အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။ မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။ ။ (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
မင်္ဂလာပါခင်ဗျာ..... အခုလို ကျွန်တော့် ဘလော့ကိုလာလည်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်.... နောက်လည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်....မိတ်ဆွေများကျန်မာရွှင်လန်းကြပါစေ..... လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...........မင်္ဂလာအပေါင်းနဲ့ပြည်ဝကြပါစေ...

Saturday, September 15, 2012

ညီမလေးသို့..(ထိကရုံးစိတ်)

ညီမလေးသို့..(ထိကရုံးစိတ်)



             ညီမလေးရေ..ကိုကြီးတို့မောင်နှမတွေ အေးအေးဆေးဆေး မတွေ့ဖြစ်ကြတာ နှစ်တွေတောင် အတော်ကြာသွားပြီနော်...ညီမလေး နေရာကောင်းရဲ့လား...ကိုယ့်ကိုကိုယ် လည်းဂရုစိုက်ဦးနော်..
 တကယ်တော့ တို့ဟာ လူသားတွေကြားမှာနေထိုင်ကြတဲ့..လူသားတွေပဲဖြစ်တယ်။လူဆိုတာ ..သိပ်ကြောက်စရာကောင်းကြတယ်..။.ညီမလေးရော..တွေးမိရဲ့လား..လူတွေအကြောင်းကိုလေ့လာပါ၊မဝေဖန်နဲ့။
သုံးသပ်ခြင်းမျိုးပဲလုပ်စေချင်တယ်...မိမိကိုယ်ကိုပဲ ဝေဖန်ပြီး သိအောင်ကြိုးစား...အရာအားလုံးကို သည်းခံပြီး..မေတ္တာထားတတ်အောင်သင်ယူနော်..ဘယ်အရာကိုမှ..အပြစ်မရှာမိစေနဲ့..ကိုယ့်ရဲ့ အပြစ်ကိုပဲ မြင်အောင်ကြည့်ပါ..။
       
                 ညီမလေးရေ....သည်းခံခြင်းနှင့်ပတ်သက်လို့..ကိုကြီး ဥပမာလေးတစ်ခုပြောပြမယ်နော်...
ထိကရုံးပင်လေးတွေကို ညီမလေးသိတယ်မလား..ကိုကြီးတို့ ငယ်ငယ်က အိမ်ခြံဝန်းထဲမှာ..အလုအယက် ကစားခဲ့ကြတဲ့ အပင်လေးတွေလေ...တခါတခါ အားပါပြီး အပင်လေးတွေကို အတင်းဆုတ်ကိုင်မိလို့..ဆူး အစူးခံရတာတွေရောမှတ်မိသေးလား..ကိုကြီးကတော့..မှတ်မိနေတုန်းပဲ.. ကလေးဘ၀က ပျော်စရာကောင်းပါတယ်.ညီမလေးရယ်.အပူအပင်တွေလည်း မရှိခဲ့ကြဘူးလေ...ထားလိုက်ပါ အတိတ်မှာ ကျန်ခဲ့ပြီလေ..
       

                ကိုကြီးပြောချင်တာက..အဲဒီ အပင်လေးတွေရဲ့ စိတ်ဓာတ်ကိုပဲ..သေသေချာချာ စဉ်းစားကြည့်နော်..
ဘယ်လောက်တောင် အတုယူဖို့ကောင်းလည်း ဆိုတာ..။သူတို့ကို လာထိသွားလိုက် ၊လာစသွားလိုက်၊
ခြေထောက်နဲ့ မထိတထိကန်သွားလိုက် စတာတွေ ဘယ်လိုပဲ လုပ်လုပ်..သူတို့သည်းခံတက်ကြတယ်...
မာနတွေ ၊မာန်တွေလည်းဘားတခုမှ မပြကြဘူးလေ..။အမြဲ ညှိုးနွမ်းသယောင်နဲ့ သည်းခံပြီးနေတက်ကြတယ်..ညီမလေးရော သတိထားမိလား...ဒါဟာ ကိုကြီးအလေးစားဆုံး အချက်ပဲ..
       
                  ဒီလိုမှ မဟုတ်ဘဲ..ထိကရုံးပင်လေးတွေကို..သိသိသာသာကြီး..လက်နဲ့ ဆုတ်ကိုင်ဖျက်ဆီး ပစ်လိုက်မယ်ဆိုရင်တော့..ဆူးစူးခံရမှာသေချာတယ်..သူတို့မှာလည်း သည်းခံနိုင်မှု အတိုင်းအတာ ရှိမယ်ထင်ပါတယ်...သားရေကွင်းလေးတွေလိုပေါ့...လိုအပ်တာထက်ပိုပြီး..ဆွဲဆန့်လိုက်မယ်ဆိုင်ရင်..
ပျက်သွားတက်ကြတယ်မလား..ဒီသဘောပဲပေါ့....ဒီလောက်ဆို ညီမလေး ဆက်ပြီး စဉ်းစားလို့ရလောက်ပါပြီ နော်...

              ညီမလေးရေ..ကိုကြီးပြောချင်တာက..ဘယ်လောက်ပဲ ကိုယ့်ကို မကောင်းပြောနေပါစေ..သည်းခံပြီးနေပေးပါ...ကိုယ်ထိလက်ရောက် စော်ကားလာရင်တော့ တစ်မျိုးပေါ့..သူတပါးမကောင်းကြောင်းကို.. ဘယ်နေရာ၊ဘယ်အချိန်၊ဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် မပြောမိစေနဲ့..တစ်ပါးသူရဲ့ကောင်းတဲ့ အချက်ကိုတော့...ချီးကျူးစကားပြောဖို့ ဘယ်တော့မှ မမေ့ရဘူး..
အရာရာတိုင်းကို မေတ္တာထားပေးပါ..။မာန်မာန ဟာ သည်းခံခြင်းရဲ့ အဓိက ရန်သူပဲ ညီမလေး..မာန်မာန မထားပါနဲ့...ထိကရုံးပင်လေးတွေထက် ပိုကောင်းတဲ့ စိတ်ဓာတ်ရအောင် ကြိုးစားနေပေးပါ...ညီမလေးရေ..အမြဲပြုံးနေနော်..စိတ်ပါလက်ပါပြုံးပါ...ဒါဆို အရာရာ အဆင်ပြေလာလိမ့်မယ်..ပြုံးခြင်းဟာ..ဘ၀တိုက်ပွဲ အတွက် လက်နက်ကောင်းတစ်ခုပဲ..

                 ညီမလေး..အမြဲပျော်ရွှင်ပြီး..အရာရာတိုင်းအပေါ်သည်းခံပြီး မေတ္တာထားနိုင်တဲ့..
သူလေးတစ်ယောက်ဖြစ်ပါစေလို့..ကိုကြီး ဆန္ဒပြုပါတယ်..

ကိုကြီး

မှတ်ချက်။   ။
                           ကျွန်တော် ဒီစာစုလေးကို ကိုယ်တိုင်ခံစားရေးထားတာပါ...အရေးအသား အရ အမှားအယွင်းရှိခဲ့လျှင်သည်းခံပြီးဖတ်ပေးကြပါ...ဝေဖန်ပေးကြပါ...အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။

ဘ၀အမောများ ပြေပျောက်နိုင်ကြပါစေ...
ဝေလင်းကျော်
  

No comments:

Post a Comment

ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...