တစ်ခါက မိတ်ဆွေနှစ်ယောက်တောလမ်းတစ်ခုကို ဖြတ်ပြီးခရီးသွားနေတုန်း ၀က်ဝံကြီးတစ်ကောင်ရုတ်တရက် ပေါ်လာတယ်။ ဒီအခါမှာ အဲဒီမိတ်ဆွေနှစ်ယောက်တည်းက တစ်ယောက်က သစ်ပင်ပေါ်သို့ လျင်လျင်မြန်မြန် တက်ပြေးပုန်းနေတယ်။ ကျန်ခဲ့တဲ့ မိတ်ဆွေကတော့ ၀က်ဝံကြီးရန်က လွတ်အောင် မပြေးသာတော့တာနဲ့ မြေကြီးပေါ်လဲချပြီး သေချင်ဟန်ဆောင်နေလိုက်တယ်။ ၀က်ဝံကြီးဟာ အဲဒီ သေချင်ဟန်ဆောင်နေသူနားရောက်လာပြီး နှာခေါင်းနဲ့ထိုးနမ်းပြီး အနံ့ခံကြည့်တယ်။ သူလည်း ကြောက်ကြောက်နဲ့ အသက်အောင့်ထားတာပေါ့။ ၀က်ဝံဆိုတာ လူသေကို ဘာမှ ရန်မပြုတက်ဘူးလို့ ဆိုတယ်။ ၀က်ဝံကြီးက အဲဒီ လူရဲ့ မျက်နှာကို ကပ်ပြီး စူးစမ်းကြည့်တော့ သေနေတယ်ပဲ ထင်သွားတာပေါ့။ ဒါနဲ့ပဲ ၀က်ဝံကြီးလဲ ပြန်ထွက်သွားရော..သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ မိတ်ဆွေ က ဆင်းလာပြီး သေချင်ဟန်ဆောင်နေတဲ့ မိတ်ဆွေနားသွားပြီး မေးလိုက်တယ်.." မင်းနား ကပ်ပြီး ၀က်ဝံကြီး က ဘာတွေ တိုးတိုးတိက်တိက် ပြောသွားတာလဲ" တဲ့။ဒီတော့ သေချင်ဟန်ဆောင်နေတဲ့ မိတ်ဆွေက " အခက်အခဲ နဲ့ဘေးရန်ကြုံတဲ့ အခါမျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေမျိုး၊ ကိုယ်လွတ်ရုန်းသွားတတ်တဲ့ မိတ်ဆွေမျိုးနဲ့ နောင်ကို ဘယ်တော့မှ ခရီးမသွားနဲ့လို့ ပြောသွားတယ်" လို့ ပြောလိုက်တယ်..တဲ့။
ဟုတ်ပါတယ်..။အဆင်ပြေနေတုန်း အခက်အခဲတွေ ဒုက္ခတွေ မကြုံတွေ့ရခင်တုန်းမှာ ပြေပြေလည်လည် ဆက်ဆံနေတဲ့သူကို "မိတ်ဆွေ" လို့ပြောရခက်ပါတယ်။ အခက်အခဲနဲ့ ကြုံမှပဲ မိတ်ဆွေ ဟုတ်၊ မဟုတ် သိရမှာပါ။ကိုယ်လွတ်ရုန်းပြေးတက်သူလား၊ ကိုယ်ဘေးမှာ မားမားမတ်မတ် ရပ်တည်ပေးနိုင်သူလား သိရမှာပါ။။
မိတ်ဆွေများလည်း ရှာကြည့်ပါနော်..အတွေးအခေါ်ပညာ ရှင်ကြီး ဒိုင်အိုဂျီးနီးစ် လို နေ့ခင်းကြောင်တောင် မီးအိမ်ဆွဲပြီး မိတ်ဆွေကောင်းရှာ ရမဲ့ အတိုင်းပဲ..။ရှာကြည့်ပါ..။ အခုခေတ်မှာ တော့ အရူးလို့ အထင်ခံရမှာ အသေအချာပါပဲ...။။
ရွှင်လန်းချမ်းမြေ့ကြပါစေ....
ဝေလင်းကျော်
No comments:
Post a Comment
ကျေးဇူးပြု၍ တစ်ခုခု ပြောပေးသွားပါ...