အစုလိုက်အပြုံလိုက်သေကြတယ်ဆိုတဲ့ သတင်းတွေ နေရာအနှံ့ကြားနေရတယ် ။ နိုင့်ထက်စီးနင်း အနိုင်ကျင့် မှုတွေနဲ့ မေတ္တာတရားခေါင်းပါးလာကြတဲ့ လူသားတွေရဲ့ လူ့ဘ၀ ဆိုတာကြီးက တကယ်ပဲနေပျော် ဖို့မှကောင်းရဲ့လားလို့ အကိုတော့တခါတခါတွေးမိတယ် ။ ညီမလေးရေ . . အင်တာနက်စာမျက်နှာတစ်ခုမှာ တလော က သတင်းလေးတစ်ခုဖတ်လိုက်ရတယ် ။ ကလေးလေးတစ်ယောက်ကို ကားတိုက်သွား တာ ကို ဘေး နား ကနေ စာနာမှုကင်းမဲ့တဲ့ နှလုံးသားနဲ့ အပြုံးမပျက် ဖြတ်သွားကြတယ်ဆိုတဲ့ လူမဆန်မှုတွေ အကြောင်း ။ ဘယ်လို နှလုံးသားတွေနဲ့များ သူတို့ နေစိမ့်ခဲ့ကြတာပါလိမ့် ။ တို့တတွေဟာ ကမ္ဘာကြီးအပေါ် အတူတူ ခိုလှုံနေကြတဲ့ လူသားတွေ ပီပီ အဒီလောက်ကြီးအထိတော့ မေတ္တာတရား မခေါင်းပါးသင့်ကြဘူးလို့ အကိုတော့ မြင်မိတာပါပဲ ။ အခုနောက်ပိုင်းလူတွေဟာ ပိုပိုပြီး သူစိမ်းဆန်လာကြတယ်ညီမလေး ။ နေရာ တကာ ခေါင်းပုံဖြတ်မှုတွေနဲ့ လူသားအချင်းချင်း နွေးထွေးကြင်နာတဲ့ အပြုအမူလေးတွေဆိုတာ တကယ့်ကို ရှားပါး တဲ့အရာတစ်ခုဖြစ်လာကြပြီ ။

Tuesday, September 4, 2012

ညီမလေးဖတ်ဖို့ ( ၇)

ညီမလေးရေ...မိုးတွေသည်းနေတယ်





(၁)

ညီမလေးရေ...
မိုးတွေသည်းနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..ညီမလေး..
ခပ်ရေးရေးပုံဖော်မိတဲ့အတွေးထဲ..
နွေးနွေးထွေးထွေးမှရှိရဲ့လား ..

(၂)

ညီမလေးရေ...
ဘ၀ဆိုတာ..ဆုတောင်းယုံတစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါအရာတစ်ခုမဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်

(၃)

တချို့တွေကရိုင်းတယ်
ကောက်ကျစ်တဲ့ မာယာမျက်နှာဖုံးတွေနဲ့
အပြုံးချိုချိုတွေ ကိုယ်စီချိတ်ဆွဲလို့
သိုးတွေလို ဖြူစင်နေပြတယ်
ငါ့... ညီမလေးရေ
ခေတ်..စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ကိုယ့်ဘ၀ကိုယ် မမေ့ဖို့ပဲလိုတယ်


(၄)

ညီမလေးဖတ်ဖို့ ( ၆)

ညီမလေးဖတ်ဖို့ ( ၆)





ညီမလေးရေ...ဇွန်လရဲ့ နောက်ဆုံးရက်သတ္တပတ်မှာ မိုးတွေဟာ အုံ့အုံ့သည်းသည်းရွာသွန်းနေလေရဲ့ ။ လမ်း မပေါ်မှာလည်း ရေတဖွေးဖွေး လူတွေဟာ ဟိုမှ ဒီ ၊ ဒီမှဟိုကို သုတ်သီးသုတ်ပြာနဲ့ သွားလာနေကြတယ် ။ တခါတခါတော့လည်း စဉ်းစားမိတယ် ညီမလေးရေ ...တို့တွေမွေးဖွားလာရခြင်းရဲ့ ပန်းတိုင်ဆိုတာကိုပေါ့ ။ တချို့ရဲ့ ပန်းတိုင်က ဆရာဝန်ကြီးဖြစ်ဖို့ တချို့ကလည်းသူဌေးကြီးဖြစ်ဖို့ တချို့ကလည်းအောင် မြင်ကျော်ကြား ချင်လို့ တချို့ကလည်း ချစ်သူနဲ့အတူနေရဖို့တဲ့ ...ရယ်စရာတော့အကောင်းသားညီမလေးရေ ..တကယ့်ပန်း တိုင်အစစ်ဟာ သေဆုံးခြင်းဆိုတဲ့အရာကို လူတွေက ဖြစ်ချင်တာတွေ လုပ်ချင်တာတွေနဲ့ ဖုံးအုပ်ပြီး မေ့လျော့ပေါ့ဆနေကြတယ် ။ ဟုတ်တယ် တို့တတွေရဲ့ပန်းတိုင်ဟာ သေဆုံးခြင်းပဲ ညီမလေးရေ ။ ဒီတော့ မသေခင်အချိန်လေးမှာ ဖြတ်သန်းရမယ့်နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိဖို့သာ လိုတာပါ ။ ကြီးကြီးမာားးကြီးတွေတွေးမနေပါနဲ့ ညီမလေးရေ တကယ်တော့ဘ၀ဆိုတာ နေ့စဉ်ကိုယ်လုပ်တဲ့အလုပ် ကိုယ်ကျေနပ်ရင်ပဲ နေပျော်ဖို့ ကောင်းနေပါပြီ ။

ညီမလေးရေ ..သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားပုံရှိတယ် ။ လူရယ်လို့ ဖြစ်လာရင် သူ့အသက်အရွယ် အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမယ် ။ ဒါဟာ ဘယ်သူကမှပေးအပ်ထားတာမဟုတ်ဘူး ။ သဘာဝတ ရားကြီးက ပေးအပ်ထားတဲ့ တာဝန်သာလျှင်ဖြစ်တယ် ။ အသက် ၁၆ နှစ် ၁၇ နှစ်ဟာ အိမ်ထောင်ပြုသားမွေး လုပ်ရမယ့် အရွယ်မဟုတ်ဘူး ။ ပညာရှာရမယ့်အရွယ်ဖြစ်တယ် ။ ၂၂ နှစ်မှသည် ၂၅ နှစ်အတွင်း အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးအချိန်ဖြစ်တယ် ။ ၂၂ နှစ်ကျော်သွားရင်တော့ ပန်းလေးတစ်ပွင့်ဟာ ရင့်မှည့်ချိန်လွန်လာပါပြီ ။ အခု ၂၁ ရာစုမှာတော့ ၃၀ ကျော်မှ အိမ်ထောင်ပြုနေတာတွေကိုလည်း တွေ့နေရတာပါပဲ ။ ဆိုးကျိုးကတော့ အသက်ကြီးမှ အိမ်ထောင်ပြုတဲ့အတွက် ကလေးယူဖို့ အခက်ကြုံလေ့ရှိတယ် ။ အခက်အခဲအ များကြီးတွေ့ ရလေ့ရှိတယ် ။ မိခင်တစ်ယောက်အနေနဲ့ အန္တရယ်ရှိတဲ့ risk တွေအများကြီးရှိတယ် ။

ညီမလေးရေ ... အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုဖို့ လိုအပ်လာပြီဆိုရင် အိမ်ထောင်ရေး သဘော တရားတွေကို နားလည်ဖို့လိုလာပြီ ။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဒီလိုဖတ်ဖူးတယ် ။

Sunday, September 2, 2012

ညီမလေးဖတ်ဖို့ (၅)

ညီမလေးဖတ်ဖို့ (၅)




သို့..........

          ညီမလေးရေ ... ပူပြင်းတောက်လောင်တဲ့ နွေရာသီကြီးမှာတောင်မှ အချိန်အခါမဟုတ် မိုးက တအုန်းအုန်း ရွာနေ လိုက်တာ မိုးတွင်းကြီးအတိုင်းပါပဲ ။ ရာသီဥတုတွေဖောက်ပြန်တော့ လူတွေလည်း ကျန်းမာရေးတွေ ချို့တဲ့ ရောဂါ ဘယတွေ ၀င်နဲ့ အတော်လေးကို ဒုက္ခရောက်ကြရတာပေါ့ ။ ညီမလေးရော နေကောင်းပါရဲ့လား ။ ဒီတစ်ခေါက် စာလေးမှာလည်း ညီမလေးအတွက် သိမှတ်ဖွယ်ရာလေးတွေနဲ့ ဘ၀ ဆိုတဲ့ တိုက်ပွဲလေး အကြောင်း ကို တွေးမိတာလေးတွေကို စာရွက်ဖြူလေးပေါ် ချရေးပေးလိုက်ပါတယ် ။

            ညီမလေးရေ ..။ တစ်ချို့ကပြောကြတယ် ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းတယ်တဲ့ တစ်ချို့တော့ ဘ၀ဆို တာ ချောမွေ့ နေတဲ့ ပန်းခင်းလမ်းကြီးပါတဲ့ ။ ဒီလိုပါပဲ ဘယ်အကြောင်းအရာမဆို လူတွေက ရှူထောင့်မျိုးစုံ က မကြည့်ကြပဲ မိမိဖက်က (ကိုယ်မြင်နေရတဲ့) အပိုင်းကနေချဲ့ပြီး မှတ်ချက်တွေ ချလေ့ရှိတယ် ။ တကယ်တော့ ဘ၀ဆိုတာ တို့တွေ ဖြတ်သန်းခဲ့ကြရတဲ့ ၊ ဖြတ်သန်းနေရတဲ့ ၊ ဖြတ်သန်းရတော့မယ့် နေ့ရက်တွေပဲမဟုတ်ပါလား ။ တို့တွေအား လုံးဟာ ဆိုးတာတွေလည်း ကြုံခဲ့ရသလို ကောင်းတာတွေလည်း ကြုံခဲ့ရတယ် ။ ပျော်ရွှင်စ ရာတွေတွေ့ ရင် ဟားတိုက်ရယ်မောမိသလို ၀မ်းနည်းစရာတွေတွေ့ရင်လည်း မျက်ရည်တွေဖြိုင် ဖြိုင်ကျပြီး ငိုကြွေးခဲ့ကြရတယ် ။

               ညီမလေးရေ တကယ်တော့ ဘ၀ဆိုတာ သူ့ဘာသာသူ အစီစဉ်တကျဖြစ် ပျက်နေတဲ့ Program ကြီးတစ်ခုဖြစ်တယ် ။ အဲဒီအစဉ်ထဲမှာ နေသား တကျမဖြစ်ပဲ ဘေးချော်သွားတဲ့လူတွေကတော့ ကြမ်းတမ်းတဲ့ ဘ၀ကိုရရှိပြီး အစီအစဉ်တကျ အလိုက်သင့်စီးမျောနိုင်တဲ့သူကတော့ သာမန်မဆိုးဝါးတဲ့ ဘ၀ကိုရရှိတာပေါ့ ။ ဒီနေရာမှာ တစ်ခုပြောရဦးမယ် ။ ကြမ်းတမ်းတဲ့ဘ၀ကို ညီမလေးအနေနဲ့ ဘယ်လိုခံ ယူထားပါသလဲ ။ ဥပမာ ငယ်ငယ်လေးကတည်းက ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ နေရတာကို ကြမ်းတမ်း တယ်လို့ဆို လိုတာလား ။ ဒါမှမဟုတ် သူများတွေကားစီးနိုင်လို့ ကိုယ်မစီးနိုင်သူများတွေ ဖုန်းကိုင်နိုင်လို့ ကိုယ်မကိုင်နိုင်တာကို ကြမ်းတမ်းတယ်လို့ ဆိုလိုတာလား ။

Saturday, September 1, 2012

ညီမလေးဖတ်ဖို့ (၄)

ညီမလေးဖတ်ဖို့ (၄)




       ညီမလေးရေ...နှစ်တွေလည်းတစ်နှစ်ပြီးတစ်နှစ်ပြောင်းလို့....နှစ်သစ်တစ်နှစ်ကိုရောက်ရှိလာခဲ့ပြန်ပြီ။အ သက်တွေ ကြီး လာ တာနဲ့အမျှ တို့တွေအားလုံး ဘယ်လောက်များ ရင့်ကျက်ခဲ့ကြပြီလဲ ။ ဘ၀ ဆိုတဲ့အရာကို လူတိုင်း လူတိုင်းက ကိုယ်ကြုံတွေ့ခဲ့တဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်တတ်
ကြတယ်...ညီမလေးရေ....အဆင်ပြေချော့မွေ့ခြင်းဟာလူတိုင်းလိုချင်တောင့်တကြတဲ့အရာဖြစ်ပေမယ့်အခက်အခဲဆိုတာကလည်း တို့တွေ ချွန်မြလာစေမဲ့ ဓါးတစ်လက်သာဖြစ်တယ် ။ တို့တွေအား လုံးလျှောက် ခဲ့ကြတဲ့ လမ်းတွေတလျှောက် ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်ရအောင် ။ ဆိုးတာတွေ ဘယ်လောက် များ လုပ်ခဲ့ကြပြီးပြီလဲ ။ ကောင်း တာတွေ ဘယ်လောက် များ လုပ်ခဲ့ကြပြီးပြီလဲ ။

ညီမလေးရေ...ပန်းတိုင်းမှာ အလှကိုယ်စီရှိကြတယ် ။ ပန်းခြံထဲက တယုတယ စိုက်ပျိုးထားတဲ့ ပန်းပွင့်ဟာ လှပသ လို တောတောင်ထဲက ဘယ်သူမှ ပြုပြင်ဖန်တီးထားခြင်းမရှိတဲ့ ပန်းရိုင်းလေးတွေမှာလည်း သူ့အလှနဲ့ သူရှိကြ တယ် ။ ဒါပေမယ့် အဲဒီပန်းကလေးတွေရဲ့ တန်ဖိုးဟာ သူ့ရဲ့အလှ အပတင်မဟုတ်ပဲ လောကကြီးအတွက် ဘယ်လောက် များအလှဆင်ပေးနိုင်မလဲ ၊ အသုံးဝင်မလဲဆိုတာနဲ့အန္တရာယ်ရှိမရှိ ဆိုတာတွေအပေါ် မူတည် တယ်လေ ။ ညီမလေး...နှင်းဆီတစ်ပွင့်ရဲ့ တန်ဖိုးဟာ သူ့ရဲ့လှပတဲ့ပွင့်ဖတ်ပွင့်ချပ်တွေမဟုတ်ဘူး ။ အန္တရာယ်တွေကနေ သူ့ကိုယ်သူကာကွယ်ပေးမဲ့ချွန်ထက်ထက် ဆူးချွန်တွေသာဖြစ်တယ် ။ အဲဒီလိုပဲ မိန်းကလေး တစ်ယောက်ရဲ့တန်ဖိုးဟာလည်း အပေါ်ယံအရေပြားအလှအပက အဓိကမကျဘူး ညီမလေးရေ...။ ဒါတွေဟာ မတည်မြဲတဲ့အရာတွေသာဖြစ်တယ် ။ မိန်းကလေးတစ်ယောက်ရဲ့ တကယ့်အစစ်အမှန်တန်ဖိုးဟာ အသိပညာ ၊ အတတ်ပညာ၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ခံယူချက်သဘောထားတွေသာဖြစ်တယ် ။ အဲဒီခံယူ ချက်တွေမှာ လူတစ်ဖတ်သားအပေါ်နားလည်ခွင့်လွှတ်ပေးနိုင်မှု ၊ သနားကြင်နာမှုနဲ့ မေတ္တာစေတနာ ထားခြင်းတွေ ပါဝင်တယ် ။ ညီမလေးလည်း တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်အောင်ကြိုးစားပါ ။ နေထိုင်ပါ ။ ဖြတ်သန်း ပါကွယ်...။

ညီမလေးရေ...လောကမှာ ဒေါင်းယောင်ဆောင်သောကျီးတွေအများကြီးရှိကြတယ် ။ တကယ်တော့ ကိုယ်ဟာ ဒေါင်းဖြစ်စေ ၊ ကျီးဖြစ်စေ ရှက်နေဖို့မလိုအပ်ပါဘူး ။ ကိုယ်ဟာ သူဌေးဖြစ်နေ လို့ဘ၀င်မြင့်ဖို့မလို အပ်သလို ဆင်းရဲနေလို့လည်း အားငယ်ရှက်ရွံ့နေစရာမလိုအပ်ဘူးလေ ။ဘ၀မှာ ပျော်စရာတွေ ချည်းကြုံကောင်းကြုံရလိမ့်မယ် ။ ၀မ်းနည်းစိတ်ညစ်စရာတွေချည်းပဲလည်း ကြုံကောင်းကြုံရလိမ့်မယ် ။ ဒါပေမယ့် ညီမလေးမှတ်ထားဖို့က လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် ရွေးချယ်ခွင့်မရှိဘူး ။ ကိုယ်ဖြစ်နေ တဲ့ကြုံတွေ့ နေရတဲ့ အရာဟာ ကိုယ့်ဘ၀သာလျှင်ဖြစ်တယ် ။ လူတစ်ချို့ဟာ ယဉ်ကျေးတယ် ။ တစ်ချို့ဟာ ရိုင်းစိုင်းတယ် ။ တစ်ချို့ကကောက်ကျစ်တယ် ။ တစ်ချို့က ယုတ်မာတယ် ။ လူတွေနဲ့ ဆက်ဆံ တာများ လာလေလေ တစ်ယောက်အကြောင်းတစ်ယောက်သိလေလေပါပဲ ။ "Few words are best" တဲ့ညီမလေး ။
စကားနည်းခြင်းဟာလည်း အကောင်းဆုံးအရာပါပဲ ။

Friday, August 31, 2012

ညီမလေးဖတ်ဖို့ (၃)

ညီမလေးဖတ်ဖို့ (၃)




သို့

ညီမလေးရေ...

အခုရက်ပိုင်းအတွင်းမိုးကလည်းမစဲတော့ပဲ သည်းသည်းမဲမဲကို ရွာနေတော့တာပဲကွယ် ။ ဒီတစ်ညလုံး ထုံးစံ အတိုင်းပေါ့ မိုးကတဖွဲဖွဲလေး ရွာနေပြန်တယ်လေ ။ မိုးတွေရွာနေလို့ ကောင်းကင်ကြီးက မဲမှောင်မှိုင်း ညှို့နေ ပေမယ့် လမင်းကြီးကိုတော့ ရေးရေးလေး တွေ့နေရတယ်ကွဲ့ ။ေ၀၀ါးနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်း ညီမလေး အတွက် စာတစ်စောင်ကိုရေးလိုက်ပါတယ် ။ ဒီတစ်ခါ ပထမဆုံးပြောချင်တာကတော့ မိန်းကလေး တွေသိသင့်တဲ့ ယောင်္ကျားအမျိုးအစားတွေပေါ့ကွယ် ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို ယောင်္ကျား အမျိုး အစားတွေလည်း အများကြီးရှိသကွဲ့ ။ အကြမ်းဖျင်းအားဖြင့် ၄ မျိုးရှိတယ်လို့ မှတ်ထားလိုက်ပါ ညီမလေး ။

၁ ။ ခြင်္သေ့ကဲ့သို့ ယောင်္ကျား

အရမ်းကိုပဲ တည်ကြည်ရဲဝံ့ပြီး မိမိအပေါ် နှစ်နှစ်ကာကာ ချစ်ခင်လေးစားလေ့ရှိတယ် ။ အန္တရာယ်တစုံတရာ အသက် ဘေးနဲ့ကြုံတွေ့တာတောင်မှ ဘယ်တော့မှ သစ္စာမဖောက်ပဲ မိမိကြင်သူအပေါ် အသက်စွန့်ပြီး ကာကွယ် ပေးလေ့ရှိတယ် ။ ယောင်္ကျားဝတ္တရားငါးပါးနဲ့ အညီနေထိုင်သလို မိမိရဲ့ပါရမီဖြည့်ဖက်အပေါ် လေးနက် တည်ကြည်တဲ့စိတ်ထားရှိသူပေါ့ကွယ် ။ ညီမလေးသာ အဲဒီလို ယောင်္ကျားမျိုးနဲ့ဆုံတွေ့ခဲ့ရရင် တစ်သက်လုံး လက်တွဲ မဖြုတ်ပဲ ခိုင်ခိုင်မြဲမြဲ လက်တွဲလိုက်ပါ ။ ညီမလေးအကျိုးကိုသာ လိုလားတဲ့ ယောင်္ကျားမြတ် အမျိုးအ စားဖြစ်ပါတယ် ။

၂ ။ မျောက်ကဲ့သို့ ယောင်္ကျား

ဒီလို ယောင်္ကျားမျိုးဟာ မျောက်လို့ ဆိုသကဲ့သို့ အငြိမ်မနေတတ်ပေဘူး ညီမလေးရေ ။ မျက်လုံးကလည်း အလွန်ကစားပြီး တစ်ကိုင်းပြီးတစ်ကိုင်းသာရာကို ကူးလေ့ရှိတယ် ။ မိန်းကလေးတစ်ယောက်ကို အတည်တကျ တွဲလိုတဲ့ စိတ်ထားမရှိပဲ ချောတဲ့နောက် ကောက်ကောက်ပါအောင်လိုက်လေ့ရှိတယ် ။ ကိုယ်က ဘယ်လောက်ပဲ သစ္စာရှိရှိ သူကတော့ အမြဲတမ်း သစ္စာဖောက်နေမှာပါပဲ ။ ဒီလို ယောင်္ကျားမျိုးနဲ့ဆုံဆည်းရရင်တော့ ဝေးဝေးက ရှောင်ပေတော့ ညီမလေးရေ ။

၃ ။ မြေခွေးကဲ့သို့ယောင်္ကျား

Wednesday, August 29, 2012

ညီမလေးဖတ်ဖို့ (၂)

ညီမလေးဖတ်ဖို့ (၂)



သို့

ညီမလေးရေ...

မိုးတွေကလည်း အုံ့အုံ့သည်းသည်း ကောင်းကင်တခွင်လုံး မှောင်မှိုင်းညှို့လို့....။ မိုးစက်သံတွေ တဖြောက် ဖြောက်ကိုငေးရင်း ညီမလေးအတွက် စာတစ်ပုဒ်ကို ရေးလိုက်ပါတယ် ။ တို့တွေနေထိုင်တဲ့ လောကကြီးက တခါတ ခါတော့လည်း ရီချင်စရာ အကောင်းသားကွဲ့ ။ ဖြစ်ချင်တဲ့ ဘ၀မှာထက် ဖြစ်နေတဲ့ ဘ၀မှာပဲ အသား ကျစီးမျောနေရသူတွေ ကိုယ်သွားချင်နေတဲ့လမ်းထက် သွားသင့်တဲ့လမ်းကို ရွေးချယ်လိုက်ရသူတွေ အို... ဒုနဲ့ဒေးပေါ့ ။ အဲဒီလို ထော်လော်ကန့်လန့်နဲ့ ဘ၀ဆိုတဲ့ အင်္ကျီကြီး ၀တ်ပြီး ခပ်တည်တည် ချီတက်နေကြတဲ့ လူသား တွေထဲမှာ တို့တွေလည်း အပါအ၀င်ပေါ့ ။ အခုဆို ညီမလေးဟာ အသက် ၂၀ ၀န်းကျင်ဆိုတော့ လောက ကြီးအကြောင်း ဘာမှမသိသေးတဲ့ သူငယ်နှပ်စားလေး တယောက်မဟုတ်သလို လောကကြီးအကြောင်း နောကြေ အောင်သိတဲ့ လူကြီး တစ်ယောက်လည်း မဟုတ်ပြန်ဘူး ။ ဒါပေမယ့် ဒီအရွယ်ဆိုတာ လောကမှာ ဘယ်လို ခံယူချက်တွေကို လိုက်နာ ကျင့်သုံးရမလည်းဆိုတဲ့အတွေးတော့ စပြီးကိန်းဝပ်နေသင့်ပြီပေါ့ ။

လောကကြီး ဟာ တကယ်တော့ ပဉ္စလက်ဆန်တယ် ညီမလေးရေ ။ မျက်လှည့်ပြတာလည်း သိပ်ကို ကျွမ်းကျင်ပေါ့ ။ တခဏလေးအတွင်းမှာပဲ အရမ်းချမ်းသာတဲ့ လူတစ်ယောက်ကို ၀ုန်းကနဲ ဆင်းရဲသား လေး ဖြစ်အောင် ဆင်းရဲသားလေးတစ်ယောက်ကို ၀ုန်းကနဲ ချမ်းသာသွားအောင် ကျန်းမာနေတဲ့ လူတစ်ယောက်ကို စက္ကန့်ပိုင်း အတွင်း ရောဂါတွေ ဖိစီးလာအောင် သူကစွမ်းဆောင်ပေးနိုင်တယ် ညီမလေး.. ။ ဒါ့ကြောင့် တချို့ကပြောတာပေါ့ ။ လောကကို အရွဲ့မတိုက်နဲ့ လောကအမှန်တရားဆိုတာ ရှိတယ်တဲ့ ။ စိတ်ထားကောင်းပြီး ခံယူချက်မှန်တဲ့ လူကို လောကတရားက စောင့်ရှောက်လေ့ရှိသလို စိတ်ထားယုတ်ညံ့ပြီး ခံယူချက်မမှန်တဲ့ လူကို လောကတရားက ဒါဏ်ခတ်လေ့ရှိတယ် ။ အဲဒီသဘောတရားနဲ့ ပတ်သတ်ပြီး ညီမလေးကို အကိုဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ် ။ နား မျက်စိနဲ့ ခံစားတာထက် နှလုံးသားနဲ့ ခံစားပေးပါညီမလေး ။

Tuesday, August 28, 2012

ညီမလေးဖတ်ဖို့ (၁)

ညီမလေးဖတ်ဖို့ (၁)




သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့