ညီမလေးဖတ်ဖို့ (၅)
သို့..........
ညီမလေးရေ
... ပူပြင်းတောက်လောင်တဲ့ နွေရာသီကြီးမှာတောင်မှ အချိန်အခါမဟုတ် မိုးက
တအုန်းအုန်း ရွာနေ လိုက်တာ မိုးတွင်းကြီးအတိုင်းပါပဲ ။
ရာသီဥတုတွေဖောက်ပြန်တော့ လူတွေလည်း ကျန်းမာရေးတွေ ချို့တဲ့ ရောဂါ ဘယတွေ
ဝင်နဲ့ အတော်လေးကို ဒုက္ခရောက်ကြရတာပေါ့ ။ ညီမလေးရော နေကောင်းပါရဲ့လား ။
ဒီတစ်ခေါက် စာလေးမှာလည်း ညီမလေးအတွက် သိမှတ်ဖွယ်ရာလေးတွေနဲ့ ဘ၀ ဆိုတဲ့
တိုက်ပွဲလေး အကြောင်း ကို တွေးမိတာလေးတွေကို စာရွက်ဖြူလေးပေါ်
ချရေးပေးလိုက်ပါတယ် ။
ညီမလေးရေ
..။ တစ်ချို့ကပြောကြတယ် ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းတယ်တဲ့ တစ်ချို့တော့ ဘ၀ဆို
တာ ချောမွေ့ နေတဲ့ ပန်းခင်းလမ်းကြီးပါတဲ့ ။ ဒီလိုပါပဲ ဘယ်အကြောင်းအရာမဆို
လူတွေက ရှူထောင့်မျိုးစုံ က မကြည့်ကြပဲ မိမိဖက်က (ကိုယ်မြင်နေရတဲ့)
အပိုင်းကနေချဲ့ပြီး မှတ်ချက်တွေ ချလေ့ရှိတယ် ။ တကယ်တော့ ဘ၀ဆိုတာ တို့တွေ
ဖြတ်သန်းခဲ့ကြရတဲ့ ၊ ဖြတ်သန်းနေရတဲ့ ၊ ဖြတ်သန်းရတော့မယ့်
နေ့ရက်တွေပဲမဟုတ်ပါလား ။ တို့တွေအား လုံးဟာ ဆိုးတာတွေလည်း ကြုံခဲ့ရသလို
ကောင်းတာတွေလည်း ကြုံခဲ့ရတယ် ။ ပျော်ရွှင်စ ရာတွေတွေ့ ရင်
ဟားတိုက်ရယ်မောမိသလို ၀မ်းနည်းစရာတွေတွေ့ရင်လည်း မျက်ရည်တွေဖြိုင်
ဖြိုင်ကျပြီး ငိုကြွေးခဲ့ကြရတယ် ။
ညီမလေးရေ တကယ်တော့ ဘ၀ဆိုတာ
သူ့ဘာသာသူ အစီစဉ်တကျဖြစ် ပျက်နေတဲ့ Program ကြီးတစ်ခုဖြစ်တယ် ။
အဲဒီအစဉ်ထဲမှာ နေသား တကျမဖြစ်ပဲ ဘေးချော်သွားတဲ့လူတွေကတော့ ကြမ်းတမ်းတဲ့
ဘ၀ကိုရရှိပြီး အစီအစဉ်တကျ အလိုက်သင့်စီးမျောနိုင်တဲ့သူကတော့
သာမန်မဆိုးဝါးတဲ့ ဘ၀ကိုရရှိတာပေါ့ ။ ဒီနေရာမှာ တစ်ခုပြောရဦးမယ် ။
ကြမ်းတမ်းတဲ့ဘ၀ကို ညီမလေးအနေနဲ့ ဘယ်လိုခံ ယူထားပါသလဲ ။ ဥပမာ
ငယ်ငယ်လေးကတည်းက ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ နေရတာကို ကြမ်းတမ်း
တယ်လို့ဆို လိုတာလား ။ ဒါမှမဟုတ် သူများတွေကားစီးနိုင်လို့
ကိုယ်မစီးနိုင်သူများတွေ ဖုန်းကိုင်နိုင်လို့ ကိုယ်မကိုင်နိုင်တာကို
ကြမ်းတမ်းတယ်လို့ ဆိုလိုတာလား ။
ညီမလေးရေ ငယ်ငယ်လေးကတည်းက
ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာ တို့တွေလုံးဝပြုပြင် ဖန်တီးလို့မရ တဲ့
မွေးရာပါ အမွေတွေပဲဖြစ်တယ် ။ တစ်ချို့ ဒါကို ကျေးဇူးရှင်မိ ဘတွေကို စော်ကား
တတ်ကြသေး တယ်ညီမလေး ရေ ။ အမေတို့ ကြောင့် အဖေတို့ကြောင့် ကျွန်တော်တို့
ဒီဘ၀မှာ ဆင်းရဲရတာ ကျွန်တော်တို့သာ သူဌေးမကြီးတစ်ဦး ဗိုက်ထဲဝင်စားခဲ့ရင်
အခုချိန်သူဌေးသားလေးဖြစ်နေမယ်ဆိုသတဲ့ ။ ညီမလေးရေ .. အဲဒီလိုပြောကြေးဆိုရင်
မိဘတွေဗိုက်ထဲကို ၀င်စားဖို့ တို့တွေက ရွေးချယ်ခဲ့တာလား သူတို့က လာကွာမင်း
ငါတို့နဲ့အတူလာနေဆိုပြီး ရွေးချယ်ခဲ့ကြတာလား ။ အမှန်တော့ တို့
ဘာသာရေးအရဆိုရင် အရာအားလုံးဟာ ကံကံ၏အကျိုးတရားတွေပဲညီမလေးရေ ။ မိဘတွေဟာ သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေ ကလည်း မိဘတွေကို ရွေးချယ်ခွင့်မရှိဘူး ။
ရေစက်ပါတဲ့
ကံတရားတွေနဲ့ တို့တွေဟာ ဒီကမ္ဘာကြီး ပေါ်က ဒီနိုင်ငံလေးပေါ် ဒီမြို့
ဒီရပ်ကွက် ဒီအိမ်လေးထဲမှာ အတူလာရောက် အမျိုး တော်စပ်နေကြရတာဖြစ်တယ် ။
ညီမလေးရေ တို့တွေ နေထိုင်ရမယ့် ရက်တွေကို လက်ချိုးရေတွက်ကြည့်ပါ ။ ကြောက်စ
ရာကောင်းလောက်အောင် နည်းပါးတာကို တွေ့ရလိမ့်မယ် ။ ဒီအတောအတွင်း တို့တွေ
လုပ်စရာတွေ လုပ်သင့် တာတွေအ ကုန်လုပ်ခဲ့ကြပြီးပြီလား ။ တို့တွေဟာ
လူသားတစ်ဦးအနေနဲ့ ဘာတွေကို တာဝန်ကျေခဲ့ပြီးပြီလဲ ။ မိဘအပေါ် ၊
သူငယ်ချင်းအပေါ် ၊ မိတ်ဆွေအပေါ် ၊ ဆရာသမားအပေါ် စသဖြင့်ပေါ့ ။
ပြန်တွေးကြည့်ပါဦး ညီမလေးရေ ။
ညီမလေးရေ... လူဆိုတာ
အမှားနဲ့မကင်းနိုင်တဲ့ အမျိုးဆိုတာ ညီမလေး လက်ခံရလိမ့်မယ် ။ ငယ်ငယ်လေး
ကတည်းက မမှားဖူးတဲ့လူဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး ။ ဒါပေမယ့်
အဲဒီကိုယ်လုပ်ခဲ့တဲ့အမှားကို လက်ခံပုံခြင်း ကျတော့ တစ်ဦးနဲ့တစ်ဦး
မတူကြဘူးညီမလေးရေ ။ တစ်ချို့ က အမှားလေးတစ်ခု လောက်လုပ်ပြီးတာနဲ့
ငါလုပ်ခဲ့တာတော့မှားသွားပါပြီ နောင်တရပါပြီ စသဖြင့် ယူကြုံးမရဖြစ်ဘူး
တမှိုင်မှိုင်တထွေထွေနဲ့ ငေးတွေးနေပြီး အင်းနောက်တော့လည်း
တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ပါပဲကွာဆိုပြီး အမှားတွေ ကို
ဆက် တိုက်လုပ်လေ့ရှိတယ် ။ အဲဒီလိုလူမျိုးဟာ အဖတ်ဆယ်မရတဲ့
လူအမျိုးအစားလို့ခေါ်တယ် ။ နောက်တစ် မျိုး ကတော့ အင်း
ငါလုပ်ခဲ့တာမှားနေပါလား အင်းငါ နောက်ဆက်ပြီးမမှားတော့ဘူးဆိုပြီး
ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ပြီး ရှေ့ဆက်မမှားတော့ပဲ နေထိုင်လေ့ရှိတယ် ။
ဒီလိုလူမျိုးကတော့မဆိုး
ဘူး ။ သူက အမှားကို အမှားမှန်းတော့ သိတယ်ဒါပေမယ့် အမှန်ပြင်လား
ဆိုတော့လည်း မဟုတ်ဘူး နောက်မမှားရင်ပြီးတာပဲဆိုပြီးအေးအေး လူလူ
ပဲနေလေ့ရှိတယ် ။ နောက်ဆုံးတစ်မျိုး ကတော့ အင်း ငါလုပ်ခဲ့တဲ့အလုပ်ဟာ
မှားနေတယ် ဘယ်နေရာတွေမှာမှားနေလဲ ငါအဲဒါကို ရှေ့ဆက်မ မှားရအောင် ပြန်ပြင်ရ
မယ်ဆိုပြီး မိမိမအမှားကို ပြန်သုံးသပ်ပြီး အမှန်ကိုပြင်လို့ ဘ၀ကို
လျှောက်လှမ်းကြတယ် ။ ဒီလိုလူမျိုး ကတော့အတော်ဆုံးပေါ့ ။
ကဲ..ညီမလေးရော အမှားတစ်ခုခုလုပ်ပြီးရင် အမှားကို ဘယ်လိုပုံစံမျိုး
နဲ့လက်ခံပြီး ဘယ်လိုလူအမျိုးအစားထဲမှာ ပါဝင်ချင်ပါသလဲ ။
ညီမလေးရေ
... လူတွေဟာ ကိုယ်အတိတ်မှာကြုံရတဲ့ အရာတွေကို တချိန်ချိန်မှာ
အပြစ်ပြန်တင်လေ့ရှိကြတယ် ။ ငါတော့မှားပါပြီ ငါအဲဒီတုန်းက အဲဒီလို
မလုပ်ခဲ့ရင်ကောင်းသား ကွာ အခုတော့ ဒီလိုဖြစ်နေရတယ် စသဖြင့် လူတွေ ဟာ
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်းအချိန်တွေကုန်ဆုံးနေကြရတယ် ။ တကယ်တော့
မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း ဆိုတာ လူညွှန့်တုံးစေတဲ့အပြုအမူတစ်ခုပဲညီမလေးရေ
။ လူဟာ အတိတ်မှာ ကြုံခဲ့သမျှအရာတွေ ကို
ဒါတွေအားလုံးဟာ အခြေအနေနဲ့အချိန်အခါ အရဖြစ်ပျက်ခဲ့တာပဲ ။ အဲဒီတုန်းက
အဲဒီလို အခြေအနေပေးခဲ့လို့ ငါ ဒီလိုလုပ်ခဲ့တာစသဖြင့် မိမိကိုယ်ကိုယ် အပြစ်မ
တင်ပဲ ဖြေသိမ့်နိုင်ရမယ် ။ ညီမလေး အဲဒီလို ပြန်တွေးကြည့် တဲ့အခါ
ကိုယ်လုပ်ခဲ့တဲ့အရာမှန်သမျှဟာ အခြေအနေနဲ့အချိန်အခါပေးလို့
လုပ်ခဲ့တာချည်းပဲဆိုတာ သိလာလိမ့် မယ် ။ အဲဒီအခါမှာ မိမိကိုယ်ကိုယ်အပြစ်တင်မှု
လျော့နည်းလာပြီး စိတ်ဟာလည်း ကြည်လင်လန်း ဆန်းလာပါ လိမ့်မယ် ။
ညီမလေးရေ
... ကြောင်ကလေးတွေဟာ သူတို့ တာဝန်ဖြစ်တဲ့ သခင်ကို
ပွတ်သီးပွတ်သပ်ပြုလုပ်ခြင်း ကြွက် ခုတ်ခြင်း စတဲ့ တာဝန်တွေကြေကြတယ် ။
ခွေးကလေးတွေဟာလည်း အိမ်ကိုလုံအောင်စောင့်ပြီး သူခိုးအန္တရာယ် မှ
ကာကွယ်ပေးခြင်းဖြင့် တာဝန်ကျေကြတယ် ။ ကဲ တိရိစ္ဆာန်လေးတွေတောင် မိမိတာဝန်
ကျေကြတယ်ဆိုရင် တို့ လူသားတွေရော ဘာတာဝန်တွေကျေပြီးပြီလဲ ။ အနည်းဆုံးတော့
လူပီသမှုဆိုတဲ့ အရာကိုတော့ တာဝန်ကျေရလိမ့်မယ်ညီမလေးရေ ။ တို့တွေဟာ
အသိဥာဏ်ပြည့်ဝ ရင့်သန်တဲ့ လူသားတွေဖြစ်တယ် ။ စိတ်ရူးစိတ်မူး
တွေနောက်ကို မလိုက်ပဲ ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုရင် ဒါငါလုပ်သင့်သလား ၊
ငါလုပ်လို့ သင့်တော်ရဲ့ လား စသဖြင့် အကျိုးအကြောင်း အဆိုးကောင်းကို
ဝေဖန်ပိုင်းခြားနိုင်ရမယ် ။ ဒီလိုမှမဟုတ်ပဲ မိမိစိတ်အာရုံခံစားမှု
တစ်ခုတည်းနောက်ကိုလိုက်ပြီး မှားသည်မှန်သည် မခွဲခြားပဲ
ဆုံးဖြတ်လုပ်ဆောင်မယ်ဆိုရင် တို့တွေဟာ တိရိစ္ဆာန်တွေနဲ့ဘာမှမထူးခြားတဲ့
လက်နှစ်ချောင်းခြေနှစ်ချောင်း ခေါင်းတစ်လုံးပါသော သတ္တ၀ါတွေ သာ
ဖြစ်လိမ့်မယ် ။
လူသားဆန်မှုဆိုတဲ့နေရာမှာ
အများကြီးအကျုံးဝင်တယ်ညီမလေးရေ ။ မစော်ကားသင့်တဲ့ လူကို မစော်ကားရဘူး ၊
မလိမ်သင့်တဲ့လူကိုမလိမ်ရဘူး ၊ သတ္တ၀ါတွေကို မညှင်းဆဲရဘူး ၊ မိဘဘိုး ဘွားတွေ
ကို မစော်ကားရဘူး ၊ တစ်ဦးနဲ့တစ်ဦး
ယုတ်မာကောက်ကျစ်ကုန်းချောမှုတွေမလုပ်ရဘူး ၊ သူတစ်ပါးစိတ်ဆင်း ရဲမှုဖြစ်စေမယ့်
အရာတွေမလုပ်ရဘူး ၊ မိမိစိတ်ချမ်းသာဖို့အတွက် လူအများ စိတ်ဆင်းရဲရမယ့်
ကိစ္စမလုပ်ရဘူး ၊ မေတ္တာတရားနဲ့ အရာအားလုံးကိုခွင့်လွှတ်သည်းခံပေးရမယ် ၊
လူလူချင်းရိုင်းပင်းကူညီရမယ် စသဖြင့် အများ ကြီးဆိုတော့ ရေးမယ်ဆိုရင်
ရေးလို့ကုန်မယ်မထင်ဘူး ညီမလေးရေ .. ။ ။
ညီမလေးရေ ..
မေတ္တာတရားဆိုတာဟာလည်း တို့ကမ္ဘာမြေကြီးအတွက် အလွန်ကို လှပတဲ့ ရောင်စဉ်လေး
တစ်ခုပဲဖြစ်တယ် ။ မေတ္တာ မှာ လူတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေကျတဲ့
အချစ်လိုမျိုး ရယူလိုမှု အတ္တတွေ ရမ္မက်တွေ ရာဂမီးတွေ ပူပြင်းမှုတွေ မပါဘူး
ညီမလေးရေ ။ အေးငြိမ်းသန့်စင်ပြီး တစ်ပါးသူ အပေါ် ကောင်းကျိုးအစဉ်လိုလားတဲ့
အေးမြတဲ့ စိတ်အလျှင်လေးတစ်ခုသာဖြစ်တယ် ။ ဒါကို လူတွေ က ရောထွေး ပြီး
မတူညီတဲ့အအေးနဲ့အပူကို ရောခေါ်ပြီး ချစ်ခြင်းမေတ္တာလို့ သုံးနှုန်းကြတယ် ။
အချစ်မှာ အသွားအပြန် ရှိတယ်ညီမလေးရေ ။ ကိုယ်က ချစ်မိပြီဆိုရင်သူ့ဆီက
အချစ်ကိုပြန်လိုချင်လာရော ၊ မရရင်လည်း ပူဆွေးသော ကတွေရောက်ပြီး ပရိဒေဝ
မီးတွေ တောက်လောင်လေ့ရှိကြတယ် ။ မျက်ရည်တွေဖြိုင်ဖြိုင်ကျ
မစားနိုင်မသောက်နိုင်နဲ့ ဘယ်လောက်တောင်ဆိုးဝါးတဲ့ စိတ်ခံစားမှုတစ်ခုပါလဲ ။
အဲ..မေတ္တာ ဆိုတာကတော့ အဲဒါနဲ့ပြောင်းပြန်ပေါ့ကွယ် ။ကိုယ်ကမေတ္တာထားလိုက်လို့
ကိုယ့်အပေါ်မှာ ပြန်ပြီး မေတ္တာထားပါစေဆိုတဲ့ စိတ်မျိုး လောဘမျိုးမရှိဘူး ။
သူ့ဖက်က တုံ့ပြန်လာမယ့် response ကို မျှော်ကိုးတဲ့စိတ်မျိုးမရှိဘူးပေါ့ ။
ဒါကြောင့် မေတ္တာတရားကို လက်ကိုင် ထားပါညီမလေးရေ ။
ဘ၀မှာ
အခက်အခဲတွေကြုံရတိုင်းလည်း စိတ်မ ပျက်စေနဲ့ ။ အစီအစဉ်တ ကျဖြစ်ပျက်နေတဲ့
လောကကြီးမှာ အလိုက်သင့်စီးမျောနိုင်အောင်ကြိုးစားပါ ။ မိမိကိုယ် ကိုယ်လည်း
အပြစ်မတင် ပါနဲ့ ။အ မှားကိုသိရင်လည်းအမှန်ပြင်ပြီးလျှောက်လှမ်းနိုင်တဲ့
လူပီသသော ညီမလေး တစ်ယောက်ဖြစ် ပါစေလို့ ဆုတောင်းပေးရင်
းအဆုံးသတ်လိုက်ပါတယ်ကွယ်.. ။
ရေလိုအေး၍ ပန်းလို လန်းပါစေ ညီမလေးရေ ...။
သက်တန့်ချို
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...